အီတီဟတ်က လေ့ကျင့်ရေး အစီအစဥ်မှာ ဘယ်သူတွေကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ…

မနေ့ညကတော့ အီတီဟတ် ကွင်းထဲမှာ မန်စီးတီး အသင််းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဧည့်ခံခဲ့ပြီး မန်ချက်စတာ ဒါဘီ ဆင်နွှဲခဲ့ရာမှာ မြို့ခံပြိုင်ဖက် အပေါ် ညှာတာမှု လုံးဝ မရှိပဲ 4 ဂိုး 1 ဂိုးနဲ့ ဂိုးပြတ် အနိုင်ယူကာ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်သွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ကမ္ဘာ့အဆင့် ကွင်းလယ် ကစားသမားတွေလို့ သတ်မှတ်ခံထားကြတဲ့ ဒီဘရိုင်း ၊ ပေါ့ဂ်ဘာ နဲ့ ဘရူနို ဖာနန်ဒက်စ် တို့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အဆုံးသတ််မှာတော့ ကမ္ဘာ့အဆင့် ကွင်းလယ်လူ တစ်ဦးသာရှိခဲ့ကြောင်း ဒီဘရိုင်းက သွင်းဂိုး 2 ဂိုး ၊ ဖန်တီးမှု 1 ကြိမ်နဲ့ သက််သေပြသွားနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် စတာလင်းကို အမြဲတမ်း ဒုက္ခပေးနိုင်ခဲ့တဲ့ ဝမ် ဘစ်ဆာကာ ကလည်း ဒီနေ့ပွဲမှာ သူ့ဖက်ကချည်း ဖြတ်တင််ဘောတွေ ရောက်လာမှုကြောင့် ဂိုးတွေ ပေးခဲ့ရတဲ့ အတွက်် ယခင်က ရခဲ့တဲ့ နာမည်ကောင်းအချို့ကိုလည်း ဒီပွဲမှာ ဆုံးရှုံးလိုက်ရပြန်ပါပြီ ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဖက်မှ အားရစရာ ဖြစ်ခဲ့တာက ဒီဂီယာရဲ့ လက်စွမ်း နဲ့ ခြေစွမ်း တိုးတက်မြဲ တိုးတက်နေဆဲ ဆန်ချိုရဲ့ စွမ်းဆောင်ရည်တို့ပဲ ဖြစ်ပါတယ် ။ အဲ့တာက လွဲရင် ယူနိုက်တက် အသင်းမှ မန်စီးတီးဖက်က ပြုသမျှကို နုခဲ့ရတာချည်းပါပဲ ။

ဒီဘရိုင်း နဲ့ မာရက် တို့ အထူး တောက်ပနိုင်ခဲ့ကြတဲ့ မ​နေ့ညက မန်ချက်စတာ ဒါဘီပွဲမှ နှစ်ဖက်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြပေးလိုက်ပါတယ် ။ (MEN)

မန်စီးတီး
————–

အီဒါဆင် (7)

ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှု နှစ်ကြိမ့်ခန့် ပြုလုပ်ခဲ့တဲ့ အပြင် ဘောလုံး ပေးပို့မှုတွေကလည်း အတော်လေး တိကျကောင်းမွန်ခဲ့ပါတယ် ။

ဝေါ်လ်ကာ (7)

အသက်အရွယ်နဲ့ မလိုက်တဲ့ ကစားအား ၊ တိုက်စစ် ပံ့ပိုးမှု ၊ ခံစစ်ပိုင်း လုံခြုံမှုတွေကို ပေးနိုင်ခဲ့ပါတယ် ။ ယူနိုက်တက် နောက်ခံလူတွေ အတွက် အတုယူစရာပါပဲ ။

စတုန်း (7)

ခံစစ်ပိုင်းကို အကောင်းဆုံး ထိန်းချုပ် ကစားပြသွားနိုင်ခဲ့ပါတယ် ။ ပွဲထွက်ခွင့် တစ်နေရာ ရဖို့ ထိုက်တန်ကြောင်း ခြေစွမ်းနဲ့ သက်သေပြသွားခဲ့ပါတယ် ။

လာပေါ်တေး (7)

လိုအပ်တဲ့ အချိန်တွေမှာ ခပ်ကြမ်းကြမ်း လှုပ်ရှားဖို့ တွေဝေခြင်း ၊ ကြောက်ရွံ့ခြင်း လုံးဝ မရှိခဲ့ပါဘူး ။ ဘယ်တောင််ပံ က တိုက်စစ်ဆင်မှုတွေကို မကြာခန အစပြုပေးနိုင်ခဲ့ပါတယ် ။

ကန်ဆယ်လို (7)

ခံစစ်ပိုင်း လုံခြုံမှု အမြဲတမ်း မပေးနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ တိုက်စစ်လိုက်ပါမှုကတော့ လက်ဖျားခါစရာကောင်းလွန်းခဲ့ပါတယ် ။ Volley ကန်ချက်သာ ဂိုးဝင်ခဲ့ရင်…

ရိုဒရီ (7)

ကွင်းလယ်ကို သာသာယာယာ ထိန်းချုပ် ကစားပြသွားနိုင်ခဲ့တဲ့ အပြင် တိုက်စစ်ဆင်ဖို့ လမ်းကြောင်းတွေလည်း မကြာခန ဖောက်ပေးခဲ့ပါတယ် ။

ဘာနာဒို (8)

ဒါဘီပွဲမှာ အကောင်းဆုံး ပြန်လည် သက်ဝင်လှုပ်ရှားနိုင်ခဲ့ပါတယ် ။ ဒီဘရိုင်း အတွက် အဖိုးတန် အဖွင့်ဂိုး အစပြု ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

ဒီဘရိုင်း (9)

သက်သောင့်သက်သာ ကစားရင်းနဲ့ နှစ်ဂိုးသွင်း တစ်ဂိုး ဖန်တီးသွားနိုင်ခဲ့ ပါတယ် ။ ယူနိုက်တက် ဖက်က သူ့ကို ဘယ်လို ထိန်းရမလဲတောင် မသိနိုင် ဖြစ်ရလောက်တဲ့ထိ အထူး ကောင်းပြနိုင်ခဲ့ပါတယ် ။

မာရက်ဇ် (9)

ခံစစ် ကစားပုံ အားနည်းတဲ့ တဲလက်စ်ကို ဒုက္ခတွေပေး ၊ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်ရင်းနဲ့ နှစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။

ဂျက် ဂရီလစ်ရှ် (9)

မန်စီးတီးက ဘာကြောင့် ပေါင် သန်း 100 ပေးခဲ့ရတာလဲ ဆိုတဲ့ မေးခွန်းကို ဒီပွဲမှာ အကောင်းဆုံး အဖြေပေးသွားနိုင််ခဲ့ပါတယ် ။ စတာလင်း မကျော်နိုင်ခဲ့တဲ့ ဘစ်ဆာကာကို ဒုက္ခပေးရင်း ဂိုးတွေရရှိအောင် အစပြုပေးနိုင်ခဲ့ပါတယ် ။

ဖိုဒန် (8)

ဒုတိယဂိုး ရရှိအောင် လှလှပပလေး ပုံဖော်ပေးနိုင်ခဲ့ပါတယ် ။ အသက် 21 နှစ်လို့ မထင်ရလောက်အောင် ရင့်ကျက်မှု အပြည့်နဲ့ ကစားသွားခဲ့ပါတယ် ။

လူစားဝင် ကစားသမား…

ဂန်ဒိုဂမ် (7)

ယူနိုက်တက်
——————-

ဒီဂီယာ (6)

အလန်းစား ကာကွယ်မှုတွေ လုပ်ပြနိုင်ခဲ့ပြန်ပါတယ် ။ ဒါပေမဲ့ ပတ်ဝန်းကျင်မကောင်းလို့ 4 ဂိုးထိ ပေးခဲ့လိုက်ရပါတယ် ။

ဘစ်ဆာကာ (3)

စတာလင်းကို အိပ်ကပ်ထဲ ကောက်ထည့်ထားနိုင်ခဲ့ဖူးတဲ့ ဘစ်ဆာကာ က ဒီနေ့ ဂရီလစ်ရှ် အတွက်တော့ ကစားစရာ အရုပ် တစ်ခုလို ဖြစ်ခဲ့ရပါတယ် ။ ပေးဂိုးတွေ သူ့ဖက်က ပေါက်ထွက်ခဲ့တာချည်းပါပဲ ။

လင်ဒီလော့ဖ် (5)

ပထမဂိုးအတွက် နေရာယူပုံ မှားခဲ့သလို ဒုတိယ ပေးဂိုးမှာလည်း တုန့်ဆိုင်းနေခဲ့ပါတယ် ။ ယူနိုက်တက် ခံစစ်မှာတော့ အကောင်းဆုံး ကစားသမား ဖြစ်နိုင်ခဲ့ပါတယ် ။

မက်ဂွားယား (4)

အဖွင့်ဂိုးမှာ ပိတ်ဆို့ပုံ မကောင်း ၊ ဒုတိယဂိုးမှာ ဖိုဒန် လှည့်စားတာကိုခံ ၊ တတိယ ပေးဂိုးမှာလည်း ကစားပုံ လျော့တိလျော့ရဲ ဖြစ်ခဲ့ပြီး အဝါကဒ်လည်း ပြသခံခဲ့ရပါတယ် ။

တဲလက်စ် (5)

ပထမပိုင်းအတွင်း မာရက်ဇ်ကို အခွင့်အရေး သိပ်မရစေခဲ့ပါဘူး ။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ကစားပုံ ပိုညံ့ခဲ့ပြီး အလုပ်များသွားခဲ့ရပါတယ် ။

တော်မီနေး (5)

ပထမပေးဂိုးမှာ နှေးခဲ့ပါတယ် ။ ပြိုင်ဖက် ကွင်းလယ်လူတွေရဲ့ ထိန်းချုပ်မှုအောက် ရောက်ခဲ့ပြီး ထူးကဲတဲ့ အကျိုးသက်ရောက်မှု မပေးနိုင်ခဲ့ပါဘူး ။

ဖရက်ဒ် (5)

ပြိုင်ဖက် အသင်းသားတွေရဲ့ ခြယ်လှယ် ကစားမှုအောက်် ရောက်ခဲ့ပေမဲ့ မကြာခန တိုက်စစ်လိုက်ပါပေးခဲ့ပြီး ဂိုးသွင်းခွင့်လည်း ရနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ မထူးခဲ့ပါဘူး ။

ဘရူနို (5)

အစောပိုင်း မိနစ်တွေမှာတော့ စိတ်လှုပ်ရှားမှု အနည်းငယ်် ပေးဆောင်နိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ပြိုင်ဖက် အသင််းရဲ့ ထိန်းချုပ် ကစားမှုအောက် ရောက်သွားချိန်မှာပဲ ကစားပုံ အလွဲလွဲအချော်ချော် ဖြစ်သွားခဲ့ရပါတယ် ။

ပေါ့ဂ်ဘာ (6)

ကွင်းလယ် တိုက်စစ် ကစားသမား အဖြစ် ကစားပေးခွင့် ရခဲ့တဲ့ ပွဲစဥ်ရဲ့ ပထမပိုင်းမှာ စိတ်လှုပ်ရှားမှု အပေးနိုင်ဆုံး ကစားသမား ဖြစ်နိုင်ခဲ့ပြီး ဆန်ချို အတွက် အကွက်မြင်မြင်် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ် ။ ဒုတိယပိုင်းမှာ ပျောက်ဆုံးသွားခဲ့ပါတယ် ။

ဆန်ချို (6)

အဖွင့်ဂိုး သွင်းနိုင်ခဲ့ပြီး အခွင့်အရေး အချို့ကိုလည်း ဖန်တီိးပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဒုတိယပိုင်းမှာ ညံ့သွားခဲ့ပါတယ် ။

အီလန်ဂါ (5)

တိုက်စစ်ပိုင်းမှာ လှုပ်လှုပ်ရှားရှား ကစားပေးနိုင်ခဲ့ပြီး ဒုတိိယဂိုး ရနိုင်ခွင့်ကိုပါ ဖန်တီးပေးခဲ့ပါတယ် ။ ဒုတိယပိုင်းမှာတော့ ဆုံးဖြတ်ချက်တွေ မကြာခန မှားယွင်းခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ…

ရပ်ရှ်ဖို့ (5)
လင်ဂတ် (5)

#Sports_Myanmar