အလန်းစား သွင်းဂိုးတွေနဲ့ ဂန်းနားတို့ လေးပွဲဆက် အနိုင်ရခဲ့တဲ့ ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အကြောင်းအရာများ

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၈) ပွဲမှာ တန်းဆင်းဇုန် ထဲက ဝက်ဖိုဒ့် အသင်းကို ၂-၃ နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် ဝင်ခွင့် လမ်းကြောင်းပေါ်မှာ အခြေအနေ ကောင်းကောင်း နဲ့ ဆက်လျှောက် နေပါတယ် ။

အာဆင်နယ် အသင်းဟာ အိုဒီဂတ် ရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့တာ ဖြစ်ပေမယ့် ဟာနန်ဒက်စ် က ဝက်ဖိုဒ့် အတွက် ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ် ။ အဲ့ဒီနောက်မှာ ဆာကာ က အာဆင်နယ် အတွက် ဦးဆောင်ဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပြီး ဒုတိယပိုင်းမှာ မာတင်နယ်လီ က နောက်ထပ် ဦးဆောင်ဂိုး တစ်ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။

ပွဲပြီးခါနီးမှာ ဆစ်ဆိုကို က ဝက်ဖိုဒ့် အတွက် ချေပဂိုး တစ်ဂိုး ပြန်သွင်း ပေးခဲ့တာကြောင့် စိတ်လှုပ်ရား စရာ ဖြစ်ခဲ့ရပေမယ့် အာဆင်နယ် အသင်းဟာ နောက်ထပ် ချေပဂိုး မပေးရအောင် ထိန်းသိမ်းပြီး အနိုင် ၃ မှတ် ရယူ သွားခဲ့ပါတယ် ။

(ဝက်ဖိုဒ့် ၂-၃ အာဆင်နယ်) ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အကြောင်းအရာ များကို ဖော်ပြ ပေးလိုက်ပါတယ် ။

၁ ။ အလန်းစား သွင်းဂိုးများကို မြင်တွေ့ ခဲ့ရတဲ့ပွဲ

သွင်းဂိုး ၅ ဂိုး အထိ ရှိခဲ့တဲ့ ဒီပွဲမှာ ဂိုးအားလုံးက အဆင့်အတန်းမြင့် သွင်းဂိုးတွေ ဖြစ်​ကြပါတယ် ။ အာဆင်နယ် အသင်းရဲ့ ပထမ ဦးဆောင်ဂိုးဟာ ဆာကာ ရဲ့ ပေးပို့မှု ကနေ အိုဒီဂတ် က လှလှပပ ကန်သွင်း ယူခဲ့တာ ဖြစ်ပါတယ် ။

ဝက်ဖိုဒ့် အသင်းရဲ့ချေပဂိုးဟာလည်း လှပပြီး ဟာနန်ဒက်စ် က overhead kick နဲ့ မြေမကျ ကန်သွင်းယူခဲ့တာပါ ။

အာဆင်နယ် အသင်း ရဲ့ ဒုတိယဂိုးကတော့ ဆာကာ နဲ့ လာကာဇက် အတွဲအဖက် ကနေ ဆာကာ က လှပတဲ့ ကန်ချက် နဲ့ သွင်းယူ ခဲ့တာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်း ရဲ့ နောက်ဆုံး ဂိုးဟာလည်း လာကာဇက် ရဲ့ဖန်တီးပေးပို့မှု ကနေပဲ မာတင်နယ်လီ က ကန်သွင်း ယူခဲ့တာပါ ။ ဝက်ဖိုဒ့် အသင်းရဲ့ နောက်ထပ် ချေပဂိုး တစ်ဂိုးကတော့ ဘန်ဝှိုက် နဲ့ ရမ်စ်ဒဲလ် ကို ကျော်ဖြတ်ပီး ဆစ်ဆိုကို က သွင်းယူ ခဲ့တာ ဖြစ်ပါတယ် ။

၂ ။ အိုဒီဂတ် နဲ့ ဆာကာတို့ရဲ့masterclass

ဒီနေ့ပွဲမှာ အိုဒီဂတ် နဲ့ ဆာကာတို့ နှစ်ဦးစလုံးဟာ ဂိုးတွေ သွင်းနိုင်ခဲ့ကြသလို ထိပ်တန်း အဆင့် ခြေစွမ်းတွေကိုလည်း ပြသ နိုင်ခဲ့ပါတယ် ။ အိုဒီဂတ် ဟာ ဝက်ဖိုဒ့် နဲ့ ပွဲမှာ ဘောလုံး ပေးပို့မှု တိကျတဲ့ ရာခိုင်နှုန်း ၉၁ အထိ ရှိပြီး ဘောလုံး ထိချက် ၈၈ ကြိမ် အထိ ရှိခဲ့ပါတယ် ။ ဒါ့အပြင် final third အတွင်း ပေးပို့မှု ၃၁ ကြိမ် ၊ အခွင့်အရေး ဖန်တီးမှု၄ ကြိမ် ၊ ဖျက်ထုတ်မှု ၄ ကြိမ် ၊ ဘောလုံး ပြန်လည် ရယူနိုင်မှု ၉ ကြိမ် ၊ ဘောလုံးယှဉ်လှရာမှာ အသာရမှု ၅ ကြိမ် ၊ ကန်ချက် ၁ ကြိမ် လုပ်နိုင်ခဲ့ပါတယ် ။

ဆာကာ ဟာလည်း ဘောလုံး ထိချက် ၆၇ ကြိမ်၊final third အတွင်း ပေးပို့မှု ၂၅ ကြိမ် ၊ ဘောလုံး ဖြတ်တင် ပေးပို့မှု ၆ ကြိမ် ၊ အခွင့်အရေး ဖန်တီးမှု ၂ ကြိမ် ၊ ဖျက်ထုတ်မှု ၃ ကြိမ် ၊ ဘောလုံး ပြန်လည် ရယူနိုင်မှု ၃ ကြိမ် ၊ ဘောလုံးယှဉ်လှရာမှာ အသာရမှု ၄ ကြိမ် ၊ ကြားဖြတ်ရယူမှု ၂ ကြိမ် ၊ ကန်ချက် ၁ ကြိမ် ၊ သွင်းဂိုး ၁ ဂိုး ၊ ဂိုးဖန်တီးမှု ၁ ကြိမ် လုပ်နိုင် ခဲ့ပါတယ် ။

၃ ။ အာတီတာ ရဲ့ assist

Sky Sports ရဲ့ commentator တွေကတော့ ဝက်ဖိုဒ့် နဲ့ ပွဲမှာ အာဆင်နယ် နည်းပြ အာတီတာ ဟာ သူ့ရဲ့ ဒီရာသီ ပထမဆုံး ဂိုးဖန်တီးမှု ကို လုပ်နိုင်ခဲ့တယ်လို့ အရွှန်းဖောက် နေခဲ့ကြပါတယ် ။ မာတင်နယ်လီ ရဲ့တတိယဂိုးဟာ နည်းပြ အာတီတာ ကနေ အစပြု ခဲ့တာကြောင့် ခုလို နောက်ပြောင် နေကြတာပါ ။

အာတီတာ ဟာ အာဆင်နယ် အသင်း ရရှိတဲ့ လက်ပစ်ဘော ကို ဆယ်ယူပြီး ဆာကာ ထံ အလျင်အမြန် ပေးခဲ့ကာ ၊ ဆာကာ ကနေ ဆစ်ဒရစ် – အိုဒီဂတ် – လာကာဇက် အဆင့်ဆင့် ပေးပို့ရင်း နောက်ဆုံးမှာ မာတင်နယ်လီ က အဆုံးသတ် ကန်သွင်းခဲ့တာ ဖြစ်ပါတယ် ။

၄ ။ ဂိုးဖန်တီးမှုတွေ နဲ့ လာကာဇက်

ဝက်ဖိုဒ့် နဲ့ ပွဲမှာ လာကာဇက် ဟာ ဆာကာ ၊ မာတင်နယ်လီ တို့ရဲ့သွင်းဂိုးတွေကို ဖန်တီး ပေးနိုင်ခဲ့တာကြောင့် နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲ ၉ ပွဲမှာ ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ရှိလာခဲ့ပြီ ဖြစ်ပြီး ဒီရာသီ ဂန်းနားတို့ရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမား ဖြစ်ပါတယ် ။

ကပ္ပိတိန် လာကာ ဟာ ဝက်ဖိုဒ့် နဲ့ ပွဲမှာ ဘောလုံး ထိချက် ၃၈ ကြိမ်၊final third အတွင်း ပေးပို့မှု ၁၆ ကြိမ် ၊ အခွင့်အရေး ဖန်တီးမှု ၂ ကြိမ် ၊ ဖျက်ထုတ်မှု ၃ ကြိမ် ၊ ဘောလုံး ပြန်လည် ရယူနိုင်မှု ၄ ကြိမ် ၊ ဘောလုံးယှဉ်လှရာမှာ အသာရမှု ၆ ကြိမ် ၊ ကန်ချက် ၂ ကြိမ် လုပ်နိုင် ခဲ့ပါတယ် ။

SM