လက်စတာကို အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းဂိုး ၂ ဂိုး စလုံး ပါဝင် ပတ်သက်ခဲ့တဲ့ ပါတေး အပေါ် ချီးကျူး ပြောဆိုမှု လုပ်လိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ လက်စတာ နဲ့ ပွဲအပြီး အင်တာဗျူးတွင် နောက်ပိုင်းပွဲစဉ်တွေမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသပြီး ခြေစွမ်းပြနေတဲ့ ပါတေးကို တခုတ်တရ ချီးကျူး သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ၂၀၂၀ ခုနှစ်မှာ အက်သလက်တီကို မက်ဒရစ် အသင်း ကနေ ပါတေး ကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း နဲ့ ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။ ပါတေး ဟာ စပိန်လာလီဂါ မှာ ဒဏ်ရာ ပြဿနာ သိပ်မရှိ ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ မကြာခဏ ဆိုသလို ဒဏ်ရာ ရလေ့ ရှိပါတယ် ။

ပြီးခဲ့တဲ့လအတွင်းမှာတော့ ပါတေး ဟာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည် ရရှိ နေပြီ ဖြစ်ပြီး အာဆင်နယ် အသင်းရဲ့ဖေဖော်ဝါရီလ တစ်လတာ အကောင်းဆုံး ကစားသမား အဖြစ် မဲပေးရွေးချယ် ခံခဲ့ရပါတယ် ။

ဂါနာ လက်ရွေးစင် ပါတေး ဟာ အာဆင်နယ် အသင်းရဲ့ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် ပွဲချိန်ပြည့် ပါဝင် ကစားပေးထားပြီး မနေ့က လက်စတာ နဲ့ ပွဲမှာလည်း သူ့ရဲ့ဒီရာသီ ဒုတိယမြောက် သွင်းဂိုး ကို ခေါင်းတိုက် သွင်းယူ ပေးခဲ့ပါတယ် ။

ပါတေး ဟာ လက်စတာ နဲ့ ပွဲမှာ ဘောလုံး ထိချက် အကြိမ် ၆၀ ၊ ဘောလုံးပေးပို့မှု တိကျနှုန်း ၈၃% ၊ key pass ၁ ကြိမ် ၊ ဘောလုံးယှဉ်လှရာမှာ အသာရမှု ၆ ကြိမ် ၊ ဖျက်ထုတ်မှု ၄ ကြိမ် လုပ်နိုင် ခဲ့ပါတယ် ။

ပွဲအပြီးမှာတော့ အာဆင်နယ် နည်း​ပြ အာတီတာ က ” သူ့(ပါတေး)ရဲ့ ဂိုးကန်သွင်းချက် တစ်ကြိမ်က ဂိုးရဖို့ အတော်လေး နီးစပ် ခဲ့ပါတယ်။ သူ့ရဲ့ကောင်းမွန်တဲ့ ဂိုးကန်ချက် က ဂိုးဘားတန်းထိထွက်သွားခဲ့တာပါ ၊ နောက်ပြီး ကျွန်တော်တို့ ရတဲ့ သွင်းဂိုး ၂ ဂိုး စလုံးမှာ သူ ပါဝင် ပတ်သက် ခဲ့ပါတယ် ။ ”

” သူ့ရဲ့ ခေါင်းတိုက် သွင်းဂိုး ၊ သူ့ကြောင့် ရတဲ့ ပင်နယ်တီ ၊ သူ့ရဲ့ကန်ချက် ဂိုးမဝင်သွားတဲ့ အချိန်မှာ သူ့ရဲ့ တုန့်ပြန်မှုတွေကို ခင်ဗျားတို့ အားလုံး တွေ့မြင်ကြမှာပါ ။ ပါတေး က ပြီးခဲ့တဲ့လ ရဲ့ အကောင်းဆုံး ကစားသမား အဖြစ်လည်း မဲပေးရွေးချယ် ခံခဲ့ရပါတယ် ။ ”

” သူ ဒီလို ခြေစွမ်းပြ ကစားနိုင်ဖို့ အများကြီး ကျော်လွှား ဖြတ်သန်း ခဲ့ရတာပါ ၊ သူ့မှာ တည်ငြိမ်တဲ့ ခြေစွမ်းလည်း ရှိပါတယ် ။ ကျွန်တော်တို့ အနေနဲ့ သူ့ဆီက ပိုမို ကောင်းမွန်တဲ့ အရာတွေ လိုချင်နေတယ်ဆိုတာ သူ ကိုယ်တိုင်လည်း ကောင်းကောင်း နားလည် သဘောပေါက်ပါတယ် ။ ”

” သူ့ရဲ့ အသင်း နဲ့ ပေါင်းစပ် ကစားနိုင်မှု ၊ တခြား ကစားသမားတွေ နဲ့ နားလည်မှု ရှိရှိ ကစားနိုင်မှုက ပိုပို ကောင်းလာနေပါတယ် ၊ အခု အချိန်မှာ ပါတေး အနေနဲ့ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ အရေးကြီးပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM