အက်ဖ်အေဖလား ကွာတားဖိုင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ခန့်မှန်းလိုက်တဲ့ မိုက်ကယ်အို၀င်

ဒီ weekend မှာတော့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ရှိနေပါတယ်။ မနေ့ညကတော့ လိဒ်ဟာ Molinuex မှာ အိမ်ရှင် ဝုဒ်ကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ရာကနေ ၃-၂ နဲ့ ဒရမ်မာဆန်ဆန် အနိုင်ယူကာ တန်းဆင်းဇုန် တိုက်ပွဲမှာ အရေးပါတဲ့ ၃ မှတ် ရယူသွားခဲ့ပါတယ်။ မိုက်ကယ်အို၀င်က ဒီ weekend မှာ ကစားရမယ့် ပွဲစဉ်တွေကို ယခုလိုပဲ ခန့်မှန်းပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ်
အက်စတွန်ဗီလာ vs အာဆင်နယ်
ဗီလာဟာ ပြီးခဲ့တဲ့တစ်ပတ်က ၀က်ဟမ်းနဲ့ပွဲစဉ်မှာ ကစားပုံကောင်းခဲ့ပြီး စတီဗင်ဂျာရတ် အနေနဲ့ ဒီပွဲစဉ်ကနေ သူတို့ တစ်စုံတစ်ရာ ရဖို့ ထိုက်တန်တယ်လို့ ခံစားမိနေမှာပါ။ ဘာပဲဖြစ်ဖြစ် လိဒ်ဟာ ဒီပွဲစဉ်မတိုင်မီ ပုံစံကောင်းကို ရခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ ကစားပုံဟာ top 8 အသင်းလိုမျိုးပါပဲ။ အာဆင်နယ်ဟာ လီဗာပူးနဲ့ ပွဲစဉ်မှာ ဘာမှ ဆိုးဆိုးရွားရွား မလုပ်ခဲ့ပါဘူး။ လီဗာပူးရဲ့ အရည်အသွေး အနည်းငယ် ပိုသာသွားမှုဟာ ပွဲရဲ့ အဆုံးအဖြတ် ဖြစ်သွားခဲ့တာပါ။

အဆင့် ၄ နေရာဟာ အာဆင်နယ်ရဲ့ လက်ထဲမှာပါ။ ဒါပေမယ့်လည်း ဒါဟာ အာဆင်နယ်အတွက် နောက်ထပ် ခက်ခဲမယ့် ပွဲစဉ် ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ဗီလာတို့ အာဆင်နယ်ကို ယှဉ်ကစားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အာဆင်နယ်တို့ ဗီလာပက်မှာ နိုင်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။ ကျွန်တော်ကတော့ သရေပွဲအဖြစ် ခန့်မှန်းပါတယ်။

ခန့်မှန်းချက် : ဗီလာ ၁-၁ အာဆင်နယ်

တော့တင်ဟမ် vs ၀က်ဟမ်း
စပါးဆီကနေ ဘာလို မျှော်လင့်ရမလဲဆိုတာ ကျွန်တော် မသိတော့ပါဘူး။ သူတို့ဟာ အိုးထရပ်ဖို့ဒ်မှာ စိတ်ပျက်စရာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ကြားရက်က ဘရိုက်တန်ကို အနိုင်ယူကာ ကောင်းစွာ တုန့်ပြန်ခဲ့ပါတယ်။ စပါးမှာ တည်ငြိမ်တာတစ်ခုကတော့ ဟယ်ရီကိန်းရဲ့ form ပဲ ရှိပြီး သူဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ အတော်လေး ကောင်းနေခဲ့ပါတယ်။ ဗီလာကို နိုင်ခဲ့ခြင်းဟာ ၀က်ဟမ်းအတွက် ကြီးမားတဲ့ နိုင်ပွဲပါ။ top 4 ဟာ ၀က်ဟမ်းအတွက် အလှမ်းဝေးနေတယ်လို့ ဆိုရမှာ ဖြစ်ပေမယ့် top 6 ၀င်မယ်ဆိုရင်တောင် ဒါဟာ ၀က်ဟမ်းအတွက် အရမ်းကို ကောင်းတဲ့ရာသီတစ်ခုလို့ ဆိုရမှာပါ။

ဆီဗီလာကို ကြားရက်က နိုင်ခဲ့ခြင်းဟာ တအားကို ကောင်းခဲ့ပြီး ယာမိုလန်ကို အတွက်လည်း တကယ့်ကို အမှတ်ရစရာ အခိုက်အတန့်ပါ။ atmosphere ဟာ တအားကို ကောင်းခဲ့ပြီး ၀က်ဟမ်းအနေနဲ့ စိတ်ဓာတ်ပိုင်း တက်ကြွနေမှာပါ။ ဒီနှစ်သင်းဟာ အမှတ်တူနေပါတယ်။ ကွင်းထဲမှာလည်း ခြေရည်တူကို မြင်ရဖို့ ရှိနေပါတယ်။ ဒါ့ကြောင့် ကျွန်တော်ကတော့ သရေပွဲလို့ ရွေးချယ်ပါတယ်။

ခန့်မှန်းချက် : တော့တင်ဟမ် ၁-၁ ၀က်ဟမ်း

အခြားပွဲစဉ်အတွက် ခန့်မှန်းချက်
လက်စတာ ၂-၁ ဘရန့်ဖို့ဒ်

အက်ဖ်အေဖလား
မစ်ဒယ်ဘရော့ vs ချဲလ်ဆီး
ကျွန်တော်ကတော့ ဒီပွဲစဉ်အတွက် ရင်ခုန်နေပြီး Riverside ရဲ့ atmosphere ဟာ တကယ့်ကို ကောင်းနေမှာပါ။ မစ်ဒယ်ဘရော့ဟာ ဒီပြိုင်ပွဲမှာ လက်ရှိအချိန်ထိ အကောင်းဆုံး လုပ်ထားခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးဟာ သူတို့ထက် အများကြီးကို သာလွန်းနေပါတယ်။ ချဲလ်ဆီးဟာ ဖလားပြိုင်ပွဲတွေမှာ တအားကို strong ဖြစ်တဲ့ အသင်းဖြစ်ပြီး ဒီဖလားကို ဆွတ်ခူးနိုင်ဖို့ ရှိနေတဲ့ အသင်းပါ။ ကျွန်တော်ကတော့ ဧည့်သည်တို့ နိုင်သွားမယ်လို့ ရွေးပါတယ်။

ခန့်မှန်းချက် : မစ်ဒယ်ဘရော့ ၀-၂ ချဲလ်ဆီး


ဆောက်သမ်တန် vs မန်စီးတီး
ဆောက်သမ်တန်ရဲ့ form ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာ ကျဆင်းသွားခဲ့ပါတယ်။ အခုဆိုရင် သူတို့ဟာ ၃ ပွဲဆက် ရှုံးပွဲကို ကြုံထားခဲ့ရပါတယ်။ သူတို့ဟာ ဒီရာသီမှာ စီးတီးကို ပြသနာ ပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၂ ပွဲစလုံး သရေ ကစားထားခဲ့ပါတယ်။ ဒီပွဲစဉ်မှာတော့ ကျွန်တော် ဒါမျိုးကို မမြင်မိပါဘူး။ စီးတီးဟာ နောက်ထပ် ဖလားတွေ ထပ်ပြီး ရယူဖို့ ဆန္ဒ ပြင်းပြနေမှာပါ။ ကျွန်တော်ကတော့ စီးတီးတို့ရဲ့ နိုင်ပွဲလို့ပဲ မြင်မိပါတယ်။

ခန့်မှန်းချက် : ဆောက်သမ်တန် ၀-၂ မန်စီးတီး

နော့တင်ဟမ်ဖောရက်စ် vs လီဗာပူး
ဖော်ရက်စ်ကို ဒီလို အဆင့်မှာ ပြန်လည် မြင်တွေ့ရတာ ကောင်းပါတယ်။ ဒါဟာ သူတို့အတွက် အရမ်းကောင်းတဲ့ run ဖြစ်ပါတယ်။ သူတို့ဟာ City Ground မှာ ပြိုင်ဘက်တွေကို ပြသနာတွေ ပေးခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးဟာ ဒီအချိန်မှာ တအားကို တောင့်တင်းနေတဲ့ ပုံစံပါပဲ။ ဥရောပမှာ လီဗာပူးထက် ပိုကောင်းတဲ့ form ကို ရနေတဲ့ အသင်းကို ကျွန်တော် မတွေ့ပါဘူး။ လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ကလော့ အနေနဲ့ ၀င်ဘာလေကို နောက်တစ်ကြိမ် သွားဖို့ ပစ်မှတ်ထားနေမှာပါ။ ကျွန်တော်ကတော့ လီဗာပူးတို့ ၃-၁ နဲ့ နိုင်သွားမယ်လို့ ခန့်မှန်းပါတယ်။

ခန့်မှန်းချက် : နော့တင်ဟမ်ဖောရက်စ် ၁-၃ လီဗာပူး.

အခြားပွဲစဉ်အတွက် ခန့်မှန်းချက်
ခရစ်စတယ်ပဲလေ့စ် ၂-၁ အဲဗာတန်

SM