အပေါင်းလက္ခဏာဆောင်ခဲ့တဲ့ အလက်ဇန်းဒါးအာနိုးရဲ့ ဒူးကောက်ကြောဒဏ်ရာ နောက်ဆုံးရသတင်း

ထရန့်အလက်ဇန်းဒါးအာနိုးရဲ့ ဒူးကောက်ကြော ဒဏ်ရာ နောက်ဆုံးရ သတင်းကတော့ အပေါင်းလက္ခဏာဆောင်ခဲ့ပြီး လီဗာပူး ညာနောက်ခံလူဟာ ဧပြီလရဲ့ ပွဲစဉ် အများစုကို ပါ၀င် ကစားသွားနိုင်ဖို့ များနေပါတယ်။ လီဗာပူး အသင်းဟာ လာမည့်လမှာ ၂၇ ရက် အတွင်း ၈ ပွဲထိ ကစား သွားရဖို့ ရှိနေပြီး အဆိုပါ ပွဲစဉ်ဇယားမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ကလည်း ပါ၀င်လာဖို့ ရှိနေပါတယ်။

ဒီကာလဟာ ယာဂန်ကလော့ရဲ့ အသင်းအတွက် အဆုံးအဖြတ် ပေးမယ့် လဖြစ်လာမှာ ဖြစ်ပြီး မန်နေဂျာ အနေနဲ့ ၀က်ဖို့ဒ် ၊ ဘင်ဖီကာ (နှစ်ကျော့) ၊ မန်စီးတီး (နှစ်ကြိမ်) ၊ မန်ယူနိုက်တက် ၊ အဲဗာတန် နဲ့ နယူးကာဆယ် တို့နဲ့ ပွဲစဉ်တွေမှာ သူ့ရဲ့ ပထမ ညာနောက်ခံလူ avalilable ဖြစ်နေဖို့ စိတ်အားထက်သန်နေမှာပါ။

နော့တင်ဟမ်ဖောရက်စ်ကို ၁-၀ နဲ့ အနိုင်မရမီ ကလော့က အလက်ဇန်းဒါးအာနိုးဟာ ဒူးကောက်ကြော ဒဏ်ရာကြောင့် ရက်သတ္တပတ်နဲ့ချီကာ နားရနိုင်တယ်လို့ ဆိုလိုက်ပြီး လက်ရှိမှာတော့ လီဗာပူးစတားဟာ လာမည့် အင်္ဂလန်ရဲ့ ခြေစမ်းပွဲတွေမှာ ပါ၀င်နိုင်တော့မှာ မဟုတ်ပါဘူး။

ဒါပေမယ့်လည်း နောက်ဆုံး ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ လီဗာပူး ညာနောက်ခံလူဟာ လာမည့် ဧပြီလ ၁၀ ရက်နေ့ မန်စီးတီးနဲ့ အရေးကြီး ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်မီ ပြန်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ အလက်ဇန်းဒါးအာနိုးရဲ့ ဒဏ်ရာကို စကန်ဖတ် စစ်ဆေးမှု သတင်းကို တိတိကျကျ မသိရတာကြောင့် ဒဏ်ရာ ဘယ်လောက် ပြင်းထန်သလဲဆိုတာ မသိရသေးပါဘူး။

ဒါပေမယ့်လည်း the Athletic ရဲ့ ဂျိမ်းစ်ပီယာ့က ထရန့်ရဲ့ ဒဏ်ရာဟာ ထင်ထားသလောက် မပြင်းထန်ဘူးလို့ သိရပြီး အသက် ၂၃ နှစ် အရွယ် ကစားသမား အနေနဲ့ ဧပြီလ schedule ရဲ့ ပွဲစဉ် အများစုကို ပါ၀င် ကစားနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။ ဒါဟာ လီဗာပူး အတွက် တကယ့် သတင်းကောင်း ဖြစ်ပြီး အလက်ဇန်းဒါးအာနိုး ဒဏ်ရာ ရခဲ့တဲ့ အချိန်ကလည်း မတ်လ international break နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတာကလည်း ကံကောင်းပါတယ်။

ကြံ့ခိုင်မှု ပြည့်ဝနေရင်တောင် ထရန့်ဟာ ဖောရက်စ်နဲ့ ပွဲကို အနားပေးခံရဖို့ ရှိနေပြီး လီဗာပူးဟာ ဒီပွဲစဉ် အပြီးမှာ နောက်ထပ် လိဂ်ပြိုင်ပွဲကို ပြန်ကစားရဖို့ အတွက် နောက်ထပ် အချိန် ၁၂ ရက် စောင့်ဆိုင်းရအုံးမှာ ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ ထရန့် အနေနဲ့ ပွဲစဉ်တွေကို မလွဲချော်ဘဲ ဒဏ်ရာ ကို recover ကောင်းကောင်း လုပ်ဖို့ အချိန်ရမှာ ဖြစ်ပြီး နောက်ဆုံးရ သတင်းများအရ လီဗာပူး ညာနောက်ခံလူဟာ အများဆုံး ၀က်ဖို့ဒ် ၊ ဘင်ဖီကာ (ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့) တို့ကိုသာ လွဲချော်နိုင်ပါတယ်။

ဂိုးမက်ဇ်ဟာ ပြီးခဲ့တဲ့ နော့တင်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ်မှာ အကောင်းဆုံး ကစားပေးခဲ့တာကြောင့် လီဗာပူးဟာ အလက်ဇန်းဒါးအာနိုး မပါတဲ့ ဒီပွဲစဉ်တွေကို ကောင်းကောင်း ဖြေရှင်းနိုင်စွမ်း ရှိနေပါတယ်။ ဂိုးမက်ဇ်ဟာ City Ground မှာ ဒီရာသီ ၇ ကြိမ်မြောက် ပွဲထွက်ခွင့် ရခဲ့တာ ဖြစ်ပြီး တိုက်စစ်မှာကော ခံစစ်မှာပါ ကစားပုံကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူးဟာ ညာနောက်ခံလူ နေရာအတွက် အခြား ရွေးချယ်စရာတွေလည်း ရှိနေပြီး ဒီနေရာမှာ ဂျိမ်းမီနာ လူငယ်ကြယ်ပွင့် ကော်နာဘရက်ဒလေ နဲ့ ဖာဘင်ညို တို့က option တွေ အဖြစ် ရှိနေပါတယ်။

SM