ရပ်ရှ်ဖို့ဟာ အသင်းမှာ မပျော်တော့ဘူးလို့ ပြောလိုက်တဲ့ ဖာဒီနန်

ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က အနာဂတ် အကြောင််း ကောလဟလ သတင်းတွေ ထွက်လာခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ဟာ အသင််းမှာ ပျော်ရွှင်ပုံ မပေါ်တော့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

တနင်္လာနေ့က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ အများစုက ယူနိုက်တက် ကြယ်ပွင့် ကစားသမား ဖြစ်တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဟာ ဒီရာသီ အသင်းမှာ ပွဲထွက် ကစားခွင့်တွေ လုံလောက််စွာ မရရှိတော့တဲ့ အတွက် အနာဂတ် အကြောင်း တွေးတောနေပြီလို့ ဖော်ပြနေခဲ့ကြပါသေးတယ် ။

ရပ်ရှ်ဖို့ဟာ ယူနိုက်တက် အကယ်ဒမီမှ ပေါ်ထွက်လာခဲ့တဲ့ အချိန်ကစတင်ပြီး အခုတော့ အသင်းအတွက် 300 ပြည့်မြောက်မဲ့ ပွဲစဥ် ကစားပေးဖို့တောင် နီးစပ်နေပါပြီ ။ ဒါပေမဲဲ့ ဒီရာသီမှာတော့ ဒဏ်ရာ ပြသနာ ၊ ခြေစွမ်း မမှန်မှုတွေကြောင့် ပရီးမီးယားလိဂ်မှာ 9 ပွဲသာ ကစားရပါသေးတယ် ။

ယူနိုက်တက်တို့ ပြီးခဲ့တဲ့ တစ်ပါတ်က မန်စီးတီး အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဥ်မှာလည်း ရပ်ရှ်ဖို့ဟာ အရံခုံပေါ်မှာပဲ ရှိနေခဲ့ရပြီး ပွဲချိန် ပြီးဆုံးဖို့ မိနစ် 30 အလိုမှသာ လူစားဝင် ကစားခွင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီပွဲမှာလည်း သူဟာ ပုံစံကောင်း မပြနိုင်ခဲ့ပါဘူး ။

အခုတော့ FIVE YouTube Channel မှာ ပြုလုပ်ခဲ့တဲ့ အင််တာဗျူး အစီအစဥ်မှာ အနာဂတ် သတင်းတွေ လှုပ်ခတ်လာတဲ့ ရပ်ရှ်ဖို့ အကြောင်း အမေးခံရချိန်မှာ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က ဒီသတင်းက မှန်တယ်လို့ မယုံကြည််ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ဒီသတင်းက ကျွန်တော့်ကို ဆွဲရမ်းလှုပ်ခါလိုက်သလိုပဲ ။ ကျွန်တော် ရိုးရိုးသားသား ပြောလိုပါတယ် ။ ဒီသတင်းက တကယ်ရော စစ်မှန်ရဲ့လား… ဒါဟာ သတင်းမှန်ပဲလို့ ကျွန်တော်တော့ မယုံကြည်ပါဘူး ။ ဒါကို ကျွန်တော် အရိိုးသားဆုံး ပြောလိုက်တာပါ ”

” အကယ်လို့ ဒါဟာ သတင်းမှန်ဆိုရင်လည်း ဒီအတိုင်းပဲ လွှတ်ထားလိုက်ပါ ။ တကယ်တမ်းကျတော့ ကစားသမားတွေ ကစားပုံ ကောင်းတဲ့ အချိန်မျိုးမှ လူတွေ ဒါမျိုးပြောဆိိုကြတာလေ ။ ကစားသမားတွေ စွမ်းဆောင်ရည်ကောင််းမှ ၊ ဂိုးတွေ သွင်းပြမှ ဒါမျိုး သတင်းတွေက ထွက်တာပါ ”

” အခုအချိန်မှာ မားကပ်စ် က အဲ့တာတွေကို မလုပ်ပြနိုင်ခဲ့သေးပါဘူး ။ သူဟာ လက်ရှိ အခိုက်အတန့်တွေမှာ ကစားပုံံ မကောင်းသေးပါဘူး ။ သူ့ကို ကြည့်ရတာကလည်း ပျော်ရွှင်နေပုံ မပေါ်ပါဘူး ။ သူ ယူနိုက်တက် အသင်းမှာ ပျော်ရွှင်နေပုံ မပေါ်ပါဘူး ။ ကျွန်တော် ပြောတာမှားလား ”

” ကျွန်တော် သူ့ကို ကြည့်လိုက်တဲ့ အခါမှာ တစ်ကမ္ဘာလုံးရဲ့ အလေးချိန်ကို ထမ်းထားသလိုမျိုး ဖြစ်နေခဲ့ ပါတယ် ။ အဲ့တာမျိုး မြင်တွေ့ခဲ့ရတာ ရက်သတ္တပါတ် အတော်လေး ကြာမြင့်ခဲ့ပါပြီ ။ သူဟာ ပျော်ရွှင်ပုံ မပေါ်ပါဘူး ။ ယူနိုက်တက်ဆီ ရောက်လာခဲ့တဲ့ မားကပ်စ် က မြန်တယ် ၊ ရန်လိုတယ် ၊ သန်မာတဲ့ ကစားသမားမျိုးပါ ”

” အဲ့ဒီအရာတွေကို အခုအချိန်မှာ မမြင်တွေ့ရတော့ပါဘူး ။ ဒါကို သူကိုယ်တိုင်လည်း ဝန်ခံနိုင်ပါတယ် ။ ဒီသတင်း ဘယ်ကနေ ထွက်လာလဲဆိုတာ ကျွန်တော်တော့ မသိပါဘူး ။ ဒါဟာ သူ့အသိုင်းအဝိုင်းဆီက ထွက်လာတာမျိုး မဟုတ််မှန်းတော့ သေချာပါတယ် ” လို့ ဖာဒီနန် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar