ရိုနယ်ဒို ကို အားတက်စေခဲ့တဲ့ အသင်းဖော် ၊ ရူဒီဂါ အတွက် ယူဗင်တပ် ရဲ့ အကြောင်းပြချက် ၊ အန်ဆု ဖာတီ ပြန်လာနိုင်မယ့် နေ့စွဲ တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

အီတလီ စီးရီးအေ ထိပ်သီး ကလပ် ယူဗင်တပ် ဟာ ချဲလ်ဆီး နဲ့ စာချုပ်သစ် မချုပ်ဆို ဖြစ်ဘဲ နွေရာသီမှာ ထွက်ခွာ လာမယ့် ဂျာမန် နောက်ခံလူ ရူဒီဂါ ကို အလွတ် နဲ့ ခေါ်ယူ နိုင်ဖို့ အစွမ်းကုန် ကြိုးစား သွားမယ်လို့ သိရ ပါတယ် ။

ယူဗင်တပ် ဟာ ရူဒီဂါ ကို အသင်းရဲ့ ဝါရင့် ခံစစ်မှူးကြီး ချီယာလီနီ ရဲ့ နေရာကို အစားဝင်မယ့်သူ အဖြစ် ရှုမြင် ထားတယ်လို့ သိရ ပါတယ် ။

ဆောက်သမ်တန် နဲ့ ခရစ္စတယ် ပဲလေ့စ် တို့ဟာ တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ ကွင်းလယ်လူ ဟယ်ရီဝင့် ကို အပြိုင် စောင့်ကြည့် နေကြတယ်လို့ ကြားသိရ ပါတယ် ။

မန်စီးတီး အသင်းကတော့ တောင်ပံ ကစားသမား မာရက်ဇ် ၊ ကွင်းလယ်လူ ရော့ဒရီ နဲ့ ဂွမ်ဒိုဝမ် တို့ ၃ ဦး ကို စာချုပ်သစ်တွေ ကမ်းလှမ်းဖို့ စီစဉ် ဆောင်ရွက်နေပြီလို့ သိရှိရ ပါတယ် ။

လိဒ် ယူနိုက်တက် ရဲ့ တောင်ပံ ကစားသမား ရာဖင်ညာ နဲ့ ဘာစီလိုနာ အသင်းတို့ဟာ ၅ နှစ် စာချုပ် အတွက် ပါစင်နယ် ပိုင်းအရ သဘောတူညီမှု ရခဲ့ပြီလို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ရာဖင်ညာ ဟာ အခြား ကမ်းလှမ်းမှုမှန်သမျှ ကို ငြင်းပယ်ပြီး ဘာစီလိုနာ ကို သွားရောက်ရေး ကိုသာ အာရုံစိုက် တော့မယ်လို့ သိရပါတယ် ။

လိဒ် ကတော့ ဘာစီလိုနာ ဘက်က ပေါင် ၂၉ သန်း နဲ့ ကမ်းလှမ်း ထားမှုကို ငြင်းပယ် ထားပြီး ပိုများတဲ့ ပမာဏ ကို စောင့်ဆိုင်း နေတယ်လို့ ကြားသိရ ပါတယ် ။

ဘာစီလိုနာ အသင်းဟာ နွေရာသီမှာ လူသစ်တွေ ခေါ်ယူ နိုင်ဖို့ အတွက် အသင်းခေါင်းဆောင်တွေ ကို လုပ်ခ လစာ ထပ်မံ လျော့ယူဖို့ တိုက်တွန်း တောင်းဆို ထားတယ်လို့လည်း သိရ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် အသင်း ကတော့ နွေရာသီမှာ ခံစစ်ပိုင်းကို အားဖြည့်ဖို့ စဉ်းစား နေပြီး လေဗာကူဆင် အသင်းမှာ ကစားနေတဲ့ ဘူကီနာဖာဆို နောက်ခံလူ အက်ဒ်မွန်း တပ်ဆိုဘာ ကို စောင့်ကြည့် နေတယ်လို့ သိရပါတယ် ။

ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ အသင်းဖော် ပီပီ လေ့ကျင့်ခန်း ပြန်ဆင်း နိုင်မှု အတွက် ဝမ်းမြောက်ကာ ‘ဘုရင်ကြီး ပြန်လာပြီ’ လို့ ပြောဆို ကြိုဆို ခဲ့တယ်လို့ သိရပါတယ် ။

ပီပီ ဟာ ကိုဗစ် ပိုးတွေ့ ခဲ့တာကြောင့် တူရကီ ကို ၃-၁ နဲ့ အနိုင် ရခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-off ဆီမီး ဖိုင်နယ် ကို လွဲချော် ခဲ့ရတာပဲ ဖြစ်ပါတယ် ။

အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ ဆောက်ဂိတ် က သူဟာ လာမယ့် အိုင်ဗရီကိုစ့် နဲ့ ခြေစမ်းပွဲမှာ ဆွစ်ဇာလန် နဲ့ ပွဲမှာ ပါဝင် မကစားခဲ့ရတဲ့ သူတွေကို ဦးစားပေး သွားမယ်လို့ ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူးလေး အန်ဆုဖာတီ ဟာ ပြန်လည် ကြံ့ခိုင်ရေး လုပ်ငန်းစဉ် ရဲ့ နောက်ဆုံး အဆင့်ကို ရောက်ရှိ နေပြီ ဖြစ်ကာ မျှော်လင့်ထားတဲ့ အတိုင်း ဆက်လက် ကောင်းမွန် နေပါက ဧပြီ လ ထဲမှာ အသင်းအတွက် ပြန်လည် ကစားပေးနိုင်ဖွယ် ရှိတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ချဲလ်ဆီး အသင်းရဲ့ ဝါရင့် နောက်ခံ ကစားသမားကြီး သီယာဂို ဆေးလ်ဗား ဟာ မိခင် နိုင်ငံ ဘရာဇီးမှာ ရှိတဲ့ မာရာကာနာ အားကစား ကွင်းကြီးရဲ့ Hall of Fame မှာ ထည့်သွင်း ဂုဏ်ပြု ခံခဲ့ရပြီး သူ့ရဲ့ ဖဝါးရာတွေ ကို ခတ်နှိပ် ခဲ့တယ်လို့ သိရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အမျိုးသမီး အသင်းဟာ မနေ့ညက ပရိသတ်တွေ ရှိတဲ့ အိုးထရက်ဖိုဒ့် ကွင်းကြီးထဲမှာ သူတို့ရဲ့ ပထမဆုံး ပွဲကို ကစားခဲ့ပြီး အဲဗာတန် အမျိုးသမီး အသင်းကို ၃-၁ နဲ့ အနိုင် ရရှိ သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR