အာဆင်နယ် ရဲ့Invincibles အသင်းနဲ့ မန်ယူနိုက်တက် ရဲ့ဖလားသုံးလုံးရ အသင်းတို့ထက် ပိုကောင်းတဲ့ အသင်း ၂ သင်းကို ရွေးချယ်ပေးလိုက်တဲ့ မီကာရစ်ချတ်

မန်ချက်စတာ စီးတီး နဲ့ အင်္ဂလန် နောက်ခံလူဟောင်း မီကာရစ်ချတ် က လက်ရှိ ချန်ပီယံဆုအတွက် အပြိုင် ဖြစ်နေကြတဲ့ လီဗာပူး နဲ့ မန်စီးတီး အသင်းတို့ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်းတွေ ဖြစ်ကြတယ်လို့ ပြောကြား လိုက်ပါတယ် ။

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်းဟာ ဘယ်အသင်းလဲဆိုတာဟာ ဘောလုံးပရိသတ်တွေ အကြား အမြဲလိုလို ငြင်းခုန်လေ့ရှိတဲ့ အကြောင်းအရာ တစ်ရပ်လည်း ဖြစ်ပါတယ် ။

၂၀၀၃-၂၀၀၄ ခုနှစ်တုန်းက အာဆင်နယ် အသင်း ၊ ၁၉၉၈-၉၉ ခုနှစ်က ဖလား သုံးလုံး ချန်ပီယံ မန်ယူနိုက်တက် ၊ ၂၀၀၄-၂၀၀၅ ခုနှစ်တုန်းက ချဲလ်ဆီး အသင်း ၊ ၂၀၁၇-၂၀၁၈ ခုနှစ်တုန်းက မန်စီးတီး အသင်းတို့မှာ ဘယ်အသင်းဟာလဲ အကောင်းဆုံးလဲဆိုတာ ပရိသတ်တွေကြားမှာ အမြဲလိုလို အငြင်းပွားလေ့ ရှိကြပါတယ် ။

မီကာရစ်ချတ် က Mail Sport Column မှာ ” ကျွန်တော်တို့က ခုလို ပြိုင်ဆိုင်မှု ပြင်းထန်ပုံကို တောက်လျှောက် မြင်လာရတော့ သူတို့ကို သိပ်ပြီး အသိအမှတ် မပြုချင်ကြပါဘူး ။ ဒါပေမယ့် တစ်ခါတစ်လေမှာ မော်ဒန်ခေတ်ရဲ့ အကောင်းဆုံး အသင်း ၂ သင်းကို မြင်တွေ့ နေရတယ်လို့ ကျွန်တော်ကတော့ ခံစားမိပါတယ် ။ သူတို့ လုပ်ပြထားတဲ့ အရေအတွက် က သမိုင်း မှတ်တိုင် တွင်စရာပါပဲ ။ ”

” ကျွန်တော် ကတော့ ဂွာဒီယိုလာ ရဲ့ အသင်းဟာ ချဲလ်ဆီး အသင်း တင်ရှိထားတဲ့ လေးနှစ်တာ ကာလအတွင်း ရမှတ် အများဆုံး စံချိန်ကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ထင်ပါတယ် ။ ကလောပ့် ရဲ့ အသင်းဟာလည်း လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။ ”

” အာဆင်ဝင်းဂါး လုပ်ပြခဲ့တဲ့ စွဲမက်ဖွယ် ကစားဟန်မျိုး ဒီနိုင်ငံမှာ ကျွန်တော်တို့ နောက်ထပ် မြင်ရတော့မှာ မဟုတ်ဘူးလို့ တွေးထားမိခဲ့တာပါ ။ ကျွန်တော် က အဲ့ဒီတုန်းက အာဆင်နယ် အသင်းကို အားပေးခဲ့တာပါ ၊ သီယာရီအွန်နရီ က ဘရာဇီး ရိုနယ်ဒို နဲ့ တူတူ ကျွန်တော်ရဲ့အကြိုက်ဆုံး ကစားသမား စာရင်းထဲမှာ ပါပါတယ် ။ ”

” ဒါပေမယ့် အင်္ဂလန် က ကစားပွဲတွေကို ပြောင်းလဲ ပေးခဲ့တဲ့ ဂွာဒီယိုလာ ကို အသိအမှတ် ပြုပါတယ် ။လူတွေ ကျွန်တော်နဲ့ အမြင်မတူ ကွဲပြားစွာ ပြောဆိုကြတာကိုလည်း အသိအမှတ် ပြုပါတယ် ၊ ကျွန်တော်တို့မှာ ကိုယ်ကြိုက်တဲ့ အသင်းတွေ ကစားသမားတွေ ဆိုတာ ရှိကြပါတယ် ။နောက်ပြီး ကျွန်တော်တို့ အတွက် စပါယ်ရှယ် ဖြစ်တဲ့ ခေတ်တစ်ခုလည်း ရှိကြမှာပါပဲ ။ ”

” ဒါပေမယ့် ကျွန်တော်ကတော့ ခုလက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် သမိုင်းရဲ့ အကောင်းဆုံး အသင်း ၂ သင်းကို မြင်တွေ့ နေရတယ်လို့ ပြောချင်ပါတယ် ။ ဖလား သုံးလုံး ရဲ့ ချန်ပီယံ အဖြေထွက်ဖို့ လိုနေသေးပေမယ့် မန်စီးတီး နဲ့ လီဗာပူး ပဲ ရကြလိမ့်မယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM