လီဗာပူးရဲ့ အရန်ကစားသမား တစ်ဦးဟာ နွေရာသီမှာ ကလပ်ကနေ ထွက်ခွာဖို့ စဉ်းစားနေပြီလို့ ဆိုလိုက်တဲ့ အလန်ဟတ်တန်

စကော့တလန် နောက်ခံလူဟောင်း ဖြစ်သူ အလန်ဟတ်တန်က ဒီရာသီမှာ လီဗာပူးရဲ့ စတုတ္တဦးစားပေး ဗဟိုနောက်ခံလူ အဖြစ် အရန်ခုံမှာ ရောက်နေခဲ့တဲ့ နောက်ခံလူ ဂျိုးဂိုးမက်ဇ် အနေနဲ့ လာမည့် နွေရာသီ အပြောင်းအရွေ့မှာ လီဗာပူး ကနေ ထွက်ခွာဖို့ အတွက် ပြင်ဆင်နေလောက်ပြီလို့ ယူဆနေပါတယ်။ ဂိုးမက်ဇ်ဟာ ဒီရာသီမှာ လီဗာပူး အတွက် ၁၅ ပွဲ ကစားခွင့် ရထားခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ တစ်ကြိမ်သာ ပွဲထွက်ခွင့် ရခဲ့ပါတယ်။

ဂိုးမက်ဇ်ဟာ နော့ဝှစ် နော့တင်ဟမ်ဖောရက်စ် တို့ကို နိုင်ခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်တွေမှာ ပွဲထွက်ခွင့် ရခဲ့ပေမယ့်လည်း နော့တင်ဟမ်ကို ၁-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ညာနောက်ခံလူ အဖြစ် ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဂိုးမက်ဇ်ဟာ ညာနောက်ခံလူ နေရာမှာလည်း အကောင်းဆုံး ကစားပေးခဲ့ပေမယ့်လည်း နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာတော့ ခံစစ်ပိုင်းမှာ ကလော့အတွက် ရွေးချယ်စရာတွေ များနေခဲ့တာကြောင့် အရန်ခုံကို ပြန်ရောက်သွားဖို့ ရှိနေပါတယ်။

အလက်ဇန်းဒါးအာနိုးဟာ ညာနောက်ခံလူ နေရာကို အပိုင် ရယူထားခဲ့တဲ့ အပြင် ဗဟိုခံစစ်မှာလည်း ဗန်ဒိုက် မာတစ် ကိုနာတေး တို့က ဂိုးမက်ဇ်ရဲ့ ရှေ့မှာ ရှိနေတာ ဖြစ်ပါတယ်။ ဒဏ်ရာပြသနာတွေဟာ ဂိုးမက်ဇ်ကို ဒီလို ဖြစ်စေခဲ့တာ ဖြစ်ပြီး လာမည့် ကမ္ဘာ့ဖလားအတွက် အင်္ဂလန်အသင်းမှာ ရွေးချယ်မခံရဖို့လည်း များနေပါတယ်။

စကော့တလန် နောက်ခံလူဟောင်း အလန်ဟတ်တန် ကတော့ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ဒီအသက်အရွယ်မှာ ပွဲတွေ တက်နိုင်သမျှ အများကြီး ကစားချင်တာကြောင့် နွေရာသီမှာ အန်ဖီးကနေ ထွက်ခွာဖို့ ကြိုးစား သွားနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဂိုးမက်ဇ်ဟာ လာမည့် ၂၀၂၄ ခုနှစ်မှာ လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ကလပ်ဘက်က ကစားသမားအတွက် ပေါင်သန်း ၃၀ သတ်မှတ်ထားပါတယ်။

ဟတ်တန်က “လီဗာပူးမှာ ပုံမှန် ကစားခွင့် ရဖို့ဟာ ဂိုးမက်ဇ် အတွက် ခက်ခဲလျက် ရှိနေပါတယ်။ သူဟာ ဗဟိုနောက်ခံလူ တစ်ဦး ဖြစ်ပါတယ်။ ကလော့ဟာ ဗဟိုခံစစ်မှာ သူ့ကို နေရာ မပေးနိုင်တာကြောင့် ညာနောက်ခံလူ အဖြစ် အသုံးပြုနေခဲ့ပေမယ့်လည်း ဘယ်ကစားသမား မဆို ဒီလီဗာပူး အသင်း အတွက် အလက်ဇန်းဒါးအာနိုး လုပ်ပေးသလို လုပ်ပြနိုင်ဖို့ဟာ အမြဲတမ်း ခက်ခဲမှာ ဖြစ်ပါတယ်။

ဂိုးမက်ဇ်ဟာ အခုမှ အသက် ၂၄ နှစ်ပဲ ရှိနေပါသေးတယ်။ အမှန်ပါပဲ။ သူ့အနေနဲ့ ဒီအသက်အရွယ် အပိုင်းအခြားမှာ တက်နိုင်သမျှ ပွဲတွေ အများကြီး ကစားချင်နေမှာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီက ပြင်းထန်တဲ့ ဒူးဒဏ်ရာကို ရရှိခဲ့ပြီးနောက် ကြံ့ခံမှု ပြန်လည် ပြည့်၀လာချိန်မှာ လီဗာပူးရဲ့ စတုတ္တဦးစားပေး ဗဟိုနောက်ခံလူ အဖြစ်ကို လျှောဆင်း သွားခဲ့ပါတယ်။

လာမည့် နွေရာသီဟာ လီဗာပူး ကနေ ထွက်ခွာပြီး အခြား ကလပ် တစ်ခုခုမှာ အမြင့်ဆုံး level နဲ့ သွားကစားဖို့ အတွက် မှန်ကန်တဲ့ အချိန်လို့ သူ အခု တွေးနေလောက်ပါတယ်။ ဒီအချိန်ဟာ သူ့ရဲ့ လက်ရှိ အခြေအနေကို သေသေချာချာ အကဲဖြတ် သွားရတော့မယ့် အချိန်ပါပဲ။” လို့ ဆိုသွားပါတယ်။

SM