ရော်နယ်ဒိုရဲ့ ထွက်ခွာမှု ၊ သူ့ရဲ့ အနာဂတ် အကြောင်းတွေကို ပြောပြလိုက်တဲ့ ဂျူဗင်တပ် ကြယ်ပွင့် ဒီလစ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေတုန််းက ဂျူဗင်တပ် အသင်းမှ ထွက်ခွာဖို့ သတင်းကြီးနေခဲ့တဲ့ တိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်ဒို ကို မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းထက် လက်ဦးပြီး အရခေါ်ယူ သွားနိုင်ခဲ့ပါတယ် ။

ရလဒ် တစ်ခု အနေနဲ့ ဂျူဗင်တပ် အသင်းဟာ ဒီရာသီမှာ လုံလောက်တဲ့ သွင်းဂိုးအရေအတွက် ရယူနိုင်ခြင်း မရှိခဲ့ပဲ အမှတ်ပေးဇယား ထိပ်ပိုင်းနေရာမှာ ဆက်လက်ရပ်တည်နိုင်ဖို့ အခက်တွေ့ခဲ့ရတဲ့ အတွက် ဆောင်းရာသီ စျေးကွက်မှာ ဗလာဟိုဗစ် ကို ခေါ်ယူခဲ့ရပါတယ် ။

အခုတော့ ဂျူဗင်တပ် အသင်းရဲ့ နောက်ခံလူ ဒီလစ် က ရော်နယ်ဒို ကို လက်လွှတ်လိုက်ရခြင်းက တစ်ရာသီ သွင်းဂိုး 30 လောက် ဆုံးရှုံးခြင်း ဖြစ်ကြောင်း ၊ ဗလာဟိုဗစ် က အသင်းကို တိုးတက်စေနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ဟာ နွေရာသီရဲ့ နောက်ဆုံး ရက်စွဲမှာ ရော်နယ်ဒို ကို ဆုံးရှုံးခဲ့ရပါတယ် ။ ဒါက တစ်ရာသီကို သွင်းဂိုး 30 ဆုံးရှုံးလိုက်ရခြင်း ပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့ သူက နွေ စျေးကွက် ပိတ်သိမ်းခါနီးမှာ အသင်းကနေ ထွက်ခွာခဲ့တာလေ ”

” ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဗလာဟိုဗစ် လို မှန်ကန်တဲ့ ခေါ်ယူမှု တစ်ခု ပြုလုပ်နိုင်ဖို့ အတွက် နောက်ကျသွားခဲ့ရပါတယ် ။ ရာသီ အစပိုင်းတုန်းကတော့ ကျွန်တော်တို့ဟာ တိုက်စစ်ပိုင်းမှာ သွင်းဂိုးတွေကို လွမ်းဆွတ်နေခဲ့ကြရပါတယ် ”

” ကျွန်တော် ဗလာဟိုဗစ် နဲ့ ပြိုင်ဖက် အဖြစ် ရင်ဆိုင်ခဲ့စဥ်ထဲက သူဘယ်လောက်ထိ သန်မာသလဲ ၊ နည်းစနစ်ပိုင်း အရ ကျွမ်းကျင်မှု ရှိသလဲဆိုတာကို သိခဲ့ရပါတယ် ။ ပြီးတော့ သူဟာ ဂိုးတွေ သွင်းယူနိုင်ဖို့ အတွက် မိမိကိုယ်ကို မောင်းနှင်ပေးနိုင်စွမ်း ရှိတယ်ဆိုတာပါ သိခဲ့ရပါတယ် ”

” သူဟာ ဘောလုံး မရတဲ့ အချိန်တွေမှာ အသင်းဖော်တွေကို လိုက်ကြပ်လေ့ ရှိတတ်တဲ့ တိုက်စစ်မှူးမျိုးပါ ။ ခင်ဗျား အနေနဲ့ အသင်းရဲ့တိုက်စစ်ပိုင်းမှာ ဒီလိုတိုက်စစ်မှူးမျိုးကို တကယ်ပဲ လိုအပ်လှတယ်လေ ” လို့ ဒီလစ် က ​ပြောခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် သူ့ရဲ့ အနာဂတ် အပေါ်…

” အသင်းက ကျွန်တော့်ကို တာဝန်တွေ ပေးသထက်ပေးလာတယ်ဆိုတာကို သတိပြုမိပါတယ် ။ အခု အချိန်မှာ ချီလီနီ နဲ့ ဘိုနူချီ တို့ဟာ ဒဏ်ရာပြသနာတွေအကြားမှာ ရုန််းကန်နေကြရတယ်လေ ။ ဒါ့ကြောင့် ကျွန်တော့်ရဲ့ ပုခုံး အထက််မှာ ဖိအားတွေ ပိုမို များလာခဲ့ရပါပြီ ”

” ကျွန်တော် အဲ့တာကို နှစ်သက်လှပါတယ် ။ ကျွန်တော်ဟာ အရေးကြီးတဲ့ အစိတ်အပိုင်း ပါဝင် ကစားပေးနိုင်တယ််ဆိုတာကို သတိပြုမိပါတယ် ။ ကျွန်တော်တို့ဟာ ဆက်လက်် တိုက်ပွဲဝင်နေဆဲ အသင်းဖြစ်ပြီး ကျွန်တော်ကတော့ ဒီမှာ ကစားခွင့်တွေ ရနေတဲ့အတွက် ပျော်ရွှင်မိပါတယ် ”

” ကျွန်တော်ဟာ အပါတ်စဥ်အပါတ်တိုင်းမှာပဲ လေ့လာသင်ယူခွင့်တွေ ရရှိနေခဲ့ပါတယ် ။ မီနို (ရိုင်အိုလာ) ကျွန််တော့် အကြောင်း ပြောခဲ့တာနဲ့ အခု အနေအထားတွေက အပြောင်းအလဲတွေ ရှိလာခဲ့ပါပြီ ။ ကျွန်တော် ကိုယ်တိုင် ကတော့ လက်ရှိ ရာသီအပေါ်ပဲ အာရုံစိုက် နေပါတယ် ” လို့ ဒီလစ် က ပြောခဲ့လိုက်ပါတယ် ။

#Sports_Myanmar