“အသင်းကောင်းတသင်းကို မြင်နေရပါပြီ” – ဇာဗီ ရဲ့ ဘာစီလိုနာကို ချီးကျုးပြောဆိုသွားတဲ့ ရိုနယ်ဒို

ဘာစီလိုနာ အသင်းမှာ ကစားခဲ့ဖူးတဲ့ ဘရာဇီး ဘောလုံး ဂန္ထဝင်ကြီး ရိုနယ်ဒို နာဇာရီယို က ဇာဗီ ဟာနန်ဒက်စ် ရဲ့ လက်အောက်မှာ ဘာစီလိုနာ အသင်း တိုးတက် ပြောင်းလဲ ကောင်းမွန် လာမှု အပေါ် ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ ဒီရာသီစ ကတည်းက ရလဒ်တွေ ဆိုးရွား ခဲ့ပြီး ချန်ပီယံလိဂ် အုပ်စု အဆင့်ကိုပင် မကျော်လွန် နိုင်ခဲ့ ပါဘူး ။

ဒါကြောင့် နည်းပြ ရော်နယ်ကိုးမန်း အပါအဝင် အသင်း ဥက္ကဌတွေ ၊ ဒါရိုက်တာတွေ နဲ့ အဖွဲ့ဝင်တွေ အားလုံးကို အပြောင်းအလဲ ပြုလုပ် ခဲ့ပြီး ကွင်းလယ်လူဟောင်း ဇာဗီ ဟာနန်ဒက်စ် ကို နည်းပြ အဖြစ် ခန့်အပ် ခဲ့ပါတယ် ။

ဘာစီလိုနာ ဟာ ဇာဗီ လက်ထက် မှာ ရလဒ်တွေ သိသိ သာသာ တိုးတက် လာခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ ဝေးကွာ နေတဲ့ အနေအထား ကနေ အဆင့် ၂ နေရာကို ချိန်ရွယ် နိုင်တဲ့ အထိ ကောင်းမွန် လာခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ တနင်္ဂနွေ မှာတော့ ဘာစီလိုနာ ဟာ မဟာ ပြိုင်ဘက် ရီးရဲ မက်ဒရစ် ကို ဘာနေဗျူး ကွင်းအထိ သွားရောက်ပြီး ၄ ဂိုးပြတ် အနိုင် ကစား သွားခဲ့ ပါတယ် ။

ဒီပွဲ အပါအဝင် ဘာစီလိုနာ ဟာ နောက်ဆုံး ကစားခဲ့တဲ့ ၁၂ ပွဲ ( ပြိုင်ပွဲစုံ ) ကို မရှုံးနိမ့် အောင် ကစားနိုင်ခဲ့ပြီး အဆိုပါ ၁၂ ပွဲမှာ ၃၂ ဂိုး အထိ သွင်းယူကာ ၁၀ ဂိုးသာ ပေးထားရတဲ့ အထိ ပုံစံကောင်း ရရှိခဲ့ ပါတယ် ။

ဒီရလဒ် ဟာ ရီးရဲ ရဲ့ အဆင့် ရပ်တည်မှု ကို မထိခိုက် စေခဲ့ပေမယ့် မဟာပြိုင်ဘက် ကို ဂိုးပြတ် ရှုံးနိမ့် ခဲ့မှု အတွက် သတင်းစာတွေ ၊ ကစားသမား ဟောင်းတွေရဲ့ ဝေဖန် ပြောဆိုမှုကို ခံခဲ့ရ ပါတယ် ။

ရီးရဲ ရော ဘာစီလိုနာ မှာပါ ကစားခဲ့ဖူးတဲ့ ရိုနယ်ဒို ကတော့ ဘာစီလိုနာ ဟာ အရင်လို အသင်းကောင်း တသင်း ပြန်ဖြစ်လာခဲ့ပြီ လို့ ဘာစီလိုနာ ရုပ်သံ နဲ့ အင်တာဗျူးမှာ ပြောဆိုကာ ဇာဗီ ကို ချီးကျူး သွားခဲ့ ပါတယ် ။

“စပိန် ဘောလုံး ကို ကျွန်တော် ချစ်ပါတယ် ၊ ဒီမှာ လိုက်ပြီး စီးမြော ပါတယ် ။ ဇာဗီ ရောက်လာတာက ဘာစီလိုနာ အတွက် မကြာသေးခင် က ဖြစ်ပျက် ခဲ့တဲ့ အတိတ်ဆိုးတွေ ကို မေ့ပစ်ဖို့ အစပြု လိုက်တာ ပါပဲ ။

အခု သူတို့ အသင်းကောင်း တသင်း ပြန်ဖြစ် နေပါပြီ ။ ဘာစီလိုနာ ရဲ့ တိုက်စစ် အသားပေးပြီး အချိတ် အဆက် မိတဲ့ ကစားဟန် ကိုလည်း ပြန်ဖော်ဆောင် နိုင်ခဲ့ပါပြီ”

“ဘောလုံးက လူတွေ တွေးသလို မရိုးရှင်း ပါဘူး ။ မိနစ် ၉၀ စာ ပွဲတပွဲ အတွက် လုပ်ရတာတွေ အများကြီး ရှိပါတယ် ။ အဝတ်လဲခန်း ထဲက စီမံခန့်ခွဲတာတွေ ၊ အသင်းက ဝန်ထမ်းတွေ ကို ညွှန်ကြား တာတွေ ၊ ပြဿနာ သေးသေး လေးကနေ အကြီးကြီးတွေ အထိ ကိုင်တွယ် ဖြေရှင်း ရတာတွေ အများကြီးပါပဲ ။

နည်းပြကောင်း တယောက်သာလျှင် ဒါကို ကောင်းကောင်း ကိုင်တွယ် နိုင်တာပါ ။ အခု ဇာဗီ က ကောင်းကောင်း လုပ်ပြ နေပါတယ်” လို့ ရိုနယ်ဒိုကြီးက ချီးကျူး ပြောဆိုသွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက အကုန်အကျ နည်းပါးစွာ နဲ့ ခေါ်ယူ ထားတဲ့ ကစားသမားတွေ ဆီက အကျိုးများစွာ ရရှိခဲ့ ပါတယ် ။ အဲ့ဒိအထဲမှာတော့ အာဆင်နယ် နဲ့ စာချုပ် ဖျက်သိမ်းကာ အလွတ် ပြောင်းရွှေ့ လာခဲ့တဲ့ ဂါဘွန် တိုက်စစ်မှူး အော်ဘားမီးယန်း ကတော့ အကျိုးအပြုဆုံး ဖြစ်ခဲ့ကာ ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ၉ ဂိုးအထိ သွင်းယူ ပေးထားခဲ့ပြီ ဖြစ်ပါတယ် ။

“သူ ( အော်ဘားမီးယန်း ) ရွေ့လျားတဲ့ ပုံတွေ ၊ သူ့ရဲ့ အဆုံးသတ်ပုံတွေ ကို ကျွန်တော် သဘောကျ ပါတယ် ။ သူက တိုက်စစ်မှူး စစ်စစ် တယောက်ရဲ့ အရည်အသွေးတွေ နဲ့ ပြည့်စုံတဲ့ သူပါ ။ နောက်ပြီးတော့ သူက ပြေးလွှား ကစားတာလည်း ရပါတယ် ။

တကယ်ကောင်းတဲ့ တိုက်စစ်မှူး တယောက် ပါ ၊ ဘာစီလိုနာ သူ့ကို ရလိုက်တာ တကယ် ကောင်းပါတယ်” လို့ ရိုနယ်ဒိုကြီး က အော်ဘားမီးယန်း ကို ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ နိုင်ငံတကာ ရက်သတ္တပတ် အပြီးမှာ အဆင့် ၂ နေရာက ဆီဗီးလား နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး ရာသီ အကုန်မှာ အဆင့် ၂ နေရာနဲ့ ပိတ်သိမ်း နိုင်ဖို့ အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်လာမှာ ဖြစ်ပါတယ် ။

ဥရောပ မှာတော့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိ နေပြီး ဂျာမန် ကလပ် ဖရန့်ဖွတ် နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR