ရုရှ ရဲ့ အံဖွယ်အဆိုတင်သွင်းမှု ၊ တန်ဟတ် နဲ့ အင်တာဗျူးတဲ့ မန်ယူနိုက်တက် ၊ ဘာဆာ ကို ထပ်ရောက်ဦးမယ့် ပရီးမီးယားလိဂ် ကစားသမား တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယူကရိန်း ကို ကျူးကျော်မှုကြောင့် ကမ္ဘာ့ဖလား နဲ့ ဥရောပ ဘောလုံးအဖွဲ့ချုပ်အောက်က ပြိုင်ပွဲတွေ ကနေ ပိတ်ပင် ခံထားရတဲ့ ရုရှ ဘောလုံး အဖွဲ့ချုပ်ဟာ လာမယ့် ၂၀၂၈ နဲ့ ၂၀၃၂ ယူရို ပြိုင်ပွဲတွေကို အိမ်ရှင် အဖြစ် ကျင်းပဖို့ အဆို တင်သွင်း ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

၂၀၂၈ ယူရို ပြိုင်ပွဲ ကို အင်္ဂလန် နဲ့ အိုင်ယာလန် ဘောလုံးအဖွဲ့ချုပ် တို့က ပူးပေါင်း ကျင်းပဖို့ အဆိုတင်သွင်း ထားပြီး ဝေးလ် ၊ မြောက်အိုင်ယာလန် နဲ့ စကော့တလန် ဘောလုံး အဖွဲ့ချုပ်တွေ ကလည်း သူတို့ပါ ပူးပေါင်း ပါဝင်လိုကြောင်း ကမ်းလှမ်း ထားပါတယ် ။

လက်ရှိ အချိန်ထိ ဂရိဗြိတိန် ( အင်္ဂလန် ၊ အိုင်ယာလန် + ) ၊ ရုရှ နဲ့ တူရကီ တို့သာ ယူရို ၂၀၂၈ အိမ်ရှင် အတွက် အဆိုတင်သွင်း ထားပြီး အင်္ဂလန် နဲ့ အပေါင်းအပါ တွေက အနိုင်ရဖို့ အပြတ်အသတ် ရေပန်း စားနေတယ်လို့ သိရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ က သူ့ရဲ့ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလဟာ ကျေနပ် စရာ မကောင်းခဲ့ဘူးလို့ ထုတ်ဖော် ပြောဆိုရင်း PSG နဲ့ ကောလဟာလ တွေကိုလည်း ငြင်းဆန် မသွားခဲ့ဘူးလို့ သိရ ပါတယ် ။

ဒါ့အပြင် ပေါ့ဘာ က သူ့ရဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ရွှေတံဆိပ် ဆုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် တုန်းက ဖောက်ထွင်း ခံရမှုနဲ့ အတူ ပျောက်ဆုံး သွားခဲ့တယ် လို့လည်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ပေါ့ဘာ ဟာ လက်ရှိ မှာ ပြင်သစ် အသင်းနဲ့ အတူ ခြေစမ်းပွဲတွေ ကစားဖို့ ပြန်ရောက်နေပြီး PSG အသင်းဖော် ဘာပေ က ပေါ့ဘာ နဲ့ တွေ့ဆုံစဉ်မှာ သူ PSG မှာ စိတ်ပျက် ပျင်းရိနေကြောင်း ထုတ်ပြောခဲ့တယ်လို့ ဗီဒီယို မှတ်တမ်းတွေ က တဆင့် သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အနာဂါတ် နည်းပြသစ် ရာထူး အတွက် အိုင်ယက်စ် နည်းပြ အဲရစ် တန်ဟတ် ကို စတင် အင်တာဗျူး ခဲ့ပါတယ် ။

အဆိုပါ အင်တာဗျူးမှာ တန်ဟတ် က ယူနိုက်တက် ရဲ့ ဘတ်ဂျက် အနေအထား ကို မေးမြန်းခဲ့တယ်လို့လည်း ကြားသိရ ပါတယ် ။

ဂယ်ရီ နဗီးလ် ကတော့ သူ့အနေနဲ့ အဲရစ် တန်ဟတ် ထက် ပိုချက်တီနို ကို ယူနိုက်တက် နည်းပြသစ် နေရာ အတွက် ပိုမို နှစ်သက် မိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ ဂိုးသမား အာရွန် ရမ်းစဒဲလ် နှုတ်ထွက် သွားမှုကြောင့် ဝက်စ်ဘရွန်း ဂိုးသမား ဆမ်ဂျွန်စတုန်း ကို လာမယ့် ခြေစမ်းပွဲတွေ အတွက် အစားထိုး ခေါ်ယူခဲ့ ပေမယ့် ဂျွန်စတုန်း ဟာ သတ်မှတ် ရက်အတွင်း လာရောက် သတင်းမပို့ ခဲ့တာကြောင့် ဆောက်သမ်တန် ဂိုးသမား ဖရေဇာ ဖော်စတာ ကို ထပ်မံ ခေါ်ယူဖို့ စီစဉ် နေတယ်လို့ ကြားသိရ ပါတယ် ။

အင်္ဂလန် ရဲ့ အလားအလာ ကောင်းတဲ့ လူငယ် ကစားသမားတွေရဲ့ နောက်တဆင့် ခြေလှမ်း ဖြစ်လာတဲ့ ဒေါ့မွန် ဟာ အက်စတွန် ဗီလာ အသင်းရဲ့ လူငယ် ကြယ်ပွင့်လေး Carney Chukwuemeka ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရှိရ ပါတယ် ။

ပေါ်လို ဒိုင်ဘားလား ကို စာချုပ်သစ် ချုပ်ဆို ဖြစ်တော့မှာ မဟုတ်တဲ့ ယူဗင်တပ် ဟာ လီဗာပူး တောင်ပံ ကစားသမား မိုဟာမက် ဆာလာ ကို တနှစ် လုပ်ခ ပေါင် ၁၀ သန်း ဝန်းကျင် နဲ့ ကမ်းလှမ်းဖို့ စိတ်ကူး နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး နဲ့ ဆန်းဒါးလန်း အသင်းတွေမှာ ကစားခဲ့တဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ဂျာမိန်း ဒီဖိုး ဟာ အသက် ၃၉ နှစ် ရှိနေပြီ ဖြစ်တာကြောင့် ဘောလုံး ကစားခြင်း ကနေ အနားယူဖို့ စိတ်ကူး နေပြီလို့ သတင်း ကြားသိရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ကလီဘာဆင် က ယူနိုက်တက် အနေနဲ့ လီဗာပူး တိုက်စစ်မှူး ရော်ဘတ်တို ဖာမီနို ကို ခေါ်ယူ သင့်ကြောင်း ၊ ဖာမီနို ဟာ ကွင်းထဲမှာ အလွန် ပါးနပ်သူ တယောက် ဖြစ်ကြောင်း ပြောဆို ချီးကျုး သွားခဲ့ ပါတယ် ။

လိဒ် ယူနိုက်တက် တောင်ပံ ကစားသမား ရာဖင်ညာ ဟာ လာမယ့် ရာသီမှာ ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ ဖို့ အလားအလာ အလွန်များ နေတယ်လို့ နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ အားထားရတဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကို စာချုပ် သက်တမ်းတိုး ချုပ်ဆိုဖို့ စီစဉ် နေကြတယ်လို့ ကြားသိရပါတယ် ။

လီဗာပူး ဟာ ဘာစီလိုနာ နဲ့ စာချုပ် သက်တမ်း ကုန်တော့မယ့် လူငယ်လေး ရော်နယ် အာရူဟို အတွက် ကမ်းလှမ်းမှု ပြုလုပ် လိုက်တယ်လို့ သိရပါတယ် ။

ရော်နယ် အာရူဟို နဲ့ ဂါဗွီ တို့ဟာ ဘာစီလိုနာ ဘက်က စာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုတွေကို ငြင်းပယ် ထားတယ်လို့ ကြားသိရ ပါတယ် ။

ပရီးမီးယားလိဂ် ဒိုင်လူကြီး မိုက်ဒင်း ဟာ ဒီရာသီ အကုန်မှာ ဒိုင်လူကြီး အဖြစ် ကနေ အနားယူမှာ ဖြစ်ပေမယ့် VAR ဒိုင် အဖြစ် လုပ်ကိုင် သွားဦးမှာ ဖြစ်တယ်လို့ သိရှိရ ပါတယ် ။

အင်တာမီလန် အသင်းကတော့ အမာခံ ကွင်းလယ်လူ မာဆယ်လို ဘရိုဇိုဗစ် ကို ၂၀၂၆ ခုနှစ် အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆို နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

နိုင်ငံတကာ ပွဲစဉ်တွေကြောင့် အားလပ်ရက်တွေ ရချိန်မှာ ဂျာမေကာဖွား ဘောလုံး စတား ၂ ယောက် ဖြစ်တဲ့ ရာဟမ်း စတာလင် နဲ့ လီယွန် ဘိုင်လီ တို့ဟာ ဂျာမေကာ နိုင်ငံ ကို သွားရောက်ပြီး ရန်ပုံငွေ ချစ်ကြည်ရေး ဘောလုံးပွဲ တပွဲမှာ ပါဝင် ကစား ခဲ့ကြတယ်လို့ သိရပါတယ် ။

လီဗာပူးမှာ ကစားခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် ဝါရင့် ဂိုးသမားဟောင်းကြီး ဒေးဗစ် ဂျိမ်းစ် က လီဗာပူး အနေနဲ့ ဖာမီနို ရဲ့ နေရာကို မာတင်နယ်လီ နဲ့ အစားထိုးသင့်ကြောင်း ၊ မာတင်နယ်လီ ဟာ လီဗာပူးမှာဆိုရင် ပိုမို ကောင်းမွန် တောက်ပ နိုင်မှာ ဖြစ်ကြောင်း ပြောဆို အကြံပြု သွားခဲ့ ပါတယ် ။

အာဆင်နယ် အသင်းမှာ ကစားခဲ့ပြီး ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ ဘရာဇီး အသင်းရဲ့ တောင်ပံ ကစားသမား တယောက် ဖြစ်ခဲ့ဖူးတဲ့ ဒီနီလ်ဆင် ဟာ အနားယူခဲ့ အပြီး ၁၂ နှစ် အကြာ ၊ အသက် ၄၀ အရွယ်မှာ ဘောလုံး ပြန်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

ဒီနီလ်ဆင် ဟာ ဘရာဇီးရဲ့ အောက်အဆင့် လိဂ် အသင်း တသင်း ဖြစ်တဲ့ အိုင်ဘစ် အသင်းမှာ ကစားဖို့ သဘောတူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။

 

SPORTS MYANMAR