အသင်းဖော်တွေနဲ့ ဖွဲ့စည်းထားတဲ့ Best XI ကို ရွေးချယ်ရာမှာ မက်ဆီနဲ့ နူအာ တို့ကို အံ့အားသင့်ဖွယ် ချန်လှပ်ပစ်ခဲ့တဲ့ တာစတီဂန်

ဘာစီလိုနာ ဂိုးသမား မက်အန်ဒရီ တာစတီဂန်ဟာ သူ တွဲဖက် ကစားခဲ့ဖူးတဲ့ အသင်းဖော်တွေနဲ့ ဖွဲ့စည်းထားတဲ့ သူ့ရဲ့ အိမ်မက် အသင်းကို ရွေးချယ်ပေးခဲ့ရာမှာ လီယွန်နယ်မက်ဆီ နဲ့ မန်နူရယ်နူအာ တို့ကို အံ့အားသင့်ဖွယ် ချန်လှပ်ပစ်ခဲ့ပါတယ်။ တာစတီဂန် နဲ့ မက်ဆီ တို့ဟာ လွန်ခဲ့တဲ့ ၂၀၁၄ နဲ့ ၂၀၂၁ ခုနှစ်ကြား နူးကမ့်မှာ အသင်းဖော်တွေ ဖြစ်ခဲ့ကြပြီး အာဂျင်တီးနား စူပါစတားဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ပီအက်ဂျီကို ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကာလအတွင်း ဘာစီလိုနာဟာ လာလီဂါဖလား ၄ ကြိမ် နဲ့ ချန်ပီယံလိဂ် ဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီဟာ ဒီအောင်မြင်မှုဟာ အထူး အရေးပါတဲ့ ကဏ္ဍကနေ ပါ၀င်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘလွန်းဒေါ ၇ ကြိမ်ဆုရှင် မက်ဆီ အနေနဲ့ တာစတီဂန်ရဲ့ အကောင်းဆုံး အသင်းမှာ ပါ၀င်ဖို့ မလုံလောက်ခဲ့ဘဲ ဂျာမနီ ဂိုးသမားဟာ ကွင်းလယ်တိုက်စစ်ပိုင်း နေရာ အတွက် အာဂျင်တီးနား စူပါစတား အစား လက်ရှိအသင်းဖော် ဖရန်ကီဒီယောင်းကို ရွေးချယ်ခဲ့ ပါတယ်။

ဒါ့အပြင် ဘာကာ ဂိုးသမားဟာ တိုက်စစ်ပိုင်း နေရာအတွက်လည်း မက်ဆီကို နေရာ မပေးခဲ့ဘဲ ဒီနေရာတွေ အတွက် ဂျာမန် အသင်းဖော်တွေ ဖြစ်ကြတဲ့ မာကိုရိုက်စ် နဲ့ မာရီယိုဂေါ့ဇီ တို့ကို ရွေးချယ်သွားခဲ့ ပါတယ်။ တာစတီဂန်ဟာ နိုင်ငံတကာအဆင့်မှာ ဒီကစားသမား ၂ ဦးနဲ့ အတူ တွဲဖက် ကစားခဲ့သူ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ဂျာမနီကို ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်စေခဲ့တဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဂေါ့ဇီ အတွက် နေရာ တစ်နေရာ ပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် တာစတီဂန်ဟာ ဂျာမနီမှာ ဆယ်စုနှစ် တစ်ခုကျော်ကြာ ပထမဦးစားပေး ဂိုးသမား အဖြစ် ရပ်တည်ထားခဲ့တဲ့ နူအာကိုလည်း မရွေးချယ်ခဲ့ပါဘူး။ အသက် ၃၅ နှစ်အရွယ် နူအာဟာ သူ့ရဲ့ ကစားသမား ဘ၀ အတွင်း ဂျာမနီ အတွက် ပွဲပေါင်း ၁၀၈ ပွဲ ကစားထားခဲ့သူ ဖြစ်ပြီး လက်ရှိမှာ နိုင်ငံ့လက်ရွေးစင် အသင်းရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် တာစတီဂန်ဟာ ဒီနေရာ အတွက် ယာနစ်ဘလာဆွစ်ခ်ျ ကိုသာ ရွေးခဲ့ပါတယ်။

ဘလာဆွစ်ခ်ျ နဲ့ တာစတီဂန် တို့ဟာ မွန်ချင်ဂလာဘတ် အသင်းမှာ အတူ တွဲဖက် ကစားခဲ့ကြသူတွေ ဖြစ်ပြီး ဘလာဆွစ်ခ်ျဟာ အခုချိန်မှာ နယ်သာလန် ကလပ် ဟာရာကလပ်စ်အယ်မီလိုမှာ ကစားလျက် ရှိနေပါတယ်။ ဒ့ါအပြင် တာစတီဂန်ရဲ့ Best XI မှာ နောက်တန်း နေရာအတွက် မထင်မှတ်ထားသူတွေ ပါ၀င်နေခဲ့ပြီး နောက်တန်း ၄ ဦး နေရာမှာ ဒါနီအဲဗက်စ် အန်တိုနီယိုရူဒီဂါ ဂျရတ်ပီကေး နဲ့ ဂျော်ဒီအယ်ဘာ တို့ကို ရွေးချယ်ခဲ့ပါတယ်။

အဲဒီနောက် ဂျာမန် ကစားသမားဟာ ကွင်းလယ်ပိုင်းမှာ ဘာစီလိုနာရဲ့ နာမည်ကျော် ကွင်းလယ်တွဲဖက် ဖြစ်ခဲ့တဲ့ ဘူ့စကွက် ဇာဗီ အင်နီယေစတာ တို့ကို ထည့်သွင်းခဲ့ပါတယ်။

တာစတီဂန်ရဲ့ Dream Best XI – ဘလာဆွစ်ခ်ျ ၊ ဒါနီအဲဗက်စ် ၊ ရူဒီဂါ ၊ ပီကေး ၊ အယ်ဘာ ၊ ဘူ့စကွက် ၊ ဇာဗီ ၊ အင်နီယေစတာ ၊ ဒီဂျောင်း ၊ ဂေ့ါဇီ ၊ မာကိုရိုက်စ်

SM