အက်ဖ်အေ ဖလား ဗိုလ်စွဲရင် ဆုကြေး ဘယ်လောက် ဆွတ်ခူး နိုင်မလဲ

ကမ္ဘာပေါ်မှာ ရှုံးထွက် အဆင့် နဲ့ ပထမဆုံး ကျင်းပခဲ့တဲ့ ဆုဖလား ပြိုင်ပွဲကြီး ဖြစ်တဲ့ သက်တမ်း အရင့်ဆုံး FA Cup ဟာ အခု ဆိုရင် ၁၅၀ ကြိမ်မြောက် ကိုတောင် ရောက်ရှိလာခဲ့ပါပြီ။

FA ဟာ သူတို့ ဖလား ပြိုင်ပွဲ၀င် အသင်းတိုင်းကို အဆင့် တစ်ဆင့် တက်လှမ်း နိုင်တာ နဲ့ ဆုကြေးပေးတဲ့ စနစ် ကို ကျင့်သုံးတာ ဖြစ်လို့ အသင်းငယ်တွေ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာ အမြင့် တက်လှမ်းမှုတွေ ရောက်ရှိအောင် အစွမ်းကုန် ကြိုးစားရင်း ဘဏ္ဍာရေး တောင့်တင်း ခိုင်မာမှုရှိအောင် လုပ်ဆောင်ကြလေ့ ရှိပါတယ်။

ပရီးမီးယားလိဂ် အသင်းတွေကတော့ တတိယ အဆင့်ရောက်မှပဲ ၀င်ရောက် ယှဉ်ပြိုင် ကစားရပါတယ်။

အခု ဆိုရင် ဒီရာသီ FA Cup ပြိုင်ပွဲ ကျင်းပတာ ကွာတား ဖိုင်နယ် အဆင့်ထိ ရောက်ရှိလာခဲ့ပါပြီ။ ဒီအဆင့်မှာတော့ –

Crystal Palace vs Everton

Nottingham Forest vs Liverpool

Middlesbrough vs Chelsea

Southampton vs Manchester City

တို့ ထိပ်တိုက် တွေ့ဆုံနေကြပါတယ်။

ဒီအဆင့်ပြီးရင်တော့ အကြိုဗိုလ်လုပွဲစဉ်တွေကို ၀င်ဘာလေ ကွင်းကြီးထဲမှာ ယှဉ်ပြိင် ကစားကြမှာ ဖြစ်လို့ အိမ်ကွင်း အဝေးကွင်း အားသာချက်တွေ ရှိတော့မှာ မဟုတ်ပါဘူး။

လက်ရှိ အနေအထား အရ အကြိုဗိုလ်လုပွဲတွေကို ဧပြီလ 16/17 ရက်တွေ မှာ ယှဉ်ပြိုင် ကစားဖို့ စီစဉ်ထားပါတယ်။

FA Cup ဗိုလ်စွဲတဲ့ အသင်းဟာ ဗိုလ်လုပွဲ ဆုကြေးတင် ပေါင် 1.8 သန်း ရရှိပါတယ်။

ချန်ပီယံ ကလပ် တစ်ချို့ နဲ့ ပရီးမီးယား လိဂ် ကလပ်တွေဟာ တတိယ အဆင့်ကနေ စတင် ၀င်ရောက် ကစားကြတာ ဖြစ်လို့ အဲဒီ အသင်းတွေထဲက ဗိုလ်စွဲမယ် ဆိုရင် စုစုပေါင်း ဆုကြေးဟာ ပေါင် 3.4 သန်း ထိ ရောက်ရှိသွားပါတယ်။

FA Cup က ချီးမြင့်တဲ့ ဆုကြေး ပမာဏများ –

Extra preliminary round winners -£1,125

Extra preliminary round losers – £375

 

Preliminary round winners – £1,444

Preliminary round losers – £481

First round qualifying winners – £2,250

First round qualifying losers – £750

Second round qualifying winners – £3,375

Second round qualifying losers – £1,125

Third round qualifying winners – £5,625

Third round qualifying losers – £1,875

Fourth round qualifying winners – £9,375

Fourth round qualifying losers – £3,125

First round proper winners – £22,629

Second round proper winners – £34,000

Third round proper winners -0£82,000

Fourth round proper winners – £90,000

Fifth round proper winners – £180,000

Quarter-final winners – £360,000

Semi-final winners – £900,000

Semi-final losers – £450,000

Final runners-up – £900,000

Final winner – £1,800,000

SM