အာဆင်နယ်ကို နိုင်ခဲ့တဲ့ ပွဲစဉ်အပြီး သူ့ကစားသမားအပေါ် ဝေဖန်သူတွေကို အပြင်းအထန် တုန့်ပြန်လိုက်တဲ့ ကလော့

အာဆင်နယ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ၁၇ ကြိမ်မြောက် clean sheet ကို ရယူနိုင်ခဲ့ပြီးနောက် ယာဂန်ကလော့က လီဗာပူး ခံစစ်ပိုင်းကို ချီးကျူးသွားခဲ့ပါတယ်။ လီဗာပူးဟာ ဒုတိယပိုင်းမှာ ဂျိုတာ ဖာမီနို တို့ရဲ့ ဂိုးတွေနဲ့ အတူ အမ်းမရိတ်မှာ အနိုင်ယူကာ ထိပ်ဆုံးက မန်စီးတီးကို ၁ မှတ်အကွာနဲ့ ဖိအားပေးလိုက်ပါတယ်။

ကလော့ဟာ ဒီရာသီ အာဆင်နယ်နဲ့ ရင်ဆိုင်ရာမှာ clean sheet ၄ ပွဲဆက် ရယူထားခဲ့တဲ့ သူ့ရဲ့ နောက်ခံလူတွေကို အထူး ချီးကျူးသွားခဲ့ပြီး အလက်ဇန်းဒါးအာနိုး အနေနဲ့ ခံစစ် မကစားနိုင်ဘူးဆိုတဲ့ ပြောဆိုမှုတွေ အပေါ် တုန့်ပြန်မှု လုပ်သွားခဲ့ပါတယ်။

ကလော့က “ဒါဟာ ကျွန်တော်တို့ရဲ့ ရှင်းလင်းလှတဲ့ ခံစစ် စွမ်းဆောင်ရည်ကောင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဇန်နဝါရီ အစောပိုင်းမှာ ခံစစ်ပိုင်းနဲ့ ပက်သက်ပြီး ချိန်ညှိမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ ခံစစ်ပိုင်းကို အသေအချာ ပြင်ဆင်ခဲ့ပါတယ်။ မဟုတ်ရင် ကျွန်တော်တို့ဟာ ဟိုအသင်း ဒီအသင်းတွေ လိုမျိုးပဲ နိုင်လိုက် ရှုံးလိုက် ဖြစ်နေမှာပါ။ ဒီနေ့မှာ ကျွန်တော်တို့ ၂-၀ နဲ့ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ၁-၀ နဲ့ ကပ်နိုင်ခဲ့တဲ့ ပွဲစဉ်တွေလည်း ရှိခဲ့ပါတယ်။ အကယ်၍ ကျွန်တော်တို့ ခံစစ်ပိုင်းက ကောင်းမွန်မှု မရှိဘူးဆိုရင် ဒီလိုပွဲတွေကို အနိုင်ရမှာ မဟုတ်ပါဘူး။

ဒီနေ့မှာ ခံစစ်ပိုင်းဟာ တအားကို ကောင်းခဲ့ပါတယ်။ အလီဟာ ကျွန်တော်တို့ကို နောက်တစ်ကြိမ် ကယ်တင်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ full-back တွေ လုပ်ခဲ့တာတွေဟာ တကယ့်ကို ရူးသွပ်စရာပါပဲ။ ကျွန်တော် ပြောခဲ့ပြီး ဖြစ်မှာပါ။ ထရန့် အနေနဲ့ ခံစစ်ကို မကစားနိုင်ဘူးဆိုပြီး ပြောနေတဲ့ သူတွေ ရှိရင် ကျွန်တော့်ဆီကို လာနိုင်ပါတယ်။ ကျွန်တော် ပစ်ထိုးလိုက်မှာပါ။ ဒါမှသာ နောက်ထပ် မကြားရတော့မှာ ဖြစ်ပါတယ်။ ကောင်လေး ဒီထက် ပိုပြီး ဘာထပ်လုပ်ပြရအုံးမှာလဲဗျာ။ ၀မ်းနည်းပါတယ်။ ဒီလိုပြောတဲ့သူတွေဟာ ဘောလုံးနဲ့ ပက်သက်ပြီး ဘာမှ မသိပါဘူး။

ထရန့်အပေါ် ဒီလို ပြောနေတဲ့ လူတိုင်းဟာ ရူးနေလို့ပါ။ သူဟာ မာတင်နယ်လီလို ကစားသမားနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဟန်ဒါဆန်ကလည်း အများကြီး ကာဗာလုပ်ပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ခံစစ်ကစားပုံ ပိုကောင်းခဲ့ပါတယ်။ သူတို့အတွက် တစ်ခုတည်းသော option က မာတင်နယ်လီ ဆီကို ထောင့်ဖြတ်ဘောတွေ ပေးပို့တာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် သူတို့ဟာ one v one အခြေအနေတွေ တောက်လျှောက် ရခဲ့ပါတယ်။ ကျွန်တော်တို့ ဒီလို အခြေအနေတွေကို တားဆီးနိုင်ခဲ့တဲ့ အတွက် ဒီနေ့မှာ နိုင်ခဲ့တာပါ။ အမှန်ပါပဲ။ တိုက်စစ်ပိုင်းက ဂိုးတွေ သွင်းဖို့တော့ လိုအပ်တာပေ့ါဗျာ။ ဒါပေမယ့် ကျွန်တော်တို့ ဒီလို အခြေအနေတွေကို ကာကွယ်ခဲ့ရပါတယ်။ ဒါဟာ အထူး လိုအပ်ခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

Title race နဲ့ ပက်သက်ပြီး ကလော့က “ကျွန်တော်စီးတီးအကြောင်းကို အများကြီး မတွေးမိပါဘူး။ ဒါဟာ အမှန်ပါပဲ။ ကျွန်တော်တို့အတွက် တစ်ခုတည်းသော အခွင့်အရေးက ပွဲတွေ အများကြီးကို အနိုင်ရမှ ဖြစ်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ပြိုင်ဘက်ဟာ မယုံနိုင်လောက်အောင် နိုင်ပွဲပမာဏတွေ ရထားခဲ့တဲ့ အသင်းဖြစ်နေလို့ပါ။ ရမှတ်ဆုံးရှုံးဖို့ အခွင့်အရေး မရှိပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကျွန်တော်တို့ဟာ တစ်ဦးနဲ့တစ်ဦး မယုံနိုင်စရာ level ကို တွန်းပို့ခဲ့ရပါတယ်။ သူတို့ ဒီလို ရမှတ်မျိုး ရခဲ့တာဟာ ကျွန်တော်တို့ ရှိခဲ့လို့ပါ။

ဒါ့ကြောင့် ပွဲစဉ်တိုင်းဟာ ဖိုင်နယ်ပါပဲ။ ဒါကို enjoy ဖြစ်နိုင်ပြီး အပြင်းအထန် အားထုတ်ဖို့လည်း အသင့်ဖြစ်နေရပါမယ်။ ကျွန်တော်တို့ စီးတီးနဲ့ လာမည့် ၃ ၄ ပတ်လောက်မှာ ရင်ဆိုင်ရမှာပါ။ ကျွန်တော်တို့ သူတို့ကို ကောင်းမွန်တဲ့ တိုက်ပွဲတစ်ခု ပေးသွားမှာပါ။ ဒါကလွဲပြီး ကျွန်တော်တို့ဟာ အခုချိန်မှာ ကောင်းမွန်တဲ့ အခိုက်အတန့် ကောင်းမွန်တဲ့ mood တွေ ရှိနေပါတယ်။ ဒါပေမယ့် ဒီဖလားကို ရယူနိုင်ဖို့ အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ တကယ့်ကို အပြင်းအထန် အားထုတ်ဖို့ ဆိုတာ ကျွန်တော်တို့ သိပါတယ်။”

SM