ရော်နယ်ဒိုအား ပြသနာကောင်လို့ ပြောနေခဲ့သူတွေကို ပြန်လည်တုန့်ပြန်လိုက်တဲ့ ပေါလ် ပေါ့ဂ်ဘာ

  1. မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ က အသင်းဖော် ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဒီရာသီ သူတို့တွေ အတွက် ဘယ်တုန်းကမှ ပြသနာကောင် မဖြစ်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့နွေတုန်းက ဂျေဒန် ဆန်ချို ၊ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ ရာဖေးလ် ဗာရန်း တို့ကို ခေါ်ယူဖြစ်ခဲ့ပါတယ် ။ အဲ့ဒီနောက်တော့ ယူနိုက်တက် အသင်းဟာ ဒီရာသီ ဆုဖလားတွေကို စိန်ခေါ်နိုင််လိမ့်မယ်လို့ ထင်ကြေး​ပေးခံခဲ့ရပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် အသင်းရဲ့ ရလဒ်တွေဟာ မျှော်မှန်းထားသလောက် မကောင်းခဲ့တဲ့ အတွက် ရာသီဝက် မှာပဲ နည်းပြ ဆိုးလ်ရှား ၊ ယာယီ နည်းပြ လုပ်ခဲ့တဲ့ မိုက်ကယ် ကာရစ် တို့နဲ့ လမ်းခွဲပြီး ဂျာမန်သား နည်းပြ ရန်းဂနစ် ကို ယာယီ နည်းပြ အဖြစ် ခန့်အပ်ခဲ့ရပါတယ် ။

ဒါပေမဲ့ ရန်းဂနစ် လက်အောက်မှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရလဒ်တွေဟာ ထင်သလောက် မကောင်းခဲ့ပါဘူး ။ ဒါ့ကြောင့် ရလဒ် တစ်ခု အနေနဲ့ ကစား သမားတွေဟာ ဝေဖန်မှုတွေအောက် ကျရောက်သွားခဲ့ကြပါတယ် ။

အဲ့ဒီထဲမှာတော့ ရော်နယ်ဒိုဟာ ထိပ်ဆုံးကနေ ပါဝင်ခဲ့ပြီး အခြား အသင်းဖော်တွေ ဖြစ်ကြတဲ့ မက်ဂွားယား ၊ ရပ်ရှ်ဖို့ ၊ ဘရူနို ဖာနန်ဒက်စ် တို့လည်း ပါဝင်ခဲ့ကြပါသေးတယ် ။ အချို့က ရော်နယ်ဒို ဟာ အသင်းရဲ့ ကစားကွက်ကို မတိုးတက််စေဘူးလို့ ပြောခဲ့ကြပါသေးတယ် ။

အချို့ကတော့ ရော်နယ်ဒို ဟာ ပြိုင်ဖက် ခံစစ်ကို ဖိအားပေး ကစားနိုင်စွမ်း မရှိဘူး ၊ ပြသနာကောင်ပဲ စသဖြင့် အလျင််းသင့်သလို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ် ။ ဒါပေမဲ့ တော့တင်ဟမ်နဲ့ ပွဲမှာ ဟတ်ထရစ်ဂိုး သွင်းယူခဲ့တဲ့နောက် ပေါ့ဂ်ဘာ က ရော်နယ်ဒို အပေါ် ဝေဖန်သူတွေကို တုန့်ပြန်ခဲ့လိုက်ပါပြီ ။

” ဒါဟာ လှပတဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ခဲ့ပြီး ကျွန်တော်တို့ဖက်က လှပတဲ့ တုန့်ပြန်မှုလည်း ဖြစ်ခဲ့ရပါတယ် ။ ကျွန်တော်တို့ဟာ သူတို့ကို မှန်ကန်တဲ့ အချိန် တစ်ခုမှာ နာကျင်စေနိုင််ခဲ့ကြပြီး ရော်နယ်ဒို ကလည်း ရော်နယ်ဒို ကလည်း တက်နိုင်သလောက် အကောင်းဆုံး ကစားပြသွားနိုင်ခဲ့ပါတယ် ”

” သူဟာ ဘယ်တုန်းကမှ ပြသနာကောင်မဟုတ်ခဲ့ရပါဘူး ။ ခင်ဗျားတို့ဟာ ကျွန်တော်တို့ အသင်းမှာ ဘောလုံး သမိုင််းကြောင်းရဲ့ အကောင်းဆုံး တိုက်စစ်မှူးကို မြင်နေရတာပါ ။ ဒီလို လူမျိုးက ဘယ်နည်းနဲ့မှ ပြသနာကောင် မဖြစ်နိုင််ပါဘူး ”

” ဒီနေ့တော့ သူနဲ့အသင်းဖော်အားလုံးရဲ့ စွမ်းဆောင်ရည်တွေက အရမ်းကို ကောင်းခဲ့ပါတယ် ။ ရော်နယ်ဒို ကောင်းခဲ့ပါတယ် ။ ဒါဟာ ကျွန်တော်တို့ လိုနေတဲ့ အရာပဲလို့ ထင်ပါတယ်.. အခုလို တုန့်ပြန်မှုမျိုးပေါ့ဗျာ ။ ကျွန်တော်တို့က လှပတဲ့ ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ကြပါတယ် ”

” ကျွန်တော်တို့ တစ်ဂိုး ပေးလိုက်ရတဲ့ အခါတွေတိုင်းမှာ အကောင်းဆုံး ပြန်လည် တုန့်ပြန်ပြီး ခြေပဂိုး သွင်းယူနိုင်ခဲ့ကြပါတယ် ။ ဒီနေ့ အသင်းရဲ့ စိတ်ဓါတ်ကို ကွင်းထဲမှာ မြင်တွေ့ခဲ့ရပါတယ် ။ လူတိုင်းက ခရစ္စတီယာနို အကြောင််း သိနှင့်ပြီးသားမို့ အထွေအထူး ရှင်ပြဖို့ မလိုပါဘူး ”

” သူဟာ လုပ်နေကျ အရာတွေ လုပ်ပြခဲ့တာပါ ။ သူဟာ ပြီးခဲ့တဲ့ တစ်ပါတ်က ပွဲစဥ်ကို မကစားခဲ့ရပါဘူး ။ ဒါပေမဲ့ သူ ပြန်လာပြီး 3 ဂိုး သွင်းယူပြသွားနိုင်ခဲ့ ပါတယ် ။ ဒီအတွက်် လူတိုင််း ပျော်ရွှင်နေကြပါတယ် ” လို့ ပေါ့ဂ်ဘာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar