အဆုံးအဖြတ်ပွဲမှာ လီဝန်ဒေါစကီးနဲ့ ရင်ဆိုင်ရမယ့်အပေါ် မှတ်ချက်ပေးရင်း ဆွီဒင်သမိုင်းကြောင်းရဲ့ အကောင်းဆုံး အားကစားသမားအမည်ကို ပြောလိုက်တဲ့ လင်ဒီလော့ဖ်

ဆွီဒင် လက်ရွေးစင် အသင်းဟာ မနက်ဖြန် နံနက်မှာ ကမ္ဘာ့ ဖလား ပြိုင်ပွဲရဲ့ အဆုံးအဖြတ် ခြေစစ်ပွဲ အဖြစ် ပိုလန် လက်ရွေးစင် အသင်းနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ် ။ ဒါဟာ အနိုင်ရသူ အတွက် ကမ္ဘာ့ ဖလား ကစားခွင့် ရရှိမယ့် မဟာ အခွင့်အရေးပဲ ဖြစ်ပါတယ် ။

ဆွီဒင် လက်ရွေးစင် အသင်းဟာ ခြေစစ်ပွဲ ဆီမီး ဖိုင်နယ် အဆင့်မှာ ချက် အသင်းကို 1 – 0 နဲ့ အနိုင် ကစားပြီး ဒီအဆင့်ကို ဆက်ရောက်နိုင်ခဲ့တာ ဖြစ်သလို ပိုလန် ကတော့ ဟန်ဂေရီအသင်းကို ရှုံးနိမ့်ခဲ့တဲ့နောက် ဒီအဆင့်မှာ ကစားရဖို့ အကြောင်းဖန်လာခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီအသင်း နှစ်သင်းလုံးဟာ 2010 နဲ့ 2014 နှစ်တွေမှာ ကမ္ဘာ့ ဖလား ကစားခွင့် ဆုံးရှုံးခဲ့သူတွေ ဖြစ်ခဲ့ကြပြီး 2018 မှာတော့ နှစ်သင်းလုံး ကစားခွင့် ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ တစ်သင်းသာ နှစ်ကြိမ်ဆက်် ကမ္ဘာ့ ဖလား ကစားခွင့် ရရှိသွားပါတော့မယ် ။

အခြားတဖက်မှာတော့ ဒါဟာ ကမ္ဘာ့ အကောင်းဆုံး တိုက််စစ်မှူး နှစ်ဦး ဖြစ်ကြတဲ့ ဇလာတန် အီဗရာဟီမိုဗစ် နဲ့ ရောဘတ် လီဝန်ဒေါစကီး တို့ ထပ်တိုက် တွေ့ဆုံကြမယ့် ပွဲစဥ်ပဲ ဖြစ်ပါတယ် ။ ဒီပွဲမတိုင်မီ ယူနိုက်တက် နောက်ခံလူ လင်ဒီလော့ဖ် က လီဝန်ဒေါစကီး ကို ချီးကျူးခဲ့လိုက််ပါတယ် ။

” ကျွန်တော် ဘာပြောနိုင်မလဲ ? သူ (လီဝန်ဒေါစကီး) ဟာ အံ့ဖွယ် ကစားသမားတစ်ဦးပါ ။ သူဟာ ဟိုအရင်ထဲကနေ အခုအချိန်ထိ မြင့်မားတဲ့ အဆင့်အတန်း တစ်ခုမှာ ကစားပြနိုင်ခဲ့သူ တစ်ဦးပါပဲ ။ သူ သွင်းယူခဲ့တဲ့ ဂိုးတွေ ၊ အခွင့်အရေး ဖန်တီးမှုတွေက ထိပ်တန်း ကစားသမားမှန်း ပေါ်လွင််စေခဲ့ပါတယ် ”

” ကျွန်တော်ကတော့ သူ့အပေါ် တကယ်ပဲ လေးစားသမှု ထားရှိသလို ခင်တွယ်မှုလည်း ရှိပါတယ် ။ ဒါက သေချာပေါက်် ခက်ခဲတဲ့ တိုက်ပွဲ တစ်ခု ဖြစ်သွားဖို့ ရှိနေပါတယ် ။ ဒါပေမဲ့ အဲ့တာကပဲ ကျွန်တော်တို့ စောင့်ဆိုင်းနေကြတဲ့ စိန်ခေါ််မှု တစ်ရပ်ပဲလေ ။ ဒါဟာ ပျော်စရာကောင်းနေမှာပါ ” လို့ လင်ဒီလော့ဖ် က ပြောရင်း ဇလာတန် နဲ့ ပတ်သက်လို့..

” ဇလာတန်ဟာ ဆွီဒင် အားကစား သမိုင်း တစ်လျှောက်ရဲ့ အခမ်းနားဆုံး ကစားသမား ပါပဲ ။ သူဟာ ဆွီဒင် ဘောလုံံး သမိုင်းကြောင်းနဲ့ ပရိသတ်တွေ အတွက်တော့ အရမ်းကို အဓိပ္ပါယ် ရှိလွန်းတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်် ”

” သူဟာ နှစ်တွေ အကြာကြီးကနေ အခုအချိန်အထိ ထိပ်တန််း အဆင့်မှာ ရပ်တည်နိုင်ခဲ့သူပါ ။ သူ အခုထိ လုပ်ပြနေတာတွေက တကယ့် အမှတ်တရတွေပါ ။ သူ့ရဲ့ ခန္ဓာကိုယ််ကို ထိန်းသိမ်း စောင့်ရှောက်ပုံ ၊ စိတ်ဓါတ် ခံယူချက်ရှိပုံတွေ အပေါ် တကယ်ပဲ လေးစားမိပါတယ် ”

” ကျွန်တော်တို့ အတွက်တော့ ဇလာတန်ဟာ ခမ်းနားလွန််းတဲ့ စိတ်ဓါတ် ခံယူချက်တွေ ပိုင်ဆိုင်ထားတဲ့ အမှတ်ရဖွယ် ကစားသမားထူး တစ်ဦးပါပဲ ” လို့ လင်ဒီလော့ဖ် က ပိုလန် နဲ့ ပွဲမှာ ကစားပေးနိုင်​ခြေ ရှိနေတဲ့ အသင်းဖော်ကို အမွှမ်းတင် သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar