ရင်ဆိုင်ရ အခက်ခဲဆုံး ကစားသမား အဖြစ် ချဲလ်ဆီး နဲ့ လီဗာပူး ကစားသမား 2 ဦးကို ရွေးချယ်လိုက်တဲ့ ပေါ့ဂ်ဘာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ တစ််ဦး ဖြစ်တဲ့ ပေါလ် ပေါ့ဂ်ဘာ က ကစားသမား ဘဝ အတွင််း ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဖက်တွေ အဖြစ် လီဗာပူး ကစားသမားဟောင်း တစ်ဦးနဲ့ ချဲလ်ဆီး စတားတို့ကို ရွေးချယ််သွားခဲ့လိုက်ပါတယ် ။

ပေါ့ဂ်ဘာ ရွေးချယ်လိုက် ကစားသမား နှစ်ဦး ကတော့ အခြားသူတွေ မဟုတ်ပါဘူး ၊ ယခင်က လီဗာပူး အသင်းရဲ့ ကွင်းလယ်မှာ ကစားခဲ့တဲ့ ဂျာမန်သား အမ်မရီချန် နဲ့ တစ်နိုင်ငံတည်းသား ဖြစ်တဲ့ ချဲလ်ဆီး ကွင်းလယ်လူ အန်ဂိုလို ကန်တီ တို့ပဲ ဖြစ်ကြပါတယ် ။

ပေါ့ဂ်ဘာ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ပြန်လာခဲ့တဲ့နောက် 2016 – 17 ဘောလုံး ရာသီမှာ အမ်မရီချန် နဲ့ 2 ကြိမ် အထိ ရင်ဆိုင် ကစားခဲ့ဖူးပြီး အဆိုပါ ပွဲစဥ် နှစ်ပွဲလုံးမှာ ယူနိုက်တက် တို့ဟာ သရေ ရလဒ် နဲ့သာ ကျေနပ််ခဲ့လိုက်ရ ပါတယ် ။

အခြားတဖက်မှာတော့ အန်ဂိုလို ကန်တီ ဆိုတာဟာ ပေါ့ဂ်ဘာ အတွက်တော့ ပြင်သစ် လက်ရွေးစင် ကွင်းလယ် အသင်းဖော် ဖြစ်ပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ ချဲလ်ဆီး အသင််းမှာ ကစားတဲ့ ပြိုင်ဖက် ကစားသမား တစ်ဦးပဲ ဖြစ်သွားခဲ့ရပါတယ် ။

အခုတော့ ပေါ့ဂ်ဘာ က လက်ရွေးစင် အသင်းဖော် ဖြစ်သူဟာ ပြိုင်ဖက် အဖြစ် ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဖက် ကစားသမား တစ်ဦး ဖြစ်ကြောင်း ၊ အမ်မရီချန် နဲ့လည်း တကယ့် ပွဲကောင်း အချို့ကို ရင်ဆိုင် ယှဥ်ပြိုင် နွှဲခဲ့ရဖူးကြောင်း ထုတ်ပြောခဲ့လိုက်ပါတယ် ။

” သေချာတာပေါ့ ၊ အမြဲတမ်း ရင်ဆိုင်ရ အခက်ခဲဆုံးက အန်ဂိုလို ကန်တီ ပါပဲ။ ဒါပေမဲ့ တစ်နေ့မှာတော့ ကျွန်တော်ဟာ အမ်မရီချန် နဲ့ ကွင်းထဲမှာ battle အကြီးအကျယ် ဆိုင််ရတာကို အခုထိ မှတ်မိနေပါသေးတယ် ”

” ဒါပေမဲ့ အန်ဂိုလို ကန်တီ နဲ့ ရင်ဆိုင်ရတဲ့ အခါမှာတော့ ခင်ဗျား သူ့ကို ကျော်ဖြတ် ပြေးလိုက်တဲ့ အချိန်မှာ နောက်ထပ်် အန်ဂိုလို ကန်တီး တစ်ဦးကို ရင်ဆိုင်ရလိမ့်ဦးမယ်လို့ တွက်ထားလို့ ရပါတယ် ။ သူဟာ အရမ်း ၊ အရမ်းကို မြန်တယ်လေ ” လို့ ပေါ့ဂ်ဘာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ပေါ့ဂ်ဘာ နဲ့ အန်ဂိုလို ကန်တီ တို့ ဆိုတာ ပြင်သစ် လက််ရွေးစင် အသင်းကို 2018 ခုနှစ် တုန်းက ကမ္ဘာ့ ချန်ပီယံ ဖြစ်စေရေးမှာ အဓိက အရေးပါသူတွေ ဖြစ်ခဲ့ကြပါသေးတယ် ။ ဒါပေမဲ့ မန်ချက်စတာ မှာတော့ ပေါ့ဂ်ဘာ ဟာ ကန်တီ ထက် တစ်ဆင့်နိမ့်သူတွေနဲ့သာ ကစားခဲ့ရတာချည်းပါပဲ ။

#Sports_Myanmar