အာဆင်နယ်ဟာ ယူနိုက်တက်ရဲ့ အထက်မှာ ဘောလုံး ရာသီ ကုန်ဆုံးနိုင်လိမ့်မယ်လို့ ပြောဆိုရှင်းပြလိုက်တဲ့ သရဲနီ တိုက်စစ်မှူးဟောင်း ရှရင်ဂမ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််း ဖြစ်သူ တက်ဒီ ရှရင်ဂမ် က ဒီရာသီမှာ အာဆင်နယ် အသင််းဟာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားမှာ သူ့ရဲ့ အသင််းဟောင်းကို ကျော်ဖြတ်ပြီး အဆင့် 4 နေရာ ဝင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင််း ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ တနဂ်နွေနေ့ တုန်းက အီတီဟတ်ကွင်းထဲမှာ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းနဲ့ မန်ချက်စတာ ဒါဘီ ပွဲစဥ် ကစားခဲ့ရပြီး ဒီဘရိုင်း ၊ မာရက်ဇ် တို့ရဲ့ သွင်းဂိုးတွေကြောင့် 4 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့ပါတယ် ။

အခြားတဖက်မှာတော့ အာဆင်နယ် အသင်းက အဝေးကွင်းမှာ ဝက်ဖို့ဒ် အသင်းကို 2 – 3 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ကစားနိုင်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင််းကို ကျော်ဖြတ်ပြီး အဆင့် 4 နေရာကို သိမ်းပိုက်သွားနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 28 ပွဲ ကစားပြီးချိန်မှာ 47 မှတ်သာ စုဆောင်းထားနိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းက 25 ပွဲသာ ကစားထားသေးပြီး 48 မှတ်နဲ့ အမှတ်ပေး ဇယား အဆင့် 4 နေရာမှာ ရပ်တည် နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း တက်ဒီ ရှရင်ဂမ် က အာဆင်နယ် အသင်းကို ချီးကျူးလိုက်ပြီး အိုးလ် ထရပ်ဖို့ဒ် မှာ ဖြစ်ပေါ်နေခဲ့တဲ့ တိုက်စားမှုတွေက ယူနိုက်တက် အသင်းရဲ့ ထိပ်သီး လေးသင်း ဝင်နိုင်ရေး အခွင့်အလမ်းကို ပိတ်ဆို့လိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

” ဒီလို စကားမျိုး ပြောရမှာကို တကယ်ပဲ မုန်းတီးမိပါတယ်် ။ ဒါပေမဲ့ (ဝက်ဖို့ဒ်) နဲ့ ပွဲမှာ အာဆင်နယ်ဟာ အရမ်းကို ကောင်းခဲ့ပါတယ် ။ သူတို့တွေဟာ မှန်ကန်တဲ့ အချိန် တစ်ခုမှာ အကောင်းဆုံး ပုံစံနဲ့ ပေါ်ထွက်လာနိုင်ခဲ့ကြတာပါ ”

” သူတို့ အမှတ်ပေး ဇယား အောက်ခြေက အသင်းနဲ့ ရင်ဆိုင််ခဲ့ရတာ ကျွန်တော်သိပါတယ် ။ ဒါပေမဲ့ ဘောလုံးကို သူတို့ ထိန်းချုပ် ကစားပုံက ဝက်ဖို့ဒ်ကို ကျော်ဖြတ်စေနိုင်ခဲ့ပါတယ် ။ သူတို့ 3 ဂိုး သွင်းခဲ့ပြီး ဒီထက်ပို ဂိုးရရှိခဲ့သင့်ပါတယ် ။ သူတို့ရဲ့ ကစားပုံ အထင်ကြီးဖွယ် ကောင်းခဲ့ပါတယ် ”

” ဒါ့ကြောင့် ဒီလို အချိန်မှာ ဘယ်အသင်း ထိပ်သီး 4 သင််းစာရင်း ဝင်နိုင်မလဲလို့ ကျွန်တော့်ကို လောင်းကြေးထပ်ခိုင်းမယ်ဆိုရင် ကျွန်တော် အာဆင်နယ် ဖက်မှာပဲ ရှိနေမှာပါ ။ ဘာဖြစ်လို့လဲဆိုတော့ အာဆင်နယ် အသင်းက ပုံစံကောင်း ပြသနေချိန် ယူနိုက်တက်မှာ တိုက်စားမှုတွေ ဖြစ်နေလို့ပါပဲ ”

” ဝက်စ်ဟမ်း အသင်းက ခက်ခဲတဲ့ ရက်စွဲတွေ ပိုင်ဆိုင်ရဖို့ ရှိနေသလို တော့တင်ဟမ် ဟော့ စပါး ကလည်း စိတ်ချလို့ ရနိုင်တဲ့ စွမ်းဆောင်ရည် မပြသနိုင်ခဲ့သေးပါဘူး ။ ဒါ့ကြောင့် ထိပ်သီး လေးသင်းဝင်နိုင်ရေးက သူတို့တွေအတွက်် ခက်ခဲနေပါလိမ့်မယ် ” လို့ ရှရင်ဂမ်က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar