ရော်နယ်ဒိုကို အကောင်းဆုံးပဲလို့ အမွှမ်းတင်လိုက်ပြီး မက်ဆီကို နှိမ်လိုက်တဲ့ ပီယားစ် မော်ဂန်

အာဆင်နယ် အသင်းရဲ့ အမာခံ ပရိသတ် တစ်ဦး ဖြစ်တဲ့ ပီယားစ် မော်ဂန် က တော့တင်ဟမ် ဟော့ စပါး အသင်းနဲ့ ပွဲစဥ်မှာ ဟတ်ထရစ် သွင်းယူနိုင်ခဲ့တဲ့ ယူနိုက်တက် တိုက်စစ််မှူး ခရစ္စတီယာနို ရော်နယ်ဒို ဟာ ဘောလုံး သမိုင်း​ ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ခက်ခဲနေခဲ့တဲ့ ရာသီမှာ ခြေစွမ်းကောင်း ပြသနိုင်ဖို့ ရုန်းကန်နေရမှု ၊ 2022 ခုနှစ် အတွင်း ဂိုးမိုးခေါင််နေခဲ့မှုတွေကြောင့် ပြီးခဲ့တဲ့ လတွေ အတွင်းမှာ ဝေဖန်မှုတွေ ဆက်တိုက်ဆိုသလို ခံခဲ့ရပါသေးတယ် ။

ဒါပေမဲ့ ပေါ်တူဂီ လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းနဲ့ ပွဲစဥ်မှာ အထူး ခြေစွမ်းကောင်း ပြသနိုင်ခဲ့ပြီး တစ်ဦးထဲ သုံးဂိုးထိ သွင်းယူနိုင်ခဲ့ကာ ထိပ်သီိး လေးသင်း စာရင်း ဝင်လိုနေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အဖိုးတန် နိုင်ပွဲ ရယူပေးနိုင်ခဲ့ပါတယ် ။ အခုတော့ မော်ဂန် က …

” ပြီးခဲ့တဲ့ ရက်သတ္တပါတ် အနည်းငယ် အတွင်းမှာတော့ ရော်နယ်ဒို ဟာ လူတွေရဲ့ ဝေဖန်မှုကို ခံရတဲ့ သားကောင် ဖြစ်ခဲ့ရပါတယ် ။ အချို့လူတွေက ရော်နယ်ဒိုတော့ ဇာတ်သိမ်းပြီ ၊ ကုန်သွားပြီ ၊ မှော်အစွမ်းတွေ မရှိတော့ဘူး ၊ ဂိုးသွင်းစက်ကြီး ပျက်သွားပြီ ၊ အသက် အရမ်းကြီးသွားပြီ ၊ နှေးကွေး လေးလံနေပြီ… စသဖြင့် ပြောဆိုခဲ့ကြပါတယ် ”

” ဒါပေမဲ့ သူကတော့ ကစားသမား ဘဝရဲ့ 805 ၊ 806 ၊ 807 ဂိုးမြောက် ဂိုးတွေကို သွင်းယူပြီး ဘာကောင်လဲဆိုတာကို သက်သေပြခဲ့ပါပြီ ။ သူဟာ ဘောလုံး လောကရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ချက်ဂန္တဝင် ဖြစ်တဲ့ ဂျိုးဆပ် ဘိုင်ကန် ရဲ့ စံချိန်ကို ကျော်ဖြတ် ပြလိုက်ခဲ့ပါပြီ ”

” အခုတော့ ခရစ္စတီယာနို ရော်နယ်ဒို ဟာ ချွင်းချက်မရှိ ဘောလုံး သမိုင်းကြောင်းရဲ့ အခမ်းနားဆုံး ကစားသမား ဖြစ်သွားခဲ့ပါပြီ ” လို့ ပီယားစ် မော်ဂန် က ပြောကြားလိုက်ပြီး PSG အသင်းရဲ့ တိုက်စစ်မှူး ဖြစ်တဲ့ လီယွန်နယ် မက်ဆီ ကို flat – trick bully ( ခရစ်ကတ် လောကမှာ အမှတ်တွေ အများကြီး ရှာနိုင်သူ ၊ ပွဲကြီးတွေမှာ မစွံသူ ) လို့ သုံးနှုံး ခေါ်ဝေါ် သွားခဲ့လိုက်ပါတယ် ။

 

” ကျွန်တော့်အတွက်တော့ (PSGတို့ ချန်ပီယံလိဂ်မှ ထွက်ရခြင်း) က ပြောစရာပါပဲ ။ မက်ဆီ က genius တစ်ဦးပါ ။ မေးခွန်းထုတ်နေစရာ အကြောင်းကိုမရှိပါဘူး ။ ဒါပေမဲ့ ကျွန်တော် သံသယ ဖြစ်ခဲ့တာတော့ အတော်လေး ကြာခဲ့ပါပြီ ။ သူဟာ ခရစ်ကတ် ဖန်တွေ ပြောလေ့ ရှိကြတဲ့ flat – track bully ပါပဲ ”

” သူဟာ ကစားသမား ဘဝရဲ့ ပထမဆုံး 17 နှစ် အတွင်းမှာ ဘာစီလိုနာ တစ်သင်းထဲ အတွက်သာ ကစားပေးထားပါတယ် ။ အဲ့ဒီမှာတော့ သူဟာ ကမ္ဘာ့အဆင့် ကစားသမားတွေချည်း ဝန်းရံထားတဲ့ အသင်းမှာချည်း ကစားပေးခဲ့ရတယ်လေ ”

” သူ စပိန်မြေက ထွက်ခွာခဲ့ရတဲ့ အခိုက်အတန့် ၊ အများကြီး အကာအကွယ် ပေးခံခဲ့ရတဲ့ Confort zone ကနေပြီး ထွက်ခွာခဲ့လိုက်ရချိန်မှာ ကျွန်တော် ကိုဗစ် ဖြစ်ပြီး taste buds တွေ အရောင် ပျောက်သွားတာထက် ပိုပြီး မြန်ဆန်စွာ မှေးမှိန် သွားခဲ့ပါတယ် ” လို့ မော်ဂန် က ပြောသွားခဲ့လိုက််တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar