အတူတွဲကစားဖူးတဲ့ အကောင်းဆုံး XI ယောက် အသင်းကို ရွေးချယ်ပေးလိုက်တဲ့

ယူနိုက်တက် ကွင်းလယ်လူ ဟွမ် မာတာ ကတော့ အတူ တွဲဖက် ကစားခဲ့ဖူးတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အကောင်းဆုံး XI ယောက် အသင်းကို ရွေးချယ်ပေးလိုက်ရာမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှ အသင််းဖော် 6 ဦးကို ထည့်သွင်းသွားခဲ့ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်းမှာ ကစားသမား ဘဝကို စတင်ခဲ့တဲ့ 2007 မှာတော့ ဗလန်စီယာ အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ချဲလ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဆီ ဆက်လက် ပြောင်းရွှေ့ရင်း ကလပ် နဲ့ နိုင်ငံ့ အဆင့်တွေမှာ အကောင်းဆုံး ကစားသမားတွေနဲ့ တွဲဖက် ကစားခွင့် ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ် ။

အဲ့ဒီထဲမှာတော့ သူဟာ ချဲလ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက် အသင်းတွေမှာ ဘောလုံး လောကရဲ့ အကောင်းဆုံးသော ကစားသမား အချို့နဲ့ တွဲဖက် ကစားရင်း ဆုဖလား အောင်မြင်မှု အချို့ကိုလည်း ရယူထားနိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့် သူ့ရဲ့ အသင်းမှာ ဒီကစားသမားတွေချည်း ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ် ။

မာတာဟာ ဂိုးသမား နေရာအတွက် အကောင်းဆုံး တစ်ဦးကို ရွေးချယ်ရာမှာတော့ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် လက်စွမ်းကောင်းတွေ ပြသနေခဲ့တဲ့ တစ်နိုင်ငံထဲသား ဖြစ်သူ ဒေးဗစ် ဒီဂီယာ ကိုပဲ ဦးစားပေး အဖြစ် ရွေးချယ်သွားခဲ့လိုက် ပါတယ် ။

” ဒေးဗစ်က တကယ့် သူငယ်ချင်းကောင်း ဖြစ်သလို တွဲဖက်် ကစားခဲ့ဖူးတဲ့ ဂိုးသမားတွေအနက် ပါရမီ အကောင်းဆုံး ဂိုးသမား တစ်ဦးလည်း ဖြစ်ပါတယ် ။ သူ့ရဲ့ တုန့်ပြန်မှုတွေက အံ့ဖွယ်ပါ ။ ဂိုး နည်းပြတိုင်းက သူ့ရဲ့ စွမ်းရည်တွေ အံ့ဖွယ်ပဲလို့ ပြောဆိုကြပါလိမ့်မယ် ” လို့ မာတာ က ပြောခဲ့လိုက်ပါတယ် ။

အဲ့ဒီနောက် ခံစစ်ကစားသမား 4 ဦး ရွေးချယ်ရာမှာ ဟွမ်မာတာ က ယူနိုက်တက် အသင်းမှာ ခနသာ တွဲကစားခဲ့ရတဲ့ အီဗရာ နဲ့ ဖာဒီနန် တို့ကို ချဲလ်ဆီး အသင်းဖော်ဟောင်းတွေဖြစ်တဲ့ အိုင်ဗန်နိုဗစ် ၊ ဂျွန်တယ်ရီ တို့နဲ့ ပူးတွဲရွေးချယ် သွားခဲ့လိုက် ပါတယ် ။

 

” ကျွန်တော် မရောက်ခင်ထဲက သူ (အီဗရာ) ဟာ အိုးလ် ထရပ်ဖို့ဒ်မှာ 8 နှစ်အထိ ကစားခဲ့ပြီးပါပြီ ။ အတွေ့အကြုံ ကြွယ်ဝလွန်းသူပါပဲ ။ သူဟာ အဝတ်လဲခန်းထဲ အရေးပါသူ ဖြစ်ခဲ့သလို ကွင်းထဲမှာလည်း တိုက်စစ်ရော ခံစစ်ပါ အကောင်းဆုံး ကစားပေးနိုင်ခဲ့ပါတယ် ။ အသင်းမှာ သူ့လိုလူ ရှိတာ သိပ်ကောင်းပါတယ် ”

” ဖာဒီနန် ကလည်း အဝတ်လဲခန်းထဲမှာ တကယ့်ကို ခမ််းနားတဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ပါတယ် ။ ကျွန်တော် ဒီကို စရောက်တုန်းက သူဟာ အကူအညီတွေ အများကြီး ပေးခဲ့တယ်လေ ။ ရီယိုက Leader တစ်ဦးပါ ။ ကွင်းထဲမှာ သူ့ရဲ့ နေရာယူပုံတွေက အမြဲလို မှန်ကန်ခဲ့ပါတယ် ”

” သူဟာ ဘောလုံး ပိုင်ဆိုင်မှု ရရှိချိန်မှာလည်း တကယ့်ကို သက်သောင့်သက်သာ ကစားပြနိုင်ခဲ့သလို လေထဲက ဘောလုံးတွေကိုလည်း အကောင်းဆုံး ဦးယူ ကစားပြနိုင်ခဲ့ပါတယ် ။ သူရှိတာ အသင်းရဲ့ ခံစစ်ကို လုံခြုံစေခဲ့ပါတယ် ” လို့ မာတာ က ပြောခဲ့လိုက်ပါတယ် ။

အဲ့ဒီနောက် ကွင်းလယ်လူ ရွေးချယ်ရာမှာတော့ မာတာက ယူနိုက်တက် အသင်းဖော်ဟောင်းတွေ ဖြစ်ကြတဲ့ ကာရစ် နဲ့ ရိုင်ယန် ဂစ် တို့ကို လမ်းပတ် နဲ့ တွဲခဲ့ပြီး တိုက်စစ်မှူး နေရာအတွက်တော့ ရွန်းနီ ၊ ဒေးဗစ် ဗီလာ နဲ့ ဒရော့ဘာ တို့ကို ဆက်လက် ရွေးချယ်ခဲ့ပါတယ် ။

” သူ (ကာရစ်) က unsung hero တစ်ဦးပါ ။ သူဟာ မှန််ကန်တဲ့အခိုက်အတန့် ၊ မှန်ကန်တဲ့အချိန်တွေမှာ ဘောလုံး ကစားသူပါပဲ ။ သူဟာ အသင်းဖော်တွေကို ပိုကောင်းစေခဲ့ပါတယ် ။ သူဟာ ပွဲရှိန်ကို ထိန်းချုပ်ပေးသူ တစ်ဦးပါပဲ ။ သူ့ရဲ့ ဘောလုံး ဦးနှောက်က ပွဲစဥ်ကို ချောမွေ့စွာ ကစားခွင့် ပေးဆောင်နိုင်ခဲ့ပါတယ် ”

” မိုက်ကယ်က အမြဲတမ်းနီးပါး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချည်း ချမှတ်ခဲ့သူပါ ။ ရိုင်ယန်ဂစ် နဲ့တော့ အကြာကြီး မကစားခဲ့လိုက်ရပါဘူး ။ ဒါပေမဲ့ သူနဲ့ ကစားဖို့ ဆိုတာက ကျွန်တော့်ရဲ့ အိပ်မက်တစ်ခု ဖြစ်ခဲ့ပါတယ် ။ ကျွန်တော် ငယ်စဥ်ထဲက သူက စတား ကစားသမား တစ်ဦးလေ ”

” သူဟာ ဘုရားပေးတဲ့ ဘယ်ခြေထောက် တစ်ချောင်းကို ပိုင်ဆိုင်ထားသူပါ ။ ကျွန်တော်ဟာ သူ့ကိုစောင့်ကြည့်ရင်း ကြီးပြင်းလာခဲ့သူ တစ်ဦးပါ ။ သူဟာ ယူနိုက်တက်ရဲ့ စံချိန််တင် ပွဲကစားပေးသူ ဖြစ်သလို ပြေးနှုန်း မြန်လွန်းပြီး ဂိုးတွေ ဖန်တီးပေးနိုင်သူ တစ်ဦးပါပဲ ”

” ဝိန်း (ရွန်းနီ) ကတော့ နောက်ထပ် ခမ်းနားလွန်းတဲ့ အင်္ဂလန််သား တစ်ဦးပါပဲ ။ ကွင်းထဲ ဘာမဆို လုပ်ပြနိုင်သူတစ်ဦးပေါ့ဗျာ ။ ကွင်းလယ်မှာလည်း ကစားပေးနိုင်ပါတယ် ။ သူဟာ ယူနိုက်တက် အတွက်ရော အင်္ဂလန် အတွက်ပါ ဂိုးသွင်းစံချိန် တင်ထားသူ တစ်ဦးပါ ။ သူနဲ့ အတူ ကစားခဲ့ရတာ အထူးဂုဏ်ယူစရာပါပဲ ” လို့ မာတာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

မာတာ ရဲ့ အကောင်းဆုံး အသင်းဖော် XI

ဒီဂီယာ
အိုင်ဗန်နိုဗစ် ၊ တယ်ရီ ၊ ဖာဒီနန် ၊ အီဗရာ
လမ်းပတ် ၊ ကာရစ် ၊ ဂစ်
ရွန်းနီ ၊ ဒေးဗစ် ဗီလာ ၊ ဒရော့ဘာ

#Sports_Myanmar