အေစီ ဆက်ဦးဆောင်ချိန်မှာ ခြေလှမ်းမှားတဲ့ အင်တာ ၊ အဆင့် ၄ ကနေ ၄ မှတ်ဖြတ်လိုက်တဲ့ အာဆင်နယ် ၊ ဂိုး ၃၀ ကျော်သွားတဲ့ လီဝန်ဒေါ့စကီး တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

အီတလီ စီးရီးအေ ကတော့ ဆက်လက်ပြီး အကြိတ်အနယ် ရှိနေပါတယ် ။ မနေ့ညက ကစားခဲ့တဲ့ ပွဲတွေ မှာတော့ အေစီမီလန် က အဝေးကွင်းမှာအမှတ်ပေး ဇယား ကို ဆက်လက် ဦးဆောင် နေပါတယ် ။

နာပိုလီ ကလည်း ဗစ်တာ အိုဆင်ဟမ်း ရဲ့ သွင်းဂိုး ၂ ဂိုး နဲ့ နိုင်ပွဲ ရခဲ့ပြီး အေစီ ကို ဆက်လက် ဖိအားပေး နေပါတယ် ။

ဒါပေမယ့် အင်တာ မီလန် ကတော့ သရေ ကျသွားခဲ့တာကြောင့် အေစီ နဲ့ ၆ မှတ် ကွာသွားခဲ့ပါပြီ ။ အင်တာ လက်ထဲမှာ ကစားဖို့ တပွဲ ကျန်နေသေးတာကြောင့် ချန်ပီယံလုပွဲထဲမှာ ဆက်ပြီး ရှိနေသေးတယ်လို့ ပြောရမှာ ဖြစ်ပါတယ် ။

အင်္ဂလန် ပရီးမီးယားလိဂ် မှာတော့ အာဆင်နယ် ဟာ အက်စတွန် ဗီလာ ကို အဝေးကွင်းမှာ လူငယ်လေး ဆာကာ ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင် ကစားပြီး အဆင့် ၄ နေရာကနေ အောက်က အသင်းကို ၄ မှတ် အထိ ဖြတ်ထား လိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

FA Cup မှာတော့ ချဲလ်ဆီး ဟာ မစ်ဒယ်ဘရော့ အသင်းကို ၂-၀ နဲ့ အနိုင် ကစားပြီး ဆီမီး ဖိုင်နယ် အဆင့်ကို တက်လှမ်း သွားခဲ့ ပါတယ် ။ ချဲလ်ဆီး အတွက် ဂိုးတွေ ကိုတော့ လူကာကူ နဲ့ ဇီယက်ချ် တို့က ပထမပိုင်းမှာတင် သွင်းယူ ပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ရီးရဲ မက်ဒရစ် ဟာ ဒီတပတ် ကစားမယ့် ဘာစီလိုနာ နဲ့ El Clasico ပွဲ အတွက် ဒဏ်ရာ ပြဿနာ အချို့ ရှိနေခဲ့ ပါတယ် ။

အထူးသဖြင့် ဒီရာသီမှာ ရီးရဲ အတွက် သွင်းဂိုးရော ဖန်တီးမှုပါ အများဆုံး ပြုလုပ် ထားတဲ့ တိုက်စစ်မှူးကြီး ဘန်ဇီးမား မပါဝင် နိုင်မှုဟာ ရီးရဲ ကို အထိနာစေနိုင်ပါတယ် ။

ဒါ့အပြင် နောက်ခံလူ ဖာလန်း မန်ဒီ ဟာလည်း မာယော့ကာ နဲ့ ပွဲက ဒဏ်ရာကြောင့် လူစာရင်းမှာ ပါဝင် မလာခဲ့ပါဘူး ။

ချဲလ်ဆီး ဟာ ကြံ့ခိုင်မှု ၁၀၀% မရှိနေ နိုင်သေးတဲ့ နောက်ခံလူ ရစ်ဆီဂျိမ်းစ် ကို မလိုလားအပ်တဲ့ ဒဏ်ရာတွေ မရရှိ စေဖို့ အတွက် အင်္ဂလန် လက်ရွေးစင် အသင်း လူစာရင်း ကနေ ပြန်နှုတ်ဖို့ စီစဉ် ဆောင်ရွက် နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

PSG ဒါရိုက်တာ လီယိုနာဒို က မှားယွင်းတဲ့ ခေါ်ယူမှု လို့ ထုတ်ပြောထားခဲ့ ပေမယ့် ခံစစ်မှူးကြီး ဆာဂျီယို ရာမိုစ့် ကတော့ နွေရာသီမှာ ပြင်သစ် ကလပ် ကနေ ထွက်ခွာဖို့ စိတ်ကူး မရှိသေးဘူးလို့ သိရှိရ ပါတယ် ။

အင်တာမီလန် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကနေ နွေရာသီမှာ ထွက်ခွာဖို့ ဆုံးဖြတ် ထားတဲ့ တိုက်စစ်မှူးကြီး ကာဗာနီ ကို ခေါ်ယူဖို့ စဉ်းစား နေတယ်လို့လည်း သတင်း ကြားသိရ ပါတယ် ။

ရီးရဲ မက်ဒရစ် ကွင်းလယ်လူ ဒါနီ ဆီဘယ်လော့ ဟာ ရီးရဲ ဘက်တစ် အသင်းထံ အပြီးသတ် ပြောင်းရွှေ့ဖို့ သဘောတူညီ ခဲ့တယ်လို့လည်း သိရှိရ ပါတယ် ။

ဘိုင်ယန် တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါ့စကီး ဟာ မနေ့ညက ဘွန်ဒစ်လီဂါ ပွဲစဉ်မှာ ၂ ဂိုး သွင်းယူ ခဲ့တာကြောင့် ဒီရာသီ အမှတ်ပေး ပြိုင်ပွဲမှာ ၃၁ ဂိုး အထိ သွင်းယူ ထားနိုင်ခဲ့ပြီ ဖြစ်ပြီး ဥရောပ ရွှေဖိနပ်ဆု အတွက် နောက်တကြိမ် အားကောင်းလာခဲ့ ပြန်ပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR