အီတလီ အနေနဲ့ ကလော့ပ် ရဲ့ စတိုင်ကို မှီငြမ်းသင့်နေပြီ လို့ တိုက်တွန်းလိုက်တဲ့ ကာပယ်လို

ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မထင်မှတ်ပဲ မြောက် မက်ဆီဒိုးနီးယား အသင်းကို ရှုံးနိမ့်ပြီး နောက်ပိုင်း အီတလီ ဘောလုံးလောကမှာ ပွက်ပွက်ညံလျှက် ရှိနေပါတယ်။

တချို့က နိုင်ငံခြား ကစားသမားတွေ လာရောက်တာ ပြန်လည် ကန့်သတ်သင့်တယ် ဆိုတာမျိုးတွေ ပြောလာကြပါပြီ။ အီတလီ ဟာ ကျဆင်းနေတဲ့ သူတို့ ရဲ့ စီးပွားရေးကို ပြန်လည် ဦးမော့နိုင်ဖို့ အတွက် နိုင်ငံခြားက ပညာရှင်တွေ ၊ ဘောလုံးသမားတွေ လာရောက် ကစားမယ် ဆိုရင် အခွန် ကင်းခွင့် မူဝါဒတွေ ချမှာကာ စည်းရုံးထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။

သို့သော် ကမ္ဘာ့ဖလား ပါ၀င် ဆင်နွှဲခွင့် ၂ ကြိမ် ဆက်တိုက် လွဲချော်ပြီး နောက်ပိုင်းမှာ လက်ရှိ ကျင့်သုံးနေတဲ့ ပေါ်လစီတွေ အပေါ် ဝေဖန်သံ ထွက်ပေါ် လာပါတယ်။

နာမည်ကြီး နည်းပြဟောင်းကြီး ဖေဘီယို ကာပယ်လို ကတော့ မတူညီ နဲ့ ရှုထောင့်ကနေ ကြည့်ပြီး အီတလီ အနေနဲ့ ကလော့ပ်ဟန် ကို အတုယူ သုံးစွဲသင့်နေပြီ လို့ အကြံပြုလိုက်ပါတယ်။

” အီတလီ ဘောလုံးလောက က ဂွါဒီယိုလာ ရဲ့ ပုံစံကို ကူးယူထားတာ ၁၅ နှစ်လောက် ရှိပါပြီ။

Vertical Pass တွေ မသုံးတော့ဘူး ၊ Physical ပိုင်းလဲ အားမပြုသလို ၊ စိန်ခေါ် ပြိုင်ဆိုင်မှုမျိုးတွေလဲ ကင်းမဲ့သွားသလိုပါပဲ။

ဒါကြောင့် တခြား တစ်ဖက်က ကြည့်မယ်ဆိုရင် ကလော့ပ် ရဲ့ စတိုင် ကို ကူယူသင့်နေပါပြီ။

အီတလီ မှာ ကလော့ပ်ကို ပုံတူကူးပြီး ကစားနေတာ ဆိုလို့ အတ္တလန္တာ တစ်သင်းပဲ ရှိပါတယ်။ သူ့တို့ရဲ့ ရလာဒ်တွေ ကြည့်လိုက်ပါဦး။

Vincenzo Italiano ကလဲ အဲဒီ ပုံစံမျိုး အကောင်ထည် ဖော်နေသလို ၊ ဂျီနိုအာ က Alexander Blessin ဆိုရင် ကလော့်ထက်တောင် ပိုပြီး ဆွဲဆောင်နေပါသေးတယ်။

ကျနော့် လေ့လာ ကူးယူရမှာ က ဂျာမဏီ မော်ဒယ်တွေကိုပါ။ စပိန် စတိုင် လိုက်ပြီး ကစားဖို့ ကျနော်တို့မှာက သူတို့လောက်ထိ နည်းစနစ်ပိုင်း အားမကောင်းပါဘူး။

ဥရောပ ပြိုင်ပွဲတွေက အမြန်နှုန်းမြင့် ကစားကြတဲ့ အနေအထားမှာ ကျနော်တို့က အဲလိုက်ထိ လိုက်တုလို့ မရပါဘူး။

အီတလီမှာ လူငယ် ကစားသမား အရေအတွက်က လုံလုံလောက်လောက် မရှိဘူးလေ။ ဒါကြောင့် လက်ရှိ သုံးနေတဲ့ ဗျူဟာတွေက လုံး၀ကို လွဲမှား ကိုက်ညီမှုမရှိတဲ့ ဗျူဟာတွေပါ။ အခုဆိုရင် အီတလီဟာ ဂိုးသမားကိုပဲ နောက်ပြန်ပေးတတ်တဲ့ အသင်းမျိုး ဖြစ်နေပါပြီ။

လူကာကူ ၊ အဗရာဟမ် ၊ အိူဆင်ဟမ် တို့ဟာ တခြားလိဂ်တွေမှာ သာမန်ပဲ ရှိပေမယ့် အီတလီမှာတော့ ဆရာကြီးတွေ ဖြစ်သွားပါတယ်။ ဒါက ဘာကြောင့်လဲ ဆိုတာ ပြန်ပြီး သုံးသပ်သင့်တဲ့ မေးခွန်းမျိုးပါ။

တစ်ခါတလေ Stats တွေ ဖတ်ရင်း ရယ်ချင်မိပါတယ်။ အဲဒီထဲမှာ key pass က ဘယ်လောက်ရှိလို့လဲ ၊ ဂိုးရဖို့ ဘယ်လောက်အထိ နီးစပ်သွားလို့လဲ ဆိုတာတော့ ဘယ်သူကမှ ဟိုက်လိုက်လုပ်ပြီး မပြောကြပါဘူး” လို့ ဝေဖန်သွားခဲ့ ပါတယ်။

သတင်းတွေ အရတော့ လက်ရှိ နည်းပြကြီး မန်စီနီဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်သည့်တိုင်အောင် ရာထူးကနေ ထွက်ခွာဖွယ် မရှိပဲ ဆက်လက် တာ၀န်ယူသွားဖွယ် ရှိနေပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ဆိုရင် မန်စီနီ ဟာ ကစားသမားတွေကို အစည်းအဝေးခေါ်ကာ အချိန်တွေ အကြာကြီး အပြန်အလှန် ဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။

SM