ရော်နယ်ဒိုရဲ့ လက်ရှိ ခြေစွမ်းနဲ့ ပတ်သက်လို့ ဘယ်သူ့ကို အပြစ်တင်ရမလဲဆိုတာ ပြောပြလိုက်တဲ့ ရှမိုက်ကယ်

ယူနိုက်တက် ဂိုးသမားဟောင်းဖြစ်သူ ပီတာ ရှမိုက်ကယ် က ပြီးခဲ့တဲ့ လ အနည်းငယ် အတွင်း ယူနိုက်တက် တိုက်စစ််မှူး ခရစ္စတီယာနို ရော်နယ်ဒို စွမ်းဆောင်ရည် ကျဆင်းမှုတွေအတွက် အသင်းဖော်တွေကို အပြစ်တင်ရလိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်ရောက်လာခဲ့သူ ဖြစ်ပြီး အစောပိုင်း ပွဲစဥ်တွေတုန်းက ခြေစွမ်းကောင်းပြသနိုင်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ ပုံစံကောင်းတွေ ပြသနိုင်ဖို့ အတွက် အတော်လေး ရုန်းကန်နေခဲ့ရပါတယ် ။

အထူးသဖြင့် သူဟာ 2022 ခုနှစ် အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် 10 ပွဲထိ ကစားပေးခဲ့ရာမှာ 1 ဂိုးသာ သွင်းယူပေးနိုင်ခဲ့တဲ့နောက် ဝေဖန်မှုတွေအောက် ကျရောက်သွားခဲ့တာပဲ ဖြစ်ပါတယ် ။ အချို့ကတော့ သူဟာ ရန်းဂနစ် ရဲ့ ကစားကွက်ထဲ အံမဝင်ဘူးလို့ ပြောဆိုခဲ့ကြပါသေးတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ လက်ရှိ အချိန်မှာတော့ ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် 15ဂိုးထိ သွင်းယူ ပေးထားနိုင်ခဲ့ပြီး အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နေသေးဆဲပဲဖြစ်တာကြောင့် ဂိုးသွင်းယူမှု အပိုင်းမှာ တာဝန်ကျေတယ်လို့ ဆိုလို့ရနိုင်ပါတယ် ။

အခုတော့ ရော်နယ်ဒို ရဲ့ အသင်းဖော်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ယူနိုက်တက် ဂိုးသမားဟောင်း ပီတာ ရှမိုက်ကယ် က ရော်နယ်ဒို အခုလို ဂိုးတွေ အများကြီး မသွင်းနိုင်တဲ့ အပေါ်မှာ ပေါ်တူဂီသားကို ဝေဖန်စရာ မရှိကြောင်း ၊ သူရဲ့ အသင်းဖော်တွေဟာ လိုအပ်တဲ့ service ပေးနိုင်ဖို့ လိုအပ်သေးကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ခရစ္စတီယာနို ဆိုတာလည်း လူသားတစ်ဦးပဲ ဖြစ်တယ်ဆိုတာကို အခုတော့ ကျွန်တော်တို့တွေ တွေ့မြင်နေကြရပါတယ် ။ ဒီလိုအနေအထားမှာ သူ့ရဲ့ ပုခုံးအထက်မှာ ဖိအားတွေ ပေးတင်လိုက်ဖို့ ဆန္ဒမရှိပါဘူး ။ သူဟာ ကြိုးစားပြီးရင်း ကြိုးစားနေသေးဆဲပါပဲ ”

” အကယ်လို့ ခင်ဗျားတို့ ကွင်းထဲမှာ ကြည့်လိုက်မယ်ဆိုရင် သူဟာ အသင်းဖော်တွေကို ကူညီပေးဖို့ ဘယ်လောက် အထိ ကြိုးစားနေခဲ့သလဲ ဆိုတာကို မြင်တွေ့ရပါလိမ့်မယ် ။ ဒါပေမဲ့ သူဟာ တိုက်စစ်မှူး တစ်ဦးပါ ။ တိုက်စစ်မှူး ဆိုတာက တိုက်စစ်မှူး နေရာမှာပဲ ရှိနေသင့်တာလေ ”

” အကယ်လို့ ခင်ဗျားက အခွင့်အရေးတွေကို ဖန်တီးမယ် ၊ ခမ်းနားတဲ့ ဖြတ်တင်ဘောတွေ ခုတ်တင်ပေးမယ် သူဟာ ဂိုးပေါက် ကန်ခွင့် ရမှာပါပဲ ။ ဒါပေမဲ့ တိုက်စစ်မှူးက နေရာစုံ ပတ်ဆော့ရမယ်ဆိုရင်တော့ ဒီလိုအခွင့်အရေး ယူနိုင်မှာ မဟုတ်ဘူးလေ ။ ဒါက ရိုးရှင်းလှပါတယ် ”

” ဒါ့ကြောင့် သူဟာ စည်းကမ်းတကျ ကစားပေးရင်း သူ့ရဲ့ နေရာမှာ ရှိနေဖို့ လိုအပ်ပါတယ် ။ တခါတလေ ရော်နယ်ဒို ကွင်းထဲမှာ ရှိမှန်းကို မသိရပါဘူး ။ ဒီအတွက် သူ့ကို အပြစ်တင်လို့ မရဘူးလေ ။ အသင်းက သူ့ကို ပွဲစဥ်ထဲ ပါဝင််အောင် ဆွဲခေါ်တွဲကစားပေးရမှာလေ ” လို့ ရှမိုက်ကယ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar