အာဆင်နယ် သတင်းတိုများ

၁ ။ ဝက်ဖိုဒ့် အသင်း နဲ့ ပွဲမှာ ဘောင်းဘီ ကို အနီ ရောင် ဝတ်ဆင်ခဲ့တာဟာ အဝေးကွင်း ဖြစ်နေတာကြောင့် မဟုတ်ဘဲ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက် တစ်ခုသာ ဖြစ်တယ်လို့ Footaball London က ရေးသား ဖော်ပြ လိုက်ပါတယ် ။ အာဆင်နယ် နဲ့ Adidas တို့ဟာ အပေါ် အနီ အောက်အနီ ဝတ်စုံ မျိုးကို ပရိသတ်တွေ ကြိုက်နှစ်သက်မှု ရှိမရှိ သိချင်တာကြောင့် စမ်းသပ် ဝတ်ဆင် ခဲ့တာ ဖြစ်ပါတယ် ။

၂ ။ အာဆင်နယ် အသင်း ကွင်းလယ်လူ မာတင် အိုဒီဂတ် က ပြီးခဲ့တဲ့ ၅ နှစ် လုံးလုံး သူ မရရှိခဲ့တဲ့ တည်ငြိမ် အေးချမ်းမှု မျိုး အာဆင်နယ်မှာ ရနေပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပြီး သူ့အိမ်လိုမျိုး ခံစားနေရပြီ ဖြစ်တယ်လို့ ဆိုပါတယ် ။

၃ ။ အာဆင်နယ် အသင်း ပရိသတ်တွေ မဲပေးရွေးချယ်တဲ့ ဖေဖော်ဝါရီလ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ကွင်းလယ်လူ သောမက်စ် ပါတေး ရရှိ သွားခဲ့ပါတယ် ။ ပါတေး ဟာ ဖေဖော်ဝါရီလအတွင်း အာဆင်နယ် အတွက် ၃ ပွဲ ကစား ၊ ၃ ပွဲနိုင် ၊ ဂိုးဖန်တီးမှု ၁ ကြိမ် ၊ ဂိုးပေါက် ကန်သွင်းချက် ၁၀ ကြိမ် နဲ့ ဖျက်ထုတ်မှု ၃ ကြိမ် လုပ်နိုင်ခဲ့ပါတယ် ။

၄ ။ အာဆင်နယ် အသင်းဟာ လာမယ့် နွေရာသီမှာ လူငယ် နောက်ခံလူ ဆာဘီဘာ ကို စာချုပ် သက်တမ်းတိုးဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ Football London က ဆိုပါတယ် ။ မာဆေးလ် ဟာ ဆာလီဘာ ကို အပြီးသတ်ခေါ်ချင်နေပေမယ့် အာဆင်နယ် ရော ကစားသမားဘက်ကပါ အပြီးသတ် ပြောင်းရွှေ့/ရောင်းချဖို့ ဆန္ဒ မရှိကြပါဘူး ။

၅ ။ အာဆင်နယ် အသင်းဟာ လာမယ့် နွေရာသီမှာ တိုက်စစ်မူး ၂ ဦး အပြင် ဗဟို ကွင်းလယ်လူ တစ်ဦး နဲ့ အရန် ညာနောက်ခံလူ တစ်ဦး ခေါ်ယူ သွားမှာ ဖြစ်တယ်လို့ Football London သတင်းထောက် Chris Wheatley က ဆိုပါတယ် ။

၆ ။ အာဆင်နယ် အသင်းဟာ ရာသီကုန်မှာ တိုက်စစ်မှူး လာကာဇက် နဲ့ စာချုပ် ကိစ္စ ဆွေးနွေး ပြောဆိုသွားမှာ ဖြစ်ပေမယ့် ပြင်သစ်သားဟာ စာချုပ်သစ် ချုပ်ဖို့ထက် ထွက်ခွာဖို့ ရာခိုင်နှုန်း များနေကြောင်း သိရပါတယ် ။

၇ ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီနေ့လို နေ့မျိုးမှာ အာဆင်နယ် အသင်း တိုက်စစ်မှူး ဝဲလ်ဘက် ဟာ အသင်းဟောင်း မန်ယူနိုက်တက် ဘက်ကို အနိုင်ဂိုး သွင်းယူပြီး အက်ဖ်အေဖလားဆီမီးဖိုင်နယ် ရောက်ရှိအောင် စွမ်းဆောင် ပေးခဲ့ပါတယ် ။

၈ ။ အာဆင်နယ် အသင်းကနေ မစ်ဒယ်ဘရော့ အသင်းကို အငှား သွားရောက်ကစားနေတဲ့ ဘာလိုဂန် ဟာ ရှက်ဖီးယူနိုက်တက် အသင်းကို ၄ ဂိုး တစ်ဂိုး နဲ့ အရေးနိမ့် ခဲ့တဲ့ ပွဲမှာ သွင်းဂိုး တစ်ဂိုး သွင်းယူ နိုင်ခဲ့ပါတယ် ။

၉ ။ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ ကစားမယ့် အာဆင်နယ် နဲ့ လက်စတာစီးတီး အသင်း ပွဲကို ကွင်းလယ် ဒိုင်လူကြီး အန်တိုနီ တေလာ က တာဝန်ယူ ကိုင်တွယ် သွားမှာ ဖြစ်ပါတယ် ။မတ်လ ၁၆ ရက်နေ့မှာ ကစားမယ့် လီဗာပူး နဲ့ ပွဲကိုတော့ ဒိုင်လူကြီး အန်ဒရီ မာရင်နာ က တာဝန်ယူ ကိုင်တွယ်သွားမှာပါ ။

၁၀ ။ အာဆင်နယ် အမျိုးသမီး တိုက်စစ်မှူး မီဒမ်မာ ဟာ အင်္ဂလန် အမျိုးသမီး စူပါလိဂ်မှာ သွင်းဂိုး ပါဝင်ပတ်သက်မှု ၁၀၀ ပြည့်မြောက်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ် ။

မီဒမ်မာ ဟာ အာဆင်နယ် အတွက် သွင်းဂိုး ၇၀ ၊ ဂိုးဖန်တီးမှု အကြိမ် ၃၀ ပြုလုပ် ထားနိုင်တာ ဖြစ်ပါတယ် ။

SM