အဆင့်လေး အတွင်း ဝင်တာဟာ ဖလားရတာနဲ့ တူကြောင်း အာဆင်းရဲ့ပြောကြားချက်ကို ထောက်ခံလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ အာတီတာ က ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး ရဲ့ကြိုတင် မှန်းဆတတ်မှု ချီးကျူး ပြောကြားလိုက်ပြီး အဆင့်လေး အတွင်း ဝင်တာဟာ ဖလား အောင်မြင်မှုရတာနဲ့ တူကြောင်း ပြောကြား သွားခဲ့ပါတယ် ။

ဂန်းနား ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါးက ၂၀၁၂ ခုနှစ်လောက်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရတာဟာ ဖလား အောင်မြင်မှု ရတာနဲ့ အတူတူပဲ ဖြစ်ကြောင်းပြောကြား ခဲ့ဖူးပြီး ပရိသတ်တွေရဲ့ လှောင်ပြောင် ဆန့်ကျင် ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။

အာဆင်နယ် အသင်း နည်းပြဟောင်း အာဆင်ဝင်းဂါး ဟာ ၁၉ ရာသီဆက် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင် ပေးခဲ့သူ ဖြစ်ပါတယ် ။ အခုနောက်ပိုင်း နှစ်တွေမှာ အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် မရရှိတော့ဘဲ ပြီးခဲ့တဲ့ ရာသီကဆို ဥရောပဝင်ခွင့်ပါ မရရှိတဲ့ အထိ ဖြစ်ခဲ့ပါတယ် ။

ဒီရာသီမှာတော့ အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရရှိရေး အာရုံစိုက် ကြိုးပမ်းနေပြီး အဆင့်လေး အတွင်းဝင်ဖို့ အခြေအနေကောင်းတစ်ခုမှာ ရှိနေပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာဟာ လက်စတာ နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဆရာဖြစ်သူ အာဆင်း ပြောခဲ့ဖူးတဲ့ စကားကို ကိုးကားပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ဘယ်လောက် အထိ ခက်ခဲကြောင်း ပြောကြား သွားခဲ့ပါတယ် ။

” အာဆင်း ရဲ့ ပွဲအတွေ့အကြုံ ၊ ဘောလုံး အကြောင်း သိရှိ နားလည်မှု တွေကြောင့် အဲ့ဒီလို ကြိုတင် မှန်းဆ ပြောဆို နိုင်ခဲ့တာပါ ။ သူက အဲ့ဒါနဲ့ ပတ်သက်ပြီး ကောင်းကောင်း သတိပြုမိခဲ့တာကြောင့် ကြိုဟောကိန်း ထုတ်နိုင်ခဲ့တာပါ ။ ”

” ခင်ဗျားတို့လည်း သိကြမှာပါ ၊ အသင်းတော်တော်များများက ချန်ပီယံလိဂ် ကစားခွင့် နှစ်တိုင်း မရကြပါဘူး ။ အာဆင်း ပြောလိုက်တဲ့ စကားတိုင်းနီးပါးက ဘယ်လို အချိန်မျိုးမှာပဲ ဖြစ်ဖြစ် အဓိပ္ပာယ် ပြည့်ဝပြီး မှန်ကန်တာ များပါတယ် ။ ”

” ကျွန်တော်တို့ အသင်းက ဥရောပ ပြိုင်ပွဲမှာ ကစားနေရမယ့် အသင်းပါ ၊ ကစားနိုင်အောင်လည်း ကြိုးစား လုပ်ဆောင် နေပါတယ် ၊ အဲ့ဒီလို ပြိုင်ပွဲမှာ ထိပ်သီး အသင်းတွေနဲ့ အမြန်ဆုံး ယှဉ်ပြိုင် နိုင်အောင် လုပ်ဆောင် သွားရမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM