အလက်ဆစ် ဆန်းချက်ရဲ့ နေရာကို အစားထိုးဖို့ ယူနိုက်တက် အသင်းဖက် မြှားဦးလှည့်လာတဲ့ အင်တာ မီလန် 

 

ထွက်ပေါ်လာတဲ့ သတင်းတွေအရ အီတလီ စီးရီးအေ ထိပ်သီး ကလပ် ဖြစ်တဲ့ အင်တာ မီလန် အသင်းဟာ တိုက််စစ် ကစားသမား ဖြစ်သူ အလက်ဆစ် ဆန်ချက် ရဲ့ နေရာကို အစားထိုးဖို့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး အီဒင်ဆန် ကာဗာနီကို ချိန်ရွယ်နေတယ်လို့ သိရပါတယ် ။

 

အီဒင်ဆန် ကာဗာနီဟာ ဂျွန်လမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးသွားဖို့ ရှိနေပါတယ် ။ ဒါ့ကြောင့် အင်တာ မီလန် အသင်းက သူ့ကို ခေါ်ယူဖို့ အတွက် စိတ်အားထက်သန်နေတာ ဖြစ်တယ်လို့ Gazzetta Dello Sport က ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ် ။

 

အခြားတဖက်မှာတော့ အသက် 35 နှစ် ရောက်ရှိနေပြီ ဖြစ်ပေမဲ့ ကစားအားနဲ့ စကေးတွေ ကောင်းနေဆဲ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးကို ခေါ်ယူဖို့ စပိန် ထိပ်သီး ဘာစီလိုနာ အသင်းကလည်း စိတ်ဝင််စားဆဲပဲလို့ သိလိုက်ရပြန်ပါတယ် ။

 

လက်ရှိ အချိန်မှာတော့ အင်တာ မီလန် အသင်းဟာ တိုက််စစ်မှူး အလက်ဆစ် ဆန်းချက် နဲ့ လမ်းခွဲဖို့ ပြင်ဆင်နေတဲ့ အတွက် တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ ပစ်မှတ််အသစ် ကြိုတင် ရှာဖွေနေတာပဲ ဖြစ်ပါတယ် ။

 

 

အီဒင်ဆန် ကာဗာနီဟာ လက်ရှိ ဘောလုံး ရာသီမှာ ဒဏ််ရာ ပြသနာတွေ အကြား ရုန်းကန်နေခဲ့ရတာကြောင့် အသင််း အတွက် ပြိုင်ပွဲစုံ 17 ပွဲသာ ကစားပေးထားနိုင်ခဲ့ပြီး 2 ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ဘောလုံးရာသီ တုန်းကတော့ သူဟာ ယူနိုက်တက် အတွက် 39 ပွဲ ကစားခဲ့ပြီး 17 ဂိုးထိ သွင်းယူနိုင်ခဲ့ပါသေးတယ် ။

 

ကာဗာနီဟာ ယခင်တုန်းကတော့ နာပိုလီ ၊ ပါလာမို အသင််းတွေ အတွက် ကစားပေးခဲ့သူ ဖြစ်တာကြောင့် စီးရီးအေ ပြိုင်ပွဲဆီကို ပြန်လည် ပြောင်းရွှေ့သွားနိုင်ဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်နေခဲ့ပါတယ် ။ ဒါပေမဲ့ ပြိုင်ဖက်ဟောင်းဆီ ပြောင်းမလားဆိုတာတော့ မသေချာသေးပါဘူး ။

 

သေချာတာ တစ်ခုကတော့ တိုက်စစ် ကစားသမားတွေ များနေပြီး ပွဲထွက်ကစားခွင့် သေချာပေါက် ရနိုင်ခြေမရှိတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ စာချုပ် သက်တမ််း ကုန်ဆုံးသွားပါက ကာဗာနီ ဟာ ဆက်ရှိ နေနိုင်ဖို့ မသေချာတော့တာ အမှန်ပါပဲ ။

 

အခြားတဖက်မှာတော့ အင်တာ မီလန် အသင်းဟာ ကာဗာနီ ကို မခေါ်ယူနိုင်ခဲ့ပါက တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ အတွက် အက်သလက်တီကို မက်ဒရစ် အသင်းမှ တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ် နဲ့ နာပိုလီ အသင်းမှ တိုက််စစ်မှူး ဒရိုင်း မာတင် ကိုပါ ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ် ။

ကာဗာနီဟာ 2020 ခုနှစ်တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့တာ ဖြစ်ပြီး နောက်တစ်နှစ် စာချုပ် သက်တမ်း တိုးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ လက်ရှိ အချိန် ယူနိုက်တက် အသင်းမှာ ရော်နယ်ဒို ၊ ဆန်ချို ၊ ရပ်ရှ်ဖို့ ၊ အီလန်ဂါ တို့က ဦးစားပေး ဖြစ်နေတာကြောင့် စာချုပ် သက်တမ်း ကုန်တာနဲ့ အသင်းပြောင်းလိမ့်မယ်လို့ သတင်းကြီးနေခဲ့ပါတယ် ။

 

#Sports_Myanmar