ယူရို ဖလားကိုလဲ ကံကောင်းလို့ ဗိုလ်စွဲခဲ့တာလို့ မှတ်ချက်ပေးရင်း အီတလီ ဘောလုံး လောကကို ပက်ပက်စက်စက် ဝေဖန်လိုက်တဲ့ ဒီကာနီယို

အီတလီ လက်ရွေးစင် ဘောလုံး အသင်းဟာ မြောက် မက်ဆီဒိုးနီးယား ကို ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မထင်မှတ်ပဲ ရှုံးနိမ့်ပြီး နောက်ပိုင်း ၊ ကစားသမားဟောင်းကြီး ပေါ်လို ဒီကာနီယို ကတော့ သူ့ရဲ့ ဒေါ့သတွေကို တစ်ရစ်ချင်း ဖွင့်ချလိုက်ပါတယ်။

Sky Sports Italia နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး မှာတော့ ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး က “ အဲဒီပွဲကြည့်ရင်း ကျနော်ဖြင့် တော်တော်လေးကို အေးတိအေးစက် ဖြစ်သွားတာပါ။ ကျနော့် စိတ်ထဲမှာ အီတလီတော့ ခံရတော့မယ် လို့ တွေးနေချိန်မှာပဲ ချက်ခြင်း ဂိုးပေးလိုက်ရတယ်ဗျာ။

အဲဒီ အချိန် မြင်လိုက်ရတဲ့ မြင်ကွင်းတွေကြောင့် ပိုပြီးတောင် စိတ်ဆိုးမိပါတယ်။ အားမလို အားမရ ဖြစ်တာ ၊ မချိတင်ကဲတွေ ဖြစ်လာတာ ထိန်းလို့တောင် မရပါဘူး။ မန်စီနီ ဟာ ပွဲအစပိုင်း မှာ ကတည်းက ကစားသမားတွေ ရဲ့ အမှားတွေကိုပဲ လိုက်ပြီး ထောက်ပြနေတာလေ။

သူကိုယ်တိုင်က စိုးရိမ်စိတ်တွေ များလွန်းနေခဲ့ပါတယ်။ ဒါမျိုးက ဒီလိုပွဲတွေ ကစားဖို့ မှန်ကန်တဲ့ စိတ်ဓါတ်မျိုး မဟုတ်ပါဘူး။ ပွဲ မစခင်ကတော့ ကမ္ဘာ့ဖလားကြီးကိုတောင် ကိုင်မြောက်အောင် စွမ်းဆောင်ပြတော့မလိုလို ပြောသွားတော့ မျှော်လင့်ချက် ထားတဲ့ ပရိသတ်တွေက ပိုပြီးတော့ စိတ်တိုတာပေါ့။

မက်ဆီဒိုးနီးယား ခံစစ်က ကောင်းလွန်းတာ လက်ခံပါတယ်။ ဒါပေမယ့် သူတို့ တိုက်စစ်ဆင်ပုံ နဲ့ ဂိုးရသွားတဲ့ ပုံစံကတော့ လက်ခံပေးနိုင်စရာ မရှိပါဘူး။ ဒီဂိုး ဟာ ကစားသမား ရဲ့ တစ်ဦးချင်း အရည်သွေးကြောင့် ရခဲ့တာပါ။ သူ့ကို ဘယ်သူမှ ဖိအား မပေးသလို ၊ ဒီအတိုင်းကြီးပဲ လွှတ်ထားတာလေ။

ဒါတွေ မြင်ရတိုင်း အီတလီ ဘောလုံး လောကကို ပိုပြီး ဒေါသ ထွက်လေလေ ပါပဲ။

အီတလီ အသင်းသားတွေ စွမ်းဆောင်ခဲ့တာတွေကို မနှိပ်ချချင်ပါဘူး ။ သူတို့ ရဲ့ အောင်မြင်မှုကြောင့် ကျနော်တို့ အားလုံး ဂုဏ်ယူခဲ့ပါတယ်။ ဒါပေမယ့် ကျနော့် အကျင့်က အင်္ဂလန် က သူငယ်ချင်းတွေ ဆိုရင် သူတို့ လက်ရွေးစင် အသင်းနဲ့ ပတ်သက်ပြီး နောက်ပြောင်နေကြဗျ။

ယူရို 2020 ပြိုင်ပွဲ အပြီးမှာတော့ အီတလီ ပရိသတ်တွေ ဟာ ဘောလုံးအကြောင်း ပြန်ပြီး အားရပါးရ ပြောလာကြသလို ၊ ကံကြမ္မာ တစ်ပတ်လည်သွားပြီ ဆိုပြီး မှတ်ချက်ပေးလာကြပါတယ်။ ဒါပေမယ့် အမှန်တုန်း ပြောရရင် အဲဒီ တုန်းကလဲ အသင်း ကစားပုံနဲ့ ပတ်သက်ပြီး လုံး၀ အားမရခဲ့ပါဘူး။

ကျနော့် အမြင်မှာတော့ အီတလီ ဟာ ပြိုင်ပွဲ တစ်လျှောက်လုံး တော်တော်ကို ကံကောင်းလွန်းခဲ့ပါတယ်။ စပိန် ကို ပင်နယ်တီ နဲ့ နိုင်တာ ၊ အင်္ဂလန် ကို ပင်နယ်တီ နဲ့ နိုင်တာတွေဟာ ကံကြမ္မာရဲ့ ဖေးမမှုတွေ ဖြစ်သလို ၊ သြစတီးယား နဲ့ ပွဲမှာ အနာသိုဗစ် ရဲ့ ဒူးသာ လူမကျွံခဲ့ရင် ၊ ပြိုင်ပွဲကနေ သေချာပေါက် ထွက်ရမှာပါ။

ကိုယ့်အသင်းကို ပြန်ပြီး မနှိမ့်ချချင်ဘူးဗျာ။ ဒါပေမယ့် အီတလီ ရဲ့ ကစားပုံဟာ ကောင်းလွန်းလို့ ဗိုလ်စွဲခဲ့တာ မဟုတ်ပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။

အီတလီ သတင်းစာတွေ ကတော့ ကမ္ဘာ့ဖလား ၀င်ခွင့် လွဲချော်ခဲ့ပြီး နောက်ပိုင်း ခီရယ်လီနီ ၊ ဘီလော့တီ ၊ အီမို ဘီလေး ၊ ဂျိုအာအို ပီဒရို တို့ဟာ လက်ရွေးစင် အသင်းကြီးမှာ ဆက်ပြီး နေရာ မရသင့်တော့ဘူး လို့ ဝေဖန်နေကြသလို နည်းပြ မန်စီနီ ရဲ့ နေရာကိုလဲ ရာနေးရီ (or) ပီအိုလီ နဲ့ အစားထိုးဖို့ တောင်းဆိုလျှက် ရှိနေကြပါတယ်။

SM