အာဆင်နယ်နဲ့ ပွဲစဉ်မတိုင်မီ ဆာလားရဲ့ ကြံ့ခိုင်မှု အခြေအနေနဲ့ title race မှာ လီဗာပူးရဲ့ အစီအစဉ်ကို ချပြလိုက်တဲ့ ယာဂန်ကလော့

မိုဟာမက်ဆာလားဟာ အာဆင်နယ်နဲ့ ယနေ့မှာ ကစားသွားရမယ့် လီဗာပူးရဲ့ ပွဲစဉ်အတွက် ကြံ့ခိုင်မှု ပြည့်၀ဖို့ များနေပါတယ်။ အီဂျစ်စတားဟာ ပြီးခဲ့တဲ့ စနေနေ့က ဘရိုက်တန်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာ အနည်းငယ် ရသွားခဲ့တာကြောင့် ဒုတိယပိုင်းမှာ လူစားလဲခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကလော့က ဆာလားဟာ အမ်းမရိတ်မှာ ကစားရမယ့် ပွဲစဉ်အမှီ ကြံ့ခိုင်မှု ပြန်လည် ပြည့်၀လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ကလော့က “သူ available ဖြစ်ဖို့ များနေပါတယ်။ မိုဟာ မာကျောတဲ့ ကစားသမား တစ်ဦးပါ။ သူဟာ အနည်းငယ် ဒဏ်ရာလေး ရခဲ့တာပါ။ ကျွန်တော်တို့ ဒါနဲ့ ပက်သက်ပြီး အတော်လေး ကံကောင်းခဲ့ပါတယ်။ ဒဏ်ရာက ရောင်နေခဲ့ပြီး နာကျင်မှု ရှိခဲ့ပါတယ်။ ဒါပေမယ့် မနေ့က သူ့ရဲ့ ဒဏ်ရာဟာ အရောင်ကျလာပြီး နာကျင်မှုလည်း နည်းပါးသွားခဲ့ပါတယ်။ ပြီးတော့ မိုဟာ အသင်းနဲ့ အတူ လေ့ကျင့်ခန်းဆင်းဖို့ အသင့် ဖြစ်နေတယ်လို့ ကျွန်တော် မက်ဆေ့ခ်ျ ရခဲ့ပါတယ်။ သူ့ရဲ့ အခြေအနေ ဘယ်လိုလဲ ဆိုတာ စောင့်ကြည့်သွားရတာပေါ့။” လို့ ဆိုခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ကလော့က ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့တဲ့ နောက်ခံလူ ကိုနာတေးဟာ ကြံ့ခိုင်မှု ပြန်လည် ပြည့်၀လာခဲ့ပြီလို့ အတည်ပြုလိုက်ပေမယ့် ဂျိမ်းမီနာ နဲ့ ကော့စတပ်ဆီမီကတ်စ် တို့ကတော့ အဖျားဝေဒနာကြောင့် ဒီပွဲမှာ ပါ၀င်နို်င်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

“အီဘူ (ကိုနာတေး) ဟာ ပြန်လာခဲ့ပါပြီ။ မီလီ နဲ့ ကော့စတပ် တို့ကတော့ ဒီပွဲမှာ ပါ၀င်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် နားလည်ထားပါတယ်။ အဖျားဝေဒနာကြောင့်ပါ။ ဒါပါပဲ။” လို့ ကလော့က ပြောခဲ့ပါတယ်။

မန်စီးတီးဟာ တနင်္လာနေ့က ခရစ်စတယ်ပဲလေ့စ်နဲ့ ဂိုးမရှိသရေကျခဲ့တာကြောင့် ရမှတ် ၂ မှတ် ဆုံးရှုံးခဲ့ကာ လက်ရှိ အချိန်မှာ လီဗာပူးထက် တစ်ပွဲပိုကစားပြီး ၄ မှတ်အသာနဲ့ ဇယားထိပ်မှာ ရပ်တည်နေပါတယ်။ အကယ်လို့များ လီဗာပူးသာ ဒီနေ့ည အာဆင်နယ်နဲ့ ပွဲစဉ်မှာ ရလဒ်ကောင်းခဲ့မယ် ဆိုရင် မန်စီးတီးနဲ့ ၁ မှတ်အကွာကို ရောက်လာမှာ ဖြစ်ပြီး title race ဟာ ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်သွားမှာ ဖြစ်ပါတယ်။

Title race မှာ မန်စီးတီးကို တောက်လျှောက် ဖိအားပေးသွားဖို့ ကြိုးစားနေတာနဲ့ ပက်သက်ပြီး လီဗာပူး နည်းပြက “ဒါဟာ အစီအစဉ်ပါပဲ။ တက်နိုင်သမျှ စိတ်အနှောက်အယှက် ဆက်ပေးနိုင်ဖို့ဟာ ကျွန်တော်တို့ရဲ့ အစီအစဉ်ပါပဲ။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပဲ ကျွန်တော်တို့ ကိုယ်ကစားရမယ့် ပွဲစဉ်တွေကို အနိုင်ရအောင် ကစားသွားမှ ရမှာပါ။ ဒီနေရာမှာ ထိုင်ပြောနေလို့ ဘာမှ အကူအညီ မဖြစ်ပါဘူး။ ခင်ဗျားတို့လည်း သိပြီးသား ဖြစ်မှာပါ။ ကျွန်တော်တို့ အနေနဲ့ အမှတ်ပေးဖလားဟာ ငါတို့နဲ့ မသက်ဆိုင်ဘူးဆိုပြီး ဘာကြောင့် ပြောသွားရမှာလဲ?

ကျွန်တော်တို့ဟာ တအားကို ရည်မှန်းချက် ကြီးတဲ့အသင်း ဖြစ်ပြီး ကြီးကြယ်တဲ့ အရာတွေ လုပ်သွားဖို့ တအားကို အားထုတ်နေကြတာပါ။ ဒါပေမယ့် သူတို့ကို ကျွန်တော်တို့ လေးစားပါတယ်။ ကျွန်တေ်ာတို့နဲ့ ရင်ဆိုင်ရမယ့် အသင်းတွေဟာ တကယ့် အသင်းကောင်းတွေ ဖြစ်နေတာကြောင့် ပိုပြီးတော့ လေးစားပါတယ်။ လက်ကျန် ၁၀ ပွဲမှာ ကျွန်တော်တို့ အတွက် တကယ် ခက်ခဲတဲ့ ပွဲတွေ ရှိနေပါတယ်။ ပရီးမီးယားလိဂ် ပွဲတိုင်းဟာ ခက်ခဲပါတယ်။ ဒါပေမယ့် ပွဲအချို့ဟာ အထူးကို ခက်ခဲမှာပါ။ ဒီထဲက တစ်ပွဲက အာဆင်နယ်နဲ့ပွဲစဉ် ဖြစ်ပါတယ်။

ကျွန်တော်တို့ လက်ကျန် ၁၀ ပွဲစလုံးကို အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ အတက်နိုင်ဆုံး ကြိုးစား သွားမှာ ဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော် ခင်ဗျားတို့ကို ပြောနိုင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM