အနာဂတ်ကောင်းစေဖို့ ကစားသမား နှစ်ဦးကို ရောင်းချရန် ယူနိုက်တက်ကို ရှင်းပြတိုက်တွန်းလိုက်တဲ့ ဒန်နီ မာဖီ

လီဗာပူး အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဒန်နီ မာဖီ က မန်ချက်စတာ ယူနိုက်တက် အသင််း အနေနဲ့ အနာဂတ် ကောင်းစေဖို့ အတွက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ၊ ပေါ့ဂ်ဘာ တို့ကို လာမယ့် နွေမှာ ရောင်းချလိုက်သင့်ကြောင်း ရှင်းပြတိုက်တွန်းသွားခဲ့လိုက်ပါတယ် ။

အသက် 37 နှစ် ရှိနေပြီ ဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နွေတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပြိုင်ပွဲစုံ 18 ဂိုးအထိ သွင်းယူထားနိုင်ခဲ့မှုနဲ့အတူ အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ သူဟာ အသင်းရဲ့ ကစားကွက်အပေါ် အကျိုးပြုနိုင်စွမ်း နည်းပါးနေခဲ့တာကြောင့် ပရိသတ် အချို့နဲ့ သတင််းသုံးသပ်သူ အချို့ဟာ သူ့အပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ် ။ ဒါပေမဲ့ သူဟာ တော့တင်ဟမ် နဲ့ ပွဲစဥ်မှာ တစ်ဦးထဲ 3 ဂိုး သွင်းယူခြင်းဖြင့် ဝေဖန်သံတွေကို တိတ််ဆိတ်စေနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ ပွဲစဥ်မှာ ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရပြန်တာကြောင့် သူ့အပေါ် ဝေဖန််သူတွေ ပြန်လည်များပြားလာခဲ့ကြပါတယ်။ အခုတော့ ဒန်နီ မာဖီ က ခရစ္စတီယာနိုဟာ အသင်းရဲ့ ဂန္တဝင် ဖြစ်ပေမဲ့ ရောင်းချလိုက်သင့်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အကြီးကြီးပဲ ပြောင်းလဲလိုက်ဖို့ လိုအပ်နေတဲ့ အရာအချို့ ရှိနေပါတယ် ။ အဲ့ဒီထဲမှာ ခရစ္စတီယာနို ရော်နယ်ဒိုလို ကစားသမားမျိုးကို ရောင်းချလိုက်တာလည်း ပါဝင်ကောင်း ပါဝင်နိုင်တယ််လို့ ဆိုလိုချင်ပါတယ် ”

” ခင်ဗျားတို့ အနေနဲ့ စာချုပ် အကြီးကြီး ရှိနေတဲ့ စူပါ စတားတွေကို ကိုင်တွယ်ရာမှာ သတိရှိဖို့ လိုအပ်လှပါတယ် ။ ခင်ဗျားတို့ အနေနဲ့ သူတို့နဲ့ လမ်းမခွဲခင် အခြား အဖြေ တစ်ခုခု ရှာထားဖို့ လိုအပ်ပါလိမ့်မယ် ။ လက်ရှိ ကြီးမားတဲ့ ပြသနာက မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 5 နှစ်ဆက် ဖလား လက်မဲ့ ဖြစ်ခဲ့တယ်ဆိုတာပါပဲ ”

” သူတို့အနေနဲ့ အသင်းကို ရေရှည်ကိုင်တွယ်ပေးနိုင်မယ့် နည်းပြကို ရှာဖွေပြီး အနောက်ကနေ သေသေချာချာလေး ထောက်ခံအားပေးဖို့ လိုအပ်လှပါတယ် ။ သူတို့ ခေါ်တဲ့သူက သောမတ်စ် တူချယ် ၊ ပိုချက်တီနို ၊ ဒါမှမဟုတ် ဘယ်သူပဲ ဖြစ်ပါစေ ၊ အသေချာ ထောက်ခံပေးရပါ့မယ် ”

” အချို့ ကစားသမားတွေက သူတို့ အတွက် အထူးကြည့်တတ်တဲ့သူတွေ ဖြစ်တာကြောင့် သူတို့တွေကို ရှင်းထုတ််လိုက်တာက အဓိပ္ပါယ်ရှိမှာပါ ။ ပေါ့ဂ်ဘာ ၊ ရော်နယ်ဒို တို့လို ကစားသမားမျိုးပေါ့ဗျာ ။ သူတို့တွေဟာ ရော်နယ်ဒိုရဲ့ တကိုယ်တော်စွမ်းရည်အပေါ် အတော်လေး မှီခိုနေပုံပါပဲ ”

” အဲ့တာက တော့တင်ဟမ် နဲ့ ကစားရတဲ့ အချို့ ပွဲစဥ်တွေမှာပဲ အလုပ်ဖြစ်နိုင်ပါတယ် ။ ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ပြိုင်ပွဲတွေက အကောင်းဆုံး အသင်းတွေနဲ့ တွေ့ဆုံတဲ့ အခါမှာတော့ အဲ့တာတွေက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး ”

” မန်စီးတီး နဲ့ လီဗာပူး အသင်းတွေက သူတို့ရဲ့ အဆင့်အတန််းကို အတော်ကြီး မြှင့်တင်နိုင်ခဲ့ကြပါပြီ ။ အဲ့တာကို ပြန််လည် လိုက်မီနိုင်ဖို့ အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကမ္ဘာ့ အဆင့် ကစားသမား နဲ့ ယှဥ်ပြိုင်နိုင်စွမ််းရှိတဲ့ အသင်းမျိုး နှစ်ခုလုံး လိုအပ်ပါတယ် ”

” ယူနိုက်တက်တို့ အရင်လို အောင်မြင်တဲ့ ရက်စွဲမျိုး ပိုင်ဆိုင််နိုင်ဖို့ အတွက် ရှိနေတဲ့ ကစားသမား စာရင်း တစ်ခုနဲ့ တစ်ရာသီကို ပွဲစဥ် 60 လောက်ထိ ယှဥ်ပြိုင် ကစားနိုင်ဖို့ လိုအပ်လှပါတယ် ။ ရော်နယ်ဒိုဟာ အဲ့ဒီလို အသင်းရဲ့ အစိတ််အပိုင်း ဖြစ်နိုင်မယ်လို့ ကျွန်တော်တော့ မထင်မိပါဘူး ” လို့ ဒန်နီ မာဖီ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar