သူ့ကိုယ်သူ rating 4 ပဲ ပေးတဲ့ ပါတေး ရဲ့ စွမ်းဆောင်ရည် အပေါ် မှတ်ချက် ပေးလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ အာတီတာ က သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် သူကိုယ်တိုင် အားရ ကျေနပ်မှု မရှိ ဖြစ်နေတဲ့ ပါတေး ရဲ့ ရိုးသား ပွင့်လင်းမှုအပေါ် ချီးကျူး လိုက်ပြီး ဂါနာသားရဲ့ လက်ရှိ စွမ်းဆောင်ရည် အပေါ် လည်း မှတ်ချက် ပေးသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ၂၀၂၀ ခုနှစ်မှာ အက်သလက်တီကို မက်ဒရစ် အသင်း ကနေ ပါတေး ကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း နဲ့ ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။ ပါတေး ဟာ စပိန်လာလီဂါ မှာ ဒဏ်ရာ ပြဿနာ သိပ်မရှိ ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ မကြာခဏ ဆိုသလို ဒဏ်ရာ ရလေ့ ရှိပါတယ် ။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက အင်တာဗျူး တစ်ခုမှာ ပါတေး ဟာ အာဆင်နယ် အသင်းက သူ့ရဲ့ စွမ်းဆောင်ရည် အပေါ် rating 4 သာ ပေးချင်ကြောင်း ပြောကြား ခဲ့ဖူးပါတယ် ။

” ကျွန်တော် ကိုယ့်စွမ်းဆောင်ရည်အပေါ် ၄ ပဲ ပေးချင်ပါတယ် ၊ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် တခြား အသင်း ဒုက္ခရောက်အောင် လုပ်နိုင်ခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့သလို ကျွန်တော် အာရုံစိုက်မှု လျော့နည်းပြီး ကိုယ့်အသင်းကို ဒုက္ခ ရောက်အောင် လုပ်မိတဲ့ အခိုက်အတန့်တွေလည်း ရှိပါတယ် ။ ”

” အဲ့ဒီ အခိုက်အတန့်မှာ ကျွန်တော် ကိုယ့်ကိုယ်ကို ဒီထက် ပိုကောင်းလာအောင် လုပ်ဖို့ လိုနေပြီလို့ သတိပြု မိခဲ့တာပါပဲ ။ ” လို့ ပြောကြား ခဲ့တာ ဖြစ်ပါတယ် ။ပါတေး ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲတွေမှာတော့ အေတီကို တုန်းကလို ခြေစွမ်းမျိုး ပြသ နေနိုင်ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ က​ ဝက်ဖိုဒ့် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပါတေး ပြောခဲ့ဖူးတဲ့ စကားကို ကိုးကားပြီး ခုလို ချီးကျူး သွားခဲ့ပါတယ် ။ ” ကိုယ့်အကြောင်းကို အမှန်အတိုင်း သိရှိပြီး လက်ခံနိုင်မှုက ပိုကောင်းတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့ အစပြုတာပါပဲ ။ ”

” ပါတေး လို ကိုယ့်ရဲ့ စွမ်းဆောင်ရည်အပေါ် ပွင့်ပွင့်လင်းလင်း လူသိရှင်ကြား ဝန်ခံတာမျိုးက ရှားပါတယ် ။သူ အဲ့ဒီလုပ်တာက အသင်း နဲ့ ကလပ် အတွက် ပိုမို ပေးဆပ်ချင်တယ်ဆိုတာ ပြသလိုက်တာပါပဲ ၊ အဲ့ဒီနေ့ က စပြီး သူ တိုးတက် ပြောင်းလဲ လာတာကို တွေ့ရပါတယ် ။ ”

” အဓိက အချက်ကတော့ သူ ဒဏ်ရာ ပြဿနာ ကင်းစင် နေဖို့ပါ ၊ သူ ကြံ့ခိုင်မှု အရင်ကထက် ပိုမို ပြည့်ဝ လာပြီ ဖြစ်သလို ပိုကောင်းအောင်လည်း ကစားထားနိုင်ပါတယ် ။ ပါတေး တိုးတက်မှု ရှိလာတာကို ကျွန်တော် ကောင်းကောင်း သတိပြုမိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM