ဝက်ဖိုဒ့် နဲ့ ပွဲမှာသာ ဂိုးသွင်းနိုင်ရင် နှစ်ပေါင်းများစွာ ဘယ်သူမှ လိုက်မမှီတဲ့ စံချိန်မှတ်တမ်းကောင်းကို ရရှိမယ့် စမစ်ရို

အာဆင်နယ် အသင်း လူငယ် ကြယ်ပွင့် စမစ်ရို ဟာ ဒီတစ်ပတ် ဝက်ဖိုဒ့် နဲ့ ပွဲမှာသာ ဂိုးသွင်းနိုင်ခဲ့ပါက ၁၉၉၈-၉၉ ခုနှစ် နောက်ပိုင်း တစ်ရာသီတည်း ပရီးမီးယားလိဂ် သွင်းဂိုး ၁၀ ဂိုး နဲ့ အထက် သွင်းယူ နိုင်တဲ့ အသက် ၂၁ နှစ်အောက် ပထမဆုံး ဂန်းနားဖြစ်လာတော့မှာပါ ။

အင်္ဂလန် လူငယ် ကြယ်ပွင့် စမစ်ရို ဟာ ဒီရာသီ အာဆင်နယ် အသင်း ရဲ့ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ပြီး ပရီးမီးယားလိဂ် သွင်းဂိုး ၉ ဂိုး အထိ သွင်းယူ ထားနိုင်သလို ခါရာဘောင်း ဖလားပွဲမှာလည်း သွင်းဂိုး တစ်ဂိုး သွင်းယူ ပေးထားပါတယ် ။

စမစ်ရို အနေနဲ့ တန်းဆင်းဇုန် ရောက်နေတဲ့ ဝက်ဖိုဒ့် အသင်း နဲ့ ပွဲမှာသာ ဂိုးသွင်းနိုင်ခဲ့ပါက ၁၉၉၈-၉၉ ခုနှစ်တုန်းက အနယ်ကာ တင်ရှိထားတဲ့ စံချိန် မှတ်တမ်းဟောင်း ကို လိုက်မှီ သွားမှာ ဖြစ်ပါတယ် ။

ဝက်ဖိုဒ့် အသင်းဟာ ရွိုင်းဟော့ဒ်ဆန် လက်ထက် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ Clean-Sheet သုံးပွဲ ရယူ ထားနိုင်ကာ နည်းပြ လေးဆက် ပြောင်းခဲ့တဲ့ ပြီးခဲ့တဲ့ ၃၈ ပွဲ အတွင်း ရရှိခဲ့တဲ့ Clean-Sheet အရေအတွက် နဲ့ တူနေပါတယ် ။

ဒါပေမယ့် အာဆင်နယ် နဲ့ ဝက်ဖိုဒ့် အသင်းကြားက ကစားသမား အရည်အသွေး ကွာခြားချက် ကတော့ အတော်လေး ကြီးမားနေပါတယ် ။ ဒါကြောင့် စမစ်ရို အတွက် ဝက်ဖိုဒ့် နဲ့ ပွဲမှာသာ ပွဲထွက် ကစားခွင့် ရရင် အနယ်ကာ ရဲ့ စံချိန်ကို လိုက်မှီနိုင်မယ့် အခွင့်အရေး ရှိနေပါတယ် ။

စမစ်ရို ဟာ နေမကောင်း ဖြစ်နေတာကြောင့် နောက်ဆုံး ကစားခဲတဲ့ ဝုလ်ဗာဟမ်တန် အသင်း နဲ့ ပွဲကို လွဲချော် ခဲ့ရပေမယ့် ဝက်ဖိုဒ့် နဲ့ ပွဲကြို လေ့ကျင့်ခန်း အစီအစဉ်မှာတော့ ပြန်လည် ပါဝင်လာတာ တွေ့ရပါတယ် ။

အာဆင်နယ် အသင်းဟာ ဝက်ဖိုဒ့် အသင်း နဲ့ တွေ့ဆုံ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၅ ပွဲ စလုံး ဂိုးသွင်းယူ နိုင်ခဲ့ပါတယ် ။ အဆိုပါ စံချိန်ဟာ အာဆင်နယ် အသင်း ဝက်စ်ဘရွန်း နဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ၂၆ ပွဲ စလုံး ဂိုးသွင်း ထားနိုင်တဲ့ စံချိန်ပြီးရင် အကောင်းဆုံး စံချိန်လည်း ဖြစ်ပါတယ် ။

စမစ်ရို အနေနဲ့ သွင်းဂိုး ၁၀ ဂိုး မြောက် သွင်းယူ နိုင်ပြီးပါက ၁၉၉၈-၉၉ ခုနှစ်တုန်းက တစ်ရာသီတည်း ၁၇ ဂိုး သွင်းနိုင်ခဲ့တဲ့ ဆယ်ကျော်သက် အနယ်ကာ ရဲ့ စံချိန်ကို ထပ်မံ ကျော်ဖြတ်ဖို့ အခွင့်အရေး ရှိနေပါသေးတယ် ။

SM