လက်ထောက် နည်းပြဟောင်း ဘူဗက် နဲ့ လမ်းခွဲလိုက်ရတဲ့ အကြောင်းအရင်းကို ရှင်းလင်းပြောဆိုလိုက်ပြီ ဖြစ်တဲ့ ကလော့ပ်

ယခင် ကတော့ ကလော့ပ် လက်ထောက် နည်းပြ နှစ်ယောက် ဖြစ်တဲ့ ဘူဗက် ကို The Brain လို့ တင်စားကြပြီး ၊ ပီတာ ကိုတော့ The Eyes လို့ နာမည်ပေးထားကြပါတယ်။

ကလော့ပ် နဲ့ ဘူဗက် တို့ဟာ မိန့်ဇ် ၊ ဒေါ့မွန် အသင်းတွေမှာ အတူူတူ လက်တွဲခဲ့သူတွေ ဖြစ်သလို ၊ လီဗာပူး ကို ရောက်ရှိလာချိန်မှာလဲ တစ်ပါတည်း ရောက်ရှိလာခဲ့ပါတယ်။ သို့သော် 2018 ခုနှစ် ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲ ရိုးမား နဲ့ ဒုတိယ အကျော့ မကစားမီ အချိန်မှာတော့ ဘူဗက် ဟာ အသင်းကနေ ရုတ်တရက်ကြီး ထွက်ခွာသွားခဲ့ ပါတယ်။

အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ သတင်းထောက်တွေလဲ “ဘယ်လို အကြောင်းအရင်းကြောင့်” ဆိုတာ ထုတ်ဖော် ရေးသားနိုင်ခြင်း မရှိသလို ၊ ကလပ် အသင်းရဲ့ တရားဝင် ကြေငြာချက်မှာလဲ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ကြောင့် လို့သာ ဖော်ပြခဲ့ ပါတယ်။

မကြာခင်က BT Sports က ရိုတ်ကူးခဲ့တဲ့ Boot Room Boys ရုပ်ရှင် မှတ်တမ်း ဗွီဒီယို မှာတော့ ကလော့ပ် က ဘူဗက်ဟာ ဘာကြောင့် သူနဲ့ လမ်းခွဲ ခဲ့တာလဲ ဆိုတဲ့ အကြောင်းကို ပထမဆုံး အကြိမ် လူသိရှင်ကြား ထုတ်ဖော် ရှင်းပြလိုက်ပါပြီ။

“ ဘူဗက် က ကျနော်ထက် နည်းပြ အတွေ့အကြုံပိုများသလို ၊ အသက်လဲ ပိုကြီးတော့ နည်းပြ လောကထဲ ဝင်ရောက်တာလဲ နည်းနည်းလေး စောပါတယ်။ ကျနော်တို့ဟာ အချိန်တွေ အကြာကြီး အတူတူ လက်တွဲပြီး အလုပ်လုပ်ခဲ့ကြတာပါ။

ပြောရရင် နီးနီးကပ်ကပ် လက်တွဲပြီးကို ကာလရှည် လက်တွဲခဲ့တာပါ။ နောက်ပိုင်းမှာတော့ အဲဒါက သိပ်ပြီး အလုပ်မဖြစ်တော့ပါဘူး။ ဒါကြောင့် ပက် လင်ဒါ ကို ပြန်ခေါ်လိုက်ပါတယ်။ အခုဆိုရင် ဗစ်တာ မားတို့ စ် ကိုတောင် ထပ်ပြီး ဖြည့်ထားပြီးပြီလေ။

သူတို့ ဟာ စိတ်ဓါတ် ခွန်အားတွေ မွေးဖွားပေးနိုင်တဲ့ သူတွေပါ။ နောက်ထပ် မျိုးဆက်သစ်တွေလို့လဲ ပြောလို့ ရပါတယ်။

မတူညီတဲ့ အမြင်ရှုထောင့်တွေ ရှိကြသလို ၊ လေ့ကျင့်ရေး အစီအစဉ်ပေါင်း များစွာကိုလဲ ရေးဆွဲနိုင်တဲ့ စက်ရုပ်တွေလိုပါပဲ။ ကျနော် က “ဒီလို ပုံစံ ကစားချင်တယ် (ဒါမှ မဟုတ်) ဟိုလိုလေး ပြောင်းပြီး ကစားချင်တယ်” လို့ ပြောလိုက်တာ နဲ့ သူတို့က အဲဒါ နဲ့ လိုက်ဖက်မှု ရှိမယ် ထင်တဲ့ လေ့ကျင့်ခန်း အစီအစဉ် 25 ခုလောက် ဆွဲထုတ်လိုက်ပါပြီ။ ပြီးရင် ဘော့စ် ဘယ်ဟာ ကို ရွေးမလဲ ဆိုပြီး လာမေးတော့တာပါပဲ။

သူတို့ကြောင့် စိတ်တွေလဲ ပြန်ပြီး နုပျိုရသလို ၊ အလုပ် လုပ်ရတာလဲ ပိုပြီး ထိရောက်ပါတယ်။ ဒါက တကယ်ကို ကောင်းတာပါ။ ကျနော့် အမြင်ဘက်က ပြောရရင် သူတို့လို နည်းပြ အဖွဲ့ဝင်တွေ မရှိပဲနဲ့ ကျနော်ဟာ အခုရောက်နေတဲ့ နေရာမျိုး နဲ့ နီးစပ်မှုတောင် ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော့် အထင် သူတို့ ကိုယ်တိုင်ကလဲ လက်ရှိ အဆင့်မျိုးအထိ ရောက်လာတာဟာ ကျနော်က ရှေ့ကနေ ဦးဆောင်ထားလို့ ဆိုတဲ့ အချက်ကို အပြည့်အ၀ နားလည်ထားတယ် ထင်ပါတယ်။

ကျနော်တို့ အကြားက လက်တွဲဟန်ချက်ညီမှု က တကယ်ကို ကောင်းမွန်တာပါ” လို့ ရှင်းပြသွားခဲ့ ပါတယ်။

ပက် လင်ဒါ ဟာ လီဗာပူး နဲ့ လမ်းခွဲပြီးနောက် NEC Nijmegen အသင်းမှာ ကာလတို နည်းပြ အဖြစ် လုပ်ကိုင်ခဲ့ပေမယ့် ၊ နောက်ပိုင်းမှာ ဘူဗက် ရဲ့ နေရာကို အစားထိုး ဝင်ရောက်ဖို့ အတွက် အန်ဖီးလ် ကို ပြန်လာခဲ့သူ ဖြစ်ပါတယ်။

ကလော့ပ် ကတော့ ပက်လင်ဒါ ကို လုပ်ဖော် ကိုင်ဖက် တစ်ယောက် အဖြစ် အပြည့်အ၀ ယုံကြည်မှု ပေးထားပြီး ၊ ပြည်တွင်း ဖလား သတင်းစာ ရှင်းလင်းပွဲတွေ ဆိုရင် နယ်သာလန်သားကြီး ကိုပဲ တာဝန်ပေး ဖြေကြားခိုင်းလေ့ ရှိပါတယ်။

SM