အိုးထရက်ဖိုဒ့် ကို ပြန်ရောက်လာနိုင်တဲ့ ဆိုးရှား ၊ ဘေးလ် ပြီးတော့ ပစ်မှတ်ထားခံလာရတဲ့ ဟာဇက် ၊ မန်စီးတီး ရဲ့ ကမ်းလှမ်းမှုကို ငြင်းလိုက်တဲ့ ဟာလန်း တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ဒေါ့မွန် အသင်းရဲ့ တိုက်စစ်မှူးလေး အာလင်း ဟာလန်း ဟာ မန်ချက်စတာ စီးတီး အသင်းက တပတ် လုပ်ခ ပေါင် ၅ သိန်း နဲ့ ကမ်းလှမ်းမှု ကို ငြင်းပယ် ခဲ့တယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

စီးတီး ဟာ အာလင်း ဟာလန်း ကို နွေရာသီမှာ ခေါ်ယူဖို့ ရေပန်း အစားဆုံး အသင်း တသင်း ဖြစ်ပြီး ရီးရဲ မက်ဒရစ် ကလည်း စီးတီး နဲ့ အပြိုင် ရေပန်းစားနေတယ်လို့ သိရပါတယ် ။

မန်စီးတီး ကနေ နွေရာသီ မှာ ထွက်ခွာဖွယ် ရှိတဲ့ တောင်ပံ ကစားသမား မာရက်ဇ် ကို ဘာစီလိုနာ က ချိတ်ဆက်မှု ပြုလုပ် လိုက်တယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

မာရက်ဇ် ကို PSG ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်း ထွက်ပေါ်နေပါတယ် ။

လီဗာပူး ဟာ ဘာစီလိုနာ နဲ့ စာချုပ်သစ် ကို ငြင်းဆန် ထားတဲ့ လူငယ် ကစားသမားလေး ဂါဗီ ရဲ့ အခြေအနေ ကို စောင့်ကြည့်နေပြီး နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာ လာပါက လက်ဦးမှု ရယူနိုင်ဖို့ ပြင်ဆင် သွားဖွယ် ရှိပါတယ် ။

စပိန် သတင်းစာတွေ ကတော့ ဘယ်လ်ဂျီယံ တောင်ပံ ကစားသမား အီဒင် ဟာဇက် ကို နောက်ထပ် ဂါရတ်ဘေးလ် တယောက်လို့ ရေးသား ထိုးနှက် သွားခဲ့ ပါတယ် ။

ဟာဇက် ဟာ ရီးရဲ မှာ ခြေစွမ်း ပျောက်ဆုံး နေပြီး ဒဏ်ရာတွေနဲ့ ရုန်းကန် နေရပေမယ့် အသင်းပြောင်းဖို့ စိတ်ကူး မရှိဘဲ စာချုပ် သက်တမ်း ရှိနေသေးသရွေ့ ( ၂၀၂၄ အထိ ) ဆက်နေ သွားဖို့ စိတ်ကူးထားတယ်လို့ သိရပါတယ် ။

အာဆင်နယ် ၊ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ အသင်း အတော်များများက စောင့်ကြည့် နေတဲ့ လေဗာကူဆင် ရဲ့ ၂၂ နှစ် အရွယ် တောင်ပံ ကစားသမားလေး မူဆာ ဒီယာဘီ ဟာ ရာသီ အကုန်မှာ အသင်းပြောင်းဖို့ စိတ်ကူး နေတယ်လို့ ကြားသိရ ပါတယ် ။

နောက်ခံလူ ကတ်ဇူးမား ရဲ့ ကြောင် ကို ကန်ကျောက်တဲ့ ပြဿနာ ဖြစ်ပွားအပြီးမှာ ဝက်စ်ဟမ်း အသင်းဟာ တိရိစ္ဆာန် အဖွဲ့အစည်း ၉ ခုကို အလှူငွေတွေ ပေးအပ် သွားဖို့ လုပ်ဆောင် နေတယ်လို့ သိရ ပါတယ် ။

လိုင်လီ အသင်းမှာ ကစားနေတဲ့ တူရကီ ဝါရင့် ကစားသမားကြီး ဘူရက် ယယ်လ်မက်ဇ် ဟာ ပေါ်တူဂီ ကို ၃-၁ နဲ့ ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလား အိပ်မက် အဆုံးသတ် ခဲ့ရတဲ့ Play-off ဆီမီးဖိုင်နယ် အပြီးမှာ နိုင်ငံ လက်ရွေးစင် အသင်းကနေ အနားယူကြောင်း ကြေညာ သွားခဲ့ပြီ ဖြစ်ပါတယ် ။

ယယ်လ်မက်ဇ် ဟာ ၂-၁ ဖြစ်နေချိန် အတွင်းမှာ သရေကျစေမယ့် ပင်နယ်တီ အခွင့်အရေးကို ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့သူလည်း ဖြစ်ပါတယ် ။

အီတလီ ဘောလုံးအဖွဲ့ချုပ် ကတော့ ကမ္ဘာ့ဖလား အိပ်မက် အဆုံးသတ် ခဲ့ရပေမယ့် နည်းပြ ရော်ဘတ်တို မန်စီနီ ကို ဆက်လက် တာဝန်ပေးလိုပြီး ကာယကံရှင် ရဲ့ ဆုံးဖြတ်ချက် ကို စောင့်ဆိုင်း နေတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ လိဒ်ယူနိုက်တက် တောင်ပံ ကစားသမား ရာဖင်ညာ ရဲ့ ကိစ္စ အ၀၀ ကို တာဝန်ယူထားတဲ့ အေးဂျင့် ဒေကို ( ဘာစီလိုနာ နဲ့ ပေါ်တူဂီ ကစားသမားဟောင်း ) နဲ့ ချိတ်ဆက် ကာ ရာဖင်ညာ ကို နွေရာသီမှာ ခေါ်ယူ နိုင်ရေး အတွက် ပြောဆို နေပြီလို့ သိရပါတယ် ။

လက်ရှိ အချိန်အထိတော့ ကစားသမားရဲ့ ကိုယ်စားလှယ်တွေ နဲ့ စကားပြောတဲ့ အဆင့်သာ ရှိနေသေးပြီး ကလပ် အသင်း လိဒ် နဲ့ ချိတ်ဆက်ခြင်း မပြုလုပ် ရသေးဘူးလို့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို က ဖော်ပြ သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အမျိုးသမီး အသင်း နည်းပြ မာ့က် စကင်နာ က လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် အဲဗာတန် နဲ့ အမျိုးသမီး စူပါလိဂ် ပွဲကို အိုးထရက်ဖိုဒ့် ကွင်းကြီး ထဲမှာ ကစားရမယ့် ကိစ္စ နဲ့ ပတသ်က်ပြီး အထူး စိတ်လှုပ်ရှား နေမိပါတယ်လို့ ဖွင်ဟ့ပြောဆို သွားခဲ့ ပါတယ် ။

အဆိုပါ ပွဲမှာ ယူနိုက်တက် နည်းပြဟောင်း ဆိုးရှား ရဲ့ သမီးဖြစ်သူ ဟာ ယူနိုက်တက် အမျိုးသမီး အသင်းနဲ့ ပါဝင်လာဖို့ ရှိနေပြီး သမီး ဖြစ်သူရဲ့ ပွဲတွေကို လိုက်ပါ အားပေးတတ်တဲ့ ဆိုးရှား ကို ယူနိုက်တက် နည်းပြ အဖြစ် ကနေ နှုတ်ထွက် အပြီးမှာ ပထမဆုံး အကြိမ် အဖြစ် အိုးထရက်ဖိုဒ့်မှာ ပြန်မြင်ရဖို့ အလားအလာ ရှိနေတယ်လို့ သုံးသပ် ထားကြပါတယ် ။

ယမန်နေ့ ညက ကစားသွား ခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာဖရိကဇုန် Play-off ပွဲစဉ်တွေရဲ့ ပထမအကျော့ ရလဒ်တွေ ကတော့ –

D.R. Congo 1-1 Morocco
Cameroon 0-1 Algeria
Mali 0-1 Tunisia
Egypt 1-0 Senegal
Ghana 0-0 Nigeria

 

SPORTS MYANMAR