အာဆင်နယ် အသင်းဖော်ဟောင်း တစ်ဦး ထွက်ခွာသွားမှုဟာ အိုဇေးလ် အပေါ် ရိုက်ခတ်မှု ကြီးမားခဲ့တယ်လို့ ဖွင့်ဟလာတဲ့ အေဂျင့် အာဂတ်ဆိုဂတ်

ဆန်တီ ကာဇိုလာ တစ်ယောက် အာဆင်နယ် အသင်းကနေ ထွက်ခွာသွားပြီး နောက်ပိုင်းမှာ အိုဇေးလ် ဟာ အရင် နဲ့ လုံးဝ မတူတော့ကြောင်း ဂျာမန်သားရဲ့ အေဂျင့် ဖြစ်သူ အာဂတ်ဆိုဂတ် က ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

အိုဇေးလ် ဟာ ၂၀၁၃ ခုနှစ်မှာ ရီးယဲလ်မက်ဒရစ် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အမ်းမရိတ်မှာ ၈ နှစ်ကြာ ကစားခဲ့ပါတယ် ။ အိုဇေးလ် ဟာ အာဆင်နယ် အသင်းအတွက် သွင်းဂိုး ၄၄ ဂိုး ၊ ဂိုးဖန်တီးမှု ၇၇ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အက်ဖ်အေဖလား ၃ ကြိမ် ရယူ နိုင်ခဲ့ပါတယ် ။

ဒါပေမယ့် အိုဇေးလ် ရဲ့ အာဆင်နယ် ကစားသမား ဘဝ အဆုံးသတ် ကတော့ မလှပ ခဲ့ပါဘူး ။ အာဆင်နယ် ကစားသမား ဘဝ နောက်ဆုံးနှစ်မှာ နည်းပြ အာတီတာ ရဲ့ လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရပြီးကိုးလကျော်ကြာ အာဆင်နယ် အတွက် တစ်ပွဲမှ ပွဲထွက် ကစားခွင့် မရတဲ့ အထိ ဖြစ်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီမှာတော့ အိုဇေးလ် ဟာ အာဆင်နယ် အသင်း နဲ့ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်းပြီး တူရကီ ကလပ် ဖီနာဘာချီ အသင်းကို ပြောင်းရွှေ့ သွားခဲ့ပါတယ် ။ အိုဇေးလ် ရဲ့ အာဆင်နယ် ကစားသမား ဘဝ အကောင်းဆုံး အချိန်တွေဟာ ကာဇိုလာ နဲ့ အတူ တွဲဖက် ကစားရတဲ့ အချိန်မှာ ဖြစ်ပါတယ် ။

ကာဇိုလာ ဟာ ၂၀၁၇ ခုနှစ်မှာ ဒဏ်ရာ ပြဿနာတွေကြောင့် ကစားသမား ဘဝကနေ အနားယူရမယ့် အခြေအနေနဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။ ကာဇိုလာ ဟာ ဖနောင့်ကြော နဲ့ ခြေချင်းဝတ် ဒဏ်ရာကြောင့် အာဆင်နယ် အသင်းအတွက် တစ်ရာသီလုံး မကစားပေးနိုင်ခဲ့သလို နှစ်ရာသီအတွင်း ပွဲပေါင်း ၁၀၀ ကျော် လွဲချော် ခဲ့ပါတယ် ။

ဆန်တီ ကာဇိုလာ ဟာ ဆိုးရွား ပြင်းထန် လွန်းလှတဲ့ ဖနောင့်ကြော ဒဏ်ရာကြောင့် နှစ်နှစ် နီးပါး အနားယူ ခဲ့ရပြီးခွဲစိတ်မှုတွေလည်း အကြိမ်ကြိမ် ပြု လုပ် ခဲ့ ရ ပါ တယ် ။ အာဆင်ဝင်းဂါး အသင်းကနေ ထွက်ခွာ သွားပြီးနောက်ပိုင်း အမ်မရီ နည်းပြ ဖြစ်လာတဲ့ အချိန်မှာတော့ ကာဇိုလာ ဟာ အသင်းဟောင်း ဗီလာရီးရဲလ် အသင်းကို ပြန်လည် ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

အိုဇေးလ် ရဲ့ အေဂျင့် ဖြစ်သူ အာဂတ်ဆိုဂတ်က ကာဇိုလာ ထွက်ခွာသွားမှုဟာ အိုဇေးလ် အပေါ် ရိုက်ခတ်မှု ကြီးမားခဲ့ကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။ ” သူ(အိုဇေးလ်) က ကာဇိုလာ နဲ့ အချိန် အတန်ကြာ တွဲကစားခဲ့ဖူးပါတယ် ၊ ကာဇိုလာ ကို သူ ချစ်ပါတယ် ။ ”

” ကာဇိုလာ က သူ့ရဲ့ အကြိုက်ဆုံး ကစားသမား စာရင်းထဲတောင် ပါတဲ့ ကစားသမားလို့ ထင်ပါတယ် ။ မီဆွတ် ​က ပါးနပ်ပြီး ညဏ်ပြေးတဲ့ ကစားသမား တစ်ဦးပါ ၊ သူ ပွဲကို ကောင်းကောင်း ဖတ်နိုင်ပြီး အမြဲတမ်း ကြည့်နေတာပါ ၊ နောက်ပီး သူ့လို ပါးနပ် ဉာဏ်ပြေးတဲ့ ကစားသမားတွေနဲ့ တွဲကစားရတာကို သဘောကျပါတယ် ။ ”

” ခင်ဗျား က နံပါတ် ၁၀ ကစားသမား တစ်ဦးဆိုရင် ကိုယ့်ရှေ့မှာ တိုက်စစ်မှူးကောင်း တစ်ဦး နဲ့ ကိုယ့်​နောက်မှာ ကိုယ့်ကို မြင်ပြီး လမ်းကြောင်းရှင်း ဘောလုံး ပေးပို့နိုင်မယ့် နံပါတ် ၆ ကစားသမား တစ်ဦးကို လိုချင်မှာ အသေအချာပါပဲ ၊ ဒါမှလည်း final pass ကို ကောင်းကောင်း လုပ်နိုင်မှာလေ ။ ”

” ဆန်တီ က အရမ်း ပါးနပ် ဉာဏ်ပြေးပြီး နည်းစနစ်ပိုင်း ကျွမ်းကျင် ပိုင်နိုင်သူပါ ။ သူ့နောက်မှာ ကာဇိုလာ ရှိနေတာက အိုဇေးလ် အတွက် လုံးဝ အဆင်ပြေစေပါတယ် ၊ ကာဇိုလာ ထွက်ခွာသွားချိန်မှာ အရင်လို မဟုတ်တော့တာ ခင်ဗျားတို့လည်း တွေ့ကြမှာပါ ၊ လုံးဝ ပြောင်းလဲ သွားခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM