အာဆင်နယ်ရဲ့ နိုင်ပွဲ ၊ ယူနိုက်တက်ရဲ့ အဆင့်လေး ဝင်ခွင့်အပေါ် မှတ်ချက်ပေးလိုက်တဲ့ ရန်းဂနစ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် ကတော့ အာဆင်နယ် အသင်းဟာ ထိပ်သီး လေးသင်း စာရင်း ဝင်နိုင်ရေး အတွက် ကောင်းမွန်တဲ့ ပုံစံကို ရရှိထားကြောင်း ပြောလိုက်ပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ဖို့ ပြိုင်ပွဲတစ်ခုကိုပဲ ဦးစားပေးသွားမှာမဟုတ်ကြောင်း ​ပြောခဲ့လိုက်ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တနင်္ဂနွေ နံနက်မှာတော့ တော့တင်ဟမ် ဟော့ စပါး အသင်းကို 3-2 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီးနောက် အဆင့် 4 နေရာကို ယာယီ တက််လှမ်းနိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ 24 နာရီ အတွင်းမှာပဲ အာဆင်နယ် အသင်းက လက်စတာကို အနိုင်ယူပြီး အဆင့် 4 နေရာကို ပြန်လည် သိမ်းပိုက်သွားခဲ့ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းထက် 3ပွဲ လျှော့ပြီးကစားထားခဲ့တဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားမှာ 1 မှတ် အသာနဲ့ အဆင့် 4 နေရာမှာ ရပ်တည်နေခဲ့ပါပြီ ။ ထို့အတူ အာဆင်နယ် ကပဲ ရာသီအကုန်မှာ အဆင့် 4 နေရာမှာ ကျန်ရစ်နိုင်လိမ့်မယ်လို့ အလေးပေးခံရမှု များလာခဲ့ပါပြီ ။

အခြားတဖက်မှာတော့ ဝက်စ်ဟမ်း အသင်းကလည်း အက််စတွန် ဗီလာ အသင်းကို 2-1 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူနိုင််ခဲ့တဲ့နောက် ယူနိုက်တက်ကို 2 မှတ် အကွာကနေ ဆက်လက်် ဖိအားပေးထားနိုင်ခဲ့ပြန်ပါပြီ ။ ဒါ့အပြင် 27 ပွဲသာ ကစားထားသေးတဲ့ တော့တင်ဟမ် အသင်းကလည်း 5 မှတ််သာ ကွာသေးတာမို့ ယူနိုက်တက်ကို ကျော်တက်နိုင်ခွင့် ရှိနေပါသေးတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ကြားရက်မှာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ရဲ့ ဒုတိယအကျော့ ပွဲစဥ် အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ ရင်ဆိုင်ရဖို့လည်း ရှိနေပါသေးတယ် ။ ဒါဟာလည်း ယူနိုက်တက် အတွက် အရေးပါတဲ့ ပွဲစဥ် တစ်ပွဲပါပဲ ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ ခြေစွမ််းအရတော့ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ခြေ နည််းပါးလွန်းပေမယ့် ဒီပြိုင်ပွဲကလည်း ယူနိုက်တက် တို့ကို နောက်ရာသီ ဝင်ခွင့် ရရှိစေနိုင်ဖို့ မျှော်လင့်ချက် ရေးရေးလေး ရှိနေစေပါသေးတယ် ။ အခုတော့ ဒီပြိုင်ပွဲ က ချန််ပီယံလိဂ် ဝင်ခွင့် ရရှိစေဖို့ ပိုကောင်းတဲ့ အခွင့်အလမ်း ဖြစ်စေမလားလို့ အမေးခံလိုက်ရချိန်မှာတော့…

” ဟုတ်ပါပြီ ၊ ကျွန်တော်တို့ ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်မလဲ ဆိုတာကြီးက အရေးကြီးလွန်းတဲ့ မေးခွန်း ၊ ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး ။ တကယ် မေးသင့်တဲ့ မေးခွန်းက ဘယ်အရာဟာ ပိုပြီး လက်တွေ့ဆန်သလဲဆိုတာပါပဲ ။ မနက်ဖြန်မှာ ကျွန််တော်တို့ ချန်ပီယံလိဂ် ကစားရပါလိမ့်မယ် ”

” သေချာနေတာ တစ်ခုက ကျွန်တော်တို့ဟာ မနက်ဖြန် ပွဲစဥ်ကို အနိုင် ကစားနိုင်ဖို့ လုပ်နိုင်စွမ်း ရှိတဲ့ အရာအားလုံးကို အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားကြမယ်ဆိုတာပါပဲ ။ ကျွန်တော်တို့ နောက်ဆုံး 8 သင်း စာရင်းထဲ ပါဝင်နိုင်ဖို့ မျှော်လင့်ချက် ထားရှိနေကြပါတယ် ။ အကယ်လို့ ဒါကို ကျွန်တော်တို့ လုပ်နိုင်ရင်တောင်မှ နောက်အဆင့်တွေမှာ အရမ်းကို ကောင်းတဲ့ အသင်းတွေနဲ့ ကြုံတွေ့ဦးမှာပါ ”

” အဲ့တာပြီးရင် သုံးပါတ်လောက် အကြာမှာ ကျွန်တော်တို့ဟာ လက်စတာ စီးတီး အသင်းနဲ့ ရင်ဆိုင် ကစားရပါဦးမယ် ။ အဲ့ဒီပွဲစဥ်မှာလည်း ကျွန်တော်တို့ကို ကျွန်တော်တို့ တွန်းအားပေးနိုင်ဖို့ ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နောက်ထပ််နိုင်ပွဲ ရရှိနိုင်ဖို့ အစွမ်းကုန် ကြိုးစားအားထုတ်သွားရဦးမှာပါပဲ ”

” ကျွန်တော်တို့ လာမဲ့ ပွဲစဥ်တွေမှာ ဘယ်လိုနည်းနဲ့မှ အမှတ််တွေ လျော့သွားလို့ မဖြစ်ဘူးဆိုတာကို ကောင်းကောင်း သိထားကြပါတယ် ။ လက်ရှိအချိန်မှာ အာဆင်နယ် အသင််းက ပုံစံကောင်းတွေ ရရှိနေခဲ့ပါတယ် ။ သူတို့လည်းမ​နေ့က အိမ်ကွင်းမှာ လက်စတာ စီးတီး အသင်းကို နိုင်အောင် ကစားနိုင်ခဲ့ကြတယ်လေ ”

” ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ မိမိကိုယ်ကို ကြည့်ပြီး လာမယ့် ပွဲစဥ်တွေမှာ အနိုင် ရလဒ် ထွက်ပေါ်လာအောင် ကြိုးစားဖို့ပဲ အဓိက ထားရပါတော့မယ် ။ မနက်ဖြန်တော့ ခြားနားတဲ့ပွဲစဥ် ကစားရပါတော့မယ် ။ ဒါဟာ ချန်ပီယံလိဂ်ပါ ။ ဒီပွဲအတွက် ကစားသမား ၊ ဝန်ထမ်းတွေ အားလုံး စိတ်ဓါတ် တက်ကြွနေလိမ့်မယ်လို့ ယုံကြည်ပါတယ် ” လို့ ရန်းဂနစ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar