အိပ်မက်တွေ တကယ်ဖြစ်လာပြီလို့ ပြောလိုက်တဲ့ ယူနိုက်တက် ကြယ်ပွင့်လေး အလက်ဂျန်ဒရို ဂါနာချို 

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လူငယ် ကြယ်ပွင့် ကစားသမားလေး တစ်ဦးဖြစ်တဲ့ အလက်ဂျန်ဒရို ဂါနာချို က အာဂျင်တီးနား လက်ရွေးစင် အသင်းရဲ့ အံ့ဖွယ်ခေါ်ယူမှုကို ရရှိလိုက်ခြင်းက သူ့အတွက်တော့ အိပ်မက်တွေ တကယ််ဖြစ်လာခြင်းပဲလို့ ဖွင့်ဟခဲ့လိုက်ပါတယ် ။

 

အသက် 17 နှစ်သာ ရှိနေသေးတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လူငယ်လေးဟာ အခုထိ စီနီယာအသင်းအတွက် ကစားပေးခွင့်မရရှိထားခဲ့သေးပေမဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားမယ့် လီယွန်နယ် စကာလိုနီရဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ စကာလိုနီ ရဲ့ အသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ လူငယ်် ကစားသမားဟာ ဂါနာချို တစ်ဦးထဲတော့ မဟုတ်ခဲ့ပါဘူး ။ စကာလိုနီ ဟာ လုခ် ရိုမဲရိုး ၊ မာတီးယပ်စ် ဆူးလေ ၊ ဖရန်ကို ကာဘိုနီ ၊ ဗယ်လန်တင်း ကာဘိုနီ ၊ နီကိုလပ်စ် ပက်ဇ် နဲ့ တီယာဂို ဂီရယ်နစ် တို့ကိုပါ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ် ။

 

စကာလိုနီ အနေနဲ့ အခုလို လူငယ်ကြယ်ပွင့်ကစားသမား 7 ဦး အထိ ခေါ်ယူလိုက်ရတဲ့ အကြောင်းအရင်းက သူတို့တွေကို စီနီယာ ကစားသမားတွေနဲ့ အတူ ပူးပေါင်း လေ့ကျင့်ရင်း အတွေ့အကြုံတွေ ရရှိစေဖို့ ၊ မာရှေယာနို ရဲ့ ယူ 20 အသင်းမှာပါ ကစားဖို့ အတွက်ပဲ ဖြစ်ပါတယ် ။

ဂါနာချိုဟာ လက်ရှိ ဘောလုံး ရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီရဲ့ အကောင်းဆုံး လူငယ် တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့သူ ဖြစ်ပြီး ဒီရာသီ အသင်းအတွက် ကိုယ်တိုင် 15 ဂိုး သွင်းယူ ၊ 6 ကြိမ် အထိ ဂိုးဖန်တီိး ပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ သူက..

 

” ကျွန်တော်ဟာ နိုင်ငံသား ဖြစ်ခွင့် 2 ခု ပိုင်ဆိုင်ထားသူပါ ။ ဒါ့ကြောင့် အခုလို ရွေးချယ်ခွင့်ရရှိတာက ကျွန်တော့် အတွက်တော့ တုနှိုင်းမရတဲ့ အရာတစ်ခုပါပဲ ။ ကျွန်တော်ဟာ အခုလို အခွင့်အလမ်းကို စောင့်ဆိုင်းနေခဲ့တာဖြစ်ပြီး ဒီအတွက် အရမ်းလည်း ကြိုးစားခဲ့ပါတယ် ”

” ကျွန်တော်ဟာ မက်ဒရစ်မှာ မွေးဖွားခဲ့သူပါ ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အမေကတော့ အာဂျင်တီးနားသူပါ ။ သူ့ရဲ့ မိသားစု တစ်ခုလုံး ဒီမှာပဲ ရှိကြတယ်လေ ။ ကျွန်တော့်အတွက်တော့ အာဂျင်တီးနား အတွက် ကိုယ်စားပြုရတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ ”

 

” ကလပ်မှာတော့ ဂျပ်စတင် နဲ့ ဒါးရင်း ဖလက်ချာ တို့က ကျွန်တော့်ကို အမြဲတမ်းဂရုစိုက်သလို ထောက်ခံအားပေးခဲ့ကြပါတယ်။ အပြင်မှာတော့ ဂျာဗီးယား မာရှေယာနိုပေါ့ ၊ သူဟာ ကျွန်တော်တို့ ယူ 20 အသင်းရဲ့ နည်းပြလေ ။ သူတို့ ကျွန်တော့်ကို စတင်စိတ်ဝင်စားကတည်းက အမြဲ စိုးရိမ််ပြီး ဂရုစိုက်ပေးခဲ့ကြပါတယ် ” လို့ ပြောရင်း မက်ဆီ နဲ့ အတူ ရှိခွင့်ရတော့မယ့် အပေါ်…

 

” ကျွန်တော်ဟာ အခုလို စတား ကစားသမားတွေ ရှိကြတဲ့ အသင်းမှာ ကစားခွင့်ရနိုင်ဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့သူပါ ။ ကျွန်တော် သူတို့တွေဆီက အများကြီး လေ့လာသင်ယူလိုပါတယ် ။ ငယ်စဥ်က Idol ဖြစ်ခဲ့ကြသူတွေနဲ့ အတူရှိဖို့ ဆိုတာက ကျွန်တော့်ရဲ့ အိပ်မက်ဖြစ်ခဲ့ပါတယ် ”

 

” ဒီအခွင့်အရေးကို အသုံးချပြီး ကျွန်တော့်ကို ကျွန်တော် တိုးတက်အောင် ကြိုးစားသွားမှာပါ ။ ကျွန်တော်ဟာ အမြဲတမ််း စိတ်ဓါတ် တက်ကြွနေတတ်သူပါ ။ အခုလည်း ကျွန််တော် လုပ်ချင်တာကို လုပ်ခွင့်ရနေတယ်၊ ဘောလုံးကစားနေရတယ်လေ ” လို့ ဂါနာချို က ပြောကြားသွားခဲ့လိုက်ပါတယ် ။

 

#Sports_Myanmar