အန်ဖီးလ် ကို လာရောက် ကစားဖို့ ယုံကြည့်ချက်က အမြင့်ဆုံးမှာ ရှိနေတယ်လို့ ဆိုလိုက်တဲ့ အင်ဇာဂီ

မေး – ချန်ပီယံလိဂ် သမိုင်းမှာ ပထမ အကျော့ 2-0 ရလာဒ် ကနေ ပြောင်းပြန် လှန်ပစ်နိုင်ခဲ့တာ တစ်သင်းပဲ ပေါ်ပေါက်ဖူးတယ်နော်။ ဒါကြောင့် ဒုတိယ အကျော့ကစားပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ အတွက် ဘယ်လောက်အထိ မျှော်လင့်ထားလဲ။

ဖြေ – ပထမ အကျော့ ရလာဒ်က တော်တော်လေးကို ပြင်းထန်လွန်းပါတယ် ဘာလို့လဲ ဆိုတော့ ကျနော့် အသင်း ကစားပုံက တကယ်ကို ကောင်းခဲ့တာပါ။ အန်ဖီးလ်လို နေရာမျိုးမှာ ဥရောပ ရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းနဲ့ ကစားရမှာမို့ အရမ်းကို ခက်ခဲပါလိမ့်မယ် ဒါပေမယ့် ကျနော်တို့ ရဲ့ ယုံကြည်မှု က အမြင့်ဆုံးထိ ရှိနေပါတယ်။

မေး – အဝေးကွင်း ဂိုး စည်းမျဉ်းမရှိဘူး ဆိုတော့ Game Plan ကို ဘယ်လို ပြင်ဆင်ထားလဲ ၊ သွင်းဂိုး ကို အမြန်ဆုံး ရနိုင်သမျှ ရအောင် ကြိုးစားသွားမှာလား?

ဖြေ – ကျနော် တို့က ပွဲကို အောက်သက်ကနေ စတင်ရမှာပါ။ ပထမပိုင်းမှာ ဦးဆောင်ဂိုး သွင်းထားနိုင်ရင်တော့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ ပွဲက အရမ်းကို ခက်ခဲမှာပါ။ ကျနော့်မှာ သုံးရက် ပြင်ဆင်ချိန် ရှိပါတယ်။ ကစားသမားတွေ ကလဲ အာရုံ အပြည့် စိုက်ထားသလို ၊ ပရိသတ်တွေက ဘယ်လို မျှော်လင့်ထားလဲ ဆိုတာ သဘောပေါက်ထားပါတယ်။ လီဗာပူး ဟာ ဥရောပ ရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်နေလို့ သူတို့ အိမ်ကွင်းမှာ ပိုပြီးတော့တောင် ခက်ခဲ သွားနိုင်ပါတယ်။

မေး – ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ဖို့ တော်တော်လေးကို ခက်ခဲနေပါပြီ ၊ ဒါပေမယ့် ဒီပွဲက အင်တာ မီလန် ရဲ့ ချန်ပီယံ လိဂ် ရပ်တည်မှု စွမ်းဆောင်ရည်ကို ကိုယ်စားပြု ဖော်ထုတ်မယ့် ပွဲမျိုးလို့ မြင်မိလား?

ဖြေ – အင်တာ မီလန် ဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ခြင်း မရှိတာ နှစ်တွေ တော်တော်ကြာခဲ့ပါပြီ။ ဒီနှစ်မှာတော့ အုပ်စုကျပ် ထဲ ရောက်ခဲ့တာတောင် စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ တစ်ဆင့်ချင်း တိုးတက်အောင် လုပ်ရမှာပေါ့ဗျာ။ ပထမ အကျော့တုန်းကလဲ အကောင်းဆုံး ကစားပြနိုင်ခဲ့သလို ၊ သူတို့ ကွင်းထဲမှာလဲ အလားတူ ကစားပြနိုင်အောင် ကြိုးစားသွားမှာပါ။ ပြိုင်ဘက် အကြောင်း သိထားပြီးသား ဆိုတော့ တိုးတက်မှုတွေ ရှိလာမှာပါ။ ချန်ပီယံလိဂ် ဒီလို အဆင့်မျိုးမှာ ကစားခွင့်ရတာ ဘောလုံးသမားတွေ အတွက်လဲ တန်ဖိုး မဖြတ်နိုင်တဲ့ အတွေ့အကြုံ အခွင့်အရေးမျိုးပါ။

မေး – Salernitana ကို ဂိုးပြတ် အနိုင်ယူပြထားလို့ ယုံကြည်ချက်တွေ ပြန်ပြီး ခိုင်မာသွားပြီလား။

ဖြေ – သောကြာနေ့တုန်းက ပွဲက အခက်ခဲတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကိုယ်လိုချင်တဲ့ ရလာဒ်မျိုး ရအောင် အလှည့်အပြောင်းတွေ လုပ်ယူနိုင်ခဲ့တယ်လေ။ စိတ်ပိုင်း ဆိုင်ရာ ရှုထောင့် ကနေ ကြည့်မယ် ဆိုရင် ဒီလို နိုင်ပွဲမျိုးတွေ လိုအပ်ပါတယ်။ လီဗာပူး နဲ့ ပွဲအတွက် အခု အသင့် ဖြစ်နေပါပြီ။

မေး – ပါရီဆစ် ရဲ့ အခြေအနေလေး ပြောပြပါဦး။
ဖြေ – ပွဲပယ် ခံထားရတဲ့ ဘာရယ်လာ က လွဲရင် ကျန်တဲ့ ကစားသမားတွေ အားလုံး ကြံ့ခိုင်မှု အပြည့်ရှိပါတယ်။ ကိုလာရော့ဗ် ကတော့ ကျနော်တို့ ရဲ့ ချန်ပီယံ လိဂ် ကစားသမား စာရင်းမှာ ပါဝင်ထားခြင်း မရှိပါဘူး။

SM