လီဗာပူးကို အာဆင်နယ်တို့ ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် top 4 ကို ခန့်မှန်းလိုက်တဲ့ ကာရေဂါ

လီဗာပူးဟာ မနေ့ညက အာဆင်နယ်ကို အနိုင်ယူကာ အခြား top 4 ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ မန်ချက်စတာယူနိုက်တက် တော့တင်ဟမ် နဲ့ ၀က်ဟမ်း တို့ကို ချန်ပီယံလိဂ်၀င်ခွင့် နောက်ဆုံး တစ်နေရာစာ အတွက် မျှော်လင့်ချက်တွေ ပေးသလို ဖြစ်သွားခဲ့ပါတယ်။ ကာရေဂါက အဆိုပါ ပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ် top 4 ကို ခန့်မှန်း ပေးသွားခဲ့ပါတယ်။

မီခေးအာတီတာရဲ့ အသင်းဟာ လီဗာပူးနဲ့ ပွဲစဉ်မတိုင်မီ ဒီရာသီ top 4 နေရာအတွက် ရေပန်းအစားဆုံး အသင်း ဖြစ်နေခဲ့ပြီးလည်း the Reds တို့ဟာ ဂန်းနားတို့ရဲ့ ၆ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကို အဆုံးသတ်စေခဲ့ပါတယ်။ အာဆင်နယ်ဟာ ပထမပိုင်းမှာ လီဗာပူးကို ယှဉ်ကစားနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ လီဗာပူးကို မယှဉ်နိုင်ခဲ့ဘဲ ဒီယေဂိုဂျိုတာ နဲ့ ဖာမီနို တို့ရဲ့ ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး ၂-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။

ဂန်းနားတို့ဟာ top 4 နေရာမှာ ရှိနေဆဲ ဖြစ်ပေမယ့်လည်း မန်ယူနိုက်တက် ၁ မှတ်အသာမှာပဲ ရှိနေကာ တော့တင်ဟမ် ၀က်ဟမ်း တို့နဲ့လည်း ပိုမို နီးကပ်လာခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြိုင်ဘက်တွေထက် ပွဲကျန် ပိုကစားရဖို့ ရှိနေပေမယ့်လည်း ကာရေဂါက အာတီတာရဲ့ လက်အောက်မှာ များစွာ တိုးတက်လာခဲ့တဲ့ အာဆင်နယ်ကသာ top 4 နေရာကို ရသွားလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

လီဗာပူးတို့ အာဆင်နယ်ကို ၂-၀ နဲ့ နိုင်ခဲ့ပြီးနောက် ကာရေဂါက “အာဆင်နယ် အတွက် တိုက်ပွဲက top 4 ၀င်ဖို့ပဲ ဖြစ်ပါတယ်။ ချဲလ်ဆီး လီဗာပူး နဲ့ မန်စီးတီး တို့ကို မေ့ထားလိုက်ပါ။ အာဆင်နယ်ရဲ့ ရလဒ်တွေဟာ ဒီအသင်းတွေနဲ့ တွေ့ဆုံရာမှာ မကောင်းခဲ့ပါဘူး။ ဒါပေမယ့်လည်း ဒီလိုမျိုး အသင်းတွေနဲ့ တွေ့ဆုံတဲ့ ရလဒ်တွေဟာ သိပ်ပြီး အရေးမကြီးပါဘူး။ ဒီရာသီမှာ ရမှတ် ဘယ်နှမှတ် ရယူနိုင်သွားမလဲ ဆိုတာကသာ အရေးကြီးပါတယ်။

သူတို့ဟာ အဆင့်လေးနေရာ အတွက် တော့တင်ဟမ် မန်ယူနိုက်တက် ၀က်ဟမ်း တို့နဲ့ တိုက်ပွဲ၀င်နေရပါတယ်။ ကျွန်တော် ဒီည အာဆင်နယ်ရဲ့ ခြေစွမ်းကို ကြည့်လိုက်တဲ့ အခါမှာ သူတို့ဟာ စပါးနဲ့ မန်ယူနိုက်တက် တို့ထက် ပိုကောင်းပါတယ်။ ဒါပေမယ့် ဒီအသင်းတွေမှာ စပယ်ရှယ် အရာတွေကို လုပ်နိုင်တဲ့ တစ်ဦးချင်း အရည်အသွေးမြင့် ကစားသမားတွေတော့ ရှိနေပါတယ်။ အာဆင်နယ်ဟာ ဒီအပိုင်းမှာတော့ အားနည်းနေပါတယ်။

ဒါပေမယ့် သူတို့ဟာ တကယ့် အသင်းကောင်း တစ်သင်းလိုမျိုး ပါပဲ။ သူတို့ဟာ ကောင်းကောင်း train ထားတဲ့ အသင်းဖြစ်ပြီး ကျွန်တော် ကတော့ အာဆင်နယ် တို့ top ၄ နေရာကို ရယူသွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။” လို့ ခန့်မှန်းခဲ့ပါတယ်။

လီဗာပူးကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း အာတီတာဟာ အဆိုပါ ပွဲစဉ်မှာ သူ့အသင်းရဲ့ စွမ်းဆောင်ရည် အပေါ် ကျေနပ်နေပါတယ်။

အာတီတာက “ကျွန်တော်တို့ဟာ box to box မှာ စီစဉ်ထားတဲ့ အတိုင်း လုပ်နိုင်ခဲ့ပါတယ်။ သူတို့နဲ့ ကျွန်တော်တို့ တိုက်စစ်ပိုင်းမှာ ခြားနားတဲ့ ပုံပြင် ဖြစ်သွားခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ပွဲကို ရှုံးနိမ့်သွားခဲ့တာပါ။ တစ်သင်းလုံးရဲ့ ကစားပုံဟာ တအားကို ကောင်းခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ရလဒ်ဟာ ကျွန်တော်တို့ရဲ့ ကစားပုံနဲ့ ကွာခြားခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်ပိုင်းမှာ သူတို့ဟာ အဆုံးအဖြတ် ဖြစ်စေတဲ့ အခိုက်အတန့်တွေ ရခဲ့ပါတယ်။ သူတို့ဟာ ဘောလုံးကို ဂိုးပိုက်ထဲ ၂ ကြိမ် ထည့်နိုင်ခဲ့ပါတယ်။

ဒီရာသီမှာ top 2 ဟာ အခြား အသင်းတွေနဲ့ ကွာခြားတဲ့ standard မှာ ထပ်ရှိနေခဲ့ပါတယ်။ ဒီလို အသင်းကို ကောင်းကောင်း ဖြေရှင်းနိုင်ခဲ့တဲ့ ကျွန်တော့် အသင်းကို ချီးကျူးချင်ပါတယ်။ ဒါပေမယ့့် ကျွန်တော်တို့ဟာ နိုင်ပွဲရဖို့ ကစားနေတာပါ။ ဒီနေ့မှာ ကျွန်တော်တို့ ဒါကို မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ လာမည့် ပွဲစဉ်အတွက် အသင့် ဖြစ်နေပါပြီ။ လာမည့် စနေနေ့ အက်စတွန်ဗီလာနဲ့ ပွဲဟာ လုံး၀ ခြားနားတဲ့ပွဲ ဖြစ်လာမှာပါ။ ဒါပေမယ့် အရမ်းကို ခက်ခဲမယ့် ပွဲစဉ်ပါပဲ။” လို့ ဆိုခဲ့ပါတယ်။

SM