ယူနိုက်တက် ရဲ့ အဆင့် ၄ အတွက် အရေးပါတဲ့နိုင်ပွဲမှာ ဘယ်သူတွေ ဘယ်လို အစွမ်းပြခဲ့ကြသလဲ

မန်ချက်စတာ ယူနိုက်တက် အတွက်တော့ မနေ့ညက နိုင်ပွဲဟာ ပြီးခဲ့တဲ့ အပတ်က မန်ချက်စတာ ဒါဘီ ပွဲ အတွက်ရော ယူနိုက်တက် ရဲ့ အဆင့် ၄ အိပ်မက်တွေ အတွက်ပါ အရေးပါခဲ့ ပါတယ် ။

စပါး ဟာ ပြီးခဲ့တဲ့ အပတ် တုန်းက အဲဗာတန် ကို ၅ ဂိုးပြတ် အနိုင် ကစားထားခဲ့တာကြောင့် စိတ်ဓါတ် တက်ကြွမှု အပြည့်နဲ့ အိုးထရက်ဖိုဒ့် ကို လာရောက် ကစားခဲ့ပြီး ပုံစံကောင်းလည်း ပြနိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် နဲ့ စပါး အကြားမှာ ရိုနယ်ဒို က ကြီးမားတဲ့ ခြားနားမှုကို ဖြစ်စေခဲ့ပြီး ၃၇ နှစ် အရွယ် တိုက်စစ်မှူးကြီးရဲ့ ဟက်ထရစ်ကြောင့် စပါးတို့ အမှတ်ဗလာ နဲ့ အိမ်ပြန် ခဲ့ရ ပါတယ် ။

ဒီပွဲမှာ ပါဝင် ကစားခဲ့တဲ့ ယူနိုက်တက် အသင်းသားတွေရဲ့ စွမ်းဆောင်ရည်တွေ ကတော့ –

ဒါးဗစ် ဒဟဲယား – ၅

ကိုဗစ်ဖြစ်နေတယ်လို့ သတင်းထွက်ခဲ့ပြီးမှ ဆေးစစ်ချက်မှာ ပိုးမတွေ့တာကြောင့် ပါဝင် ကစားခွင့် ရခဲ့ ပေမယ့် ဒီပွဲဟာ စပိန်သား အတွက်တော့ စိတ်ကျေနပ်စရာ မဟုတ်ခဲ့ ပါဘူး ။ ဟယ်ရီကိန်း ရဲ့ ပင်နယ်တီ ရော ဟယ်ရီ မက်ဂွဲယား ရဲ့ O.G ကိုပါ ခွင့်ပြု ခဲ့ရ ပါတယ် ။

ဒီယေဂို ဒါးလော့ – ၅

၁-၀ အနေအထားမှာ အဲရစ်ဒိုင်ယာ ရဲ့ ဂိုးသွင်းမှုကို စည်းပေါ်ကနေ တားဆီး နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် တပွဲလုံး ခြုံကြည့်ရင်တော့ ဆာဂျီယို ရီဂွီလွန် ကို မထိန်းထားနိုင်ခဲ့ ပါဘူး ။

ရာဖေး ဗာရန်း – ၇

မနေ့ညက ပုံစံကောင်း ရခဲ့တဲ့ သရဲနီ တယောက်ပါ ။ ပွဲကို ကောင်းကောင်း ဖတ်နိုင်ခဲ့ပြီး စပါး ရဲ့ လွှမ်းမိုးထားမှု ကြားမှာ ကောင်းမွန်တဲ့ ခံစစ် အရည်အသွေးကို အကြိမ် အနည်းငယ် ပြသ နိုင်ခဲ့ ပါတယ် ။

ဟယ်ရီ မက်ဂွဲယား – ၅

ပထမပိုင်း ကစားပုံ ကောင်းခဲ့ ပါတယ် ။ စပါး ရဲ့ တိုက်စစ်ကို ဗာရန်း နဲ့ အတူ ခုခံ ကာကွယ်တဲ့ နေရာမှာလည်း မဆိုးခဲ့ ပါဘူး ။ O.G က ပြဿနာ ဖြစ်သွား စေခဲ့တာပါ ။

အဲလက်စ် တဲလက်စ် – ၆

အစ ကောင်းခဲ့ ပါတယ် ။ ဒါပေမယ့် ပေါ့ဆ တဲ့ ကာကွယ်မှုကြောင့် ပင်နယ်တီ ပေးခဲ့ရပြီး စပါး ညာခြမ်းက ဒိုဟာတီ နဲ့ ယှဉ်ရင်လည်း အားနည်း နေခဲ့ ပါတယ် ။ အနိုင်ရလိုစိတ်နဲ့ အားထုတ်မှုတွေကိုတော့ အသိအမှတ် ပြုရမှာပါ ။

နီမန်ဂျာ မာတစ် – ၇

အသက်အရွယ် နဲ့ မလိုက်အောင် ကောင်းခဲ့တာက ခရစ္စတီယာနို ရိုနယ်ဒို တယောက်တည်း မဟုတ်ခဲ့ ပါဘူး ။

မာတစ် ဟာ မနေ့ညက ပွဲမှာ ယူနိုက်တက် ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်း ပေးခဲ့ပြီး သူ့ရဲ့ အကျိုးရှိတဲ့ ပေးပို့မှုတွေ ဟာ အသင်းရဲ့ တိုက်စစ် အတွက် အထောက်အကူ ဖြစ်စေခဲ့ ပါတယ် ။

ဖရက်ဒ် – ၇

ဖရက်ဒ် ကစားပုံ ကောင်းတဲ့ပွဲက ခပ်ရှားရှားပါ ။ အဲ့ဒိ အထဲက တပွဲ ကတော့ မနေ့ညက ပွဲပါပဲ ။ ယူနိုက်တက် ကွင်းလယ်မှာ မာတစ် နဲ့ အတူ စပါး ကွင်းလယ်ကို ယှဉ်နိုင် ခဲ့ပြီး ရိုနယ်ဒို ရဲ့ ပထမဂိုး မှာလည်း ပါဝင် ပတ်သက် ခဲ့ ပါတယ် ။

ပေါလ် ပေါ့ဘာ – ၅

ရိုဒရီဂို ဘန်တန်ကာ ကို skill ပြခဲ့တာက လွဲရင် တပွဲလုံး အနေအထားမှာ အားရစရာ မရှိခဲ့ ပါဘူး ။ ဒုတိယပိုင်းမှာ ပိုလို့တောင် အပျက်များခဲ့ ပါတယ် ။

မားကပ် ရက်ဖိုဒ့် – ၅

ဒဏ်ရာ ရပြီး လူစားလဲ ခံခဲ့ရ ပါတယ် ။ စပါးရဲ့ တောင်ပံတွေကို မထိုးဖောက် နိုင်ခဲ့သလို ကာကွယ်မှုလည်း မပေး နိုင်ခဲ့ ပါဘူး ။ ဒီအတိုင်း ဆက်သွားရင်တော့ ကလပ် ရော နိုင်ငံမှာပါ နေရာ ပျောက်သွားနိုင်ပါတယ် ။

ဂျေဒွန် ဆန်ချို – ၆

ခံစစ် ကစားပုံကတော့ မကောင်းပါဘူး ။ ဒါပေမယ့် ရိုနယ်ဒို ရဲ့ ဒုတိယ ဂိုးကို ဖန်တီးပေးပြီး အသုံးဝင်တဲ့ ကစားသမား တယောက် ဖြစ်တယ်ဆိုတာကို ပြသခဲ့ ပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို – ၉

ရော့ကတ် ကန်ချက် နဲ့ ပထမဂိုး ၊ ဆန်ချို ရဲ့ ဖန်တီးမှု ကနေ ပိတ်သွင်းတဲ့ ဒုတိယဂိုး ၊ အမြင့်ခုန် ခေါင်းတိုက်ချက် နဲ့ တတိယ ဂိုးတွေဟာ ၃၇ နှစ်သားကြီး ကို ပရော်ဖက်ရှင်နယ် ဘောလုံးသမိုင်းမှာ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်လာစေခဲ့ ပါတယ် ။

ပွဲချိန် တလျောက်လုံး မှာလည်း စပါး ဂိုးသမား လိုရစ် ကို ကန်ချက် အချို့ နဲ့ ခြိမ်းခြောက် နိုင်ခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ အခြားပွဲတွေမှာ ပုံစံကောင်းတွေ မရခဲ့ပါဘူး ၊ ဒါပေမယ့် ဒီညကတော့ သူ့ရဲ့ ည ဖြစ်ခဲ့ ပါတယ် ။

လူစားဝင် ကစားသမားများ –

အန်တိုနီ အီလန်ဂါ – ၆

အီဒီဆင် ကာဗာနီ – ၅
လင်ဒီလော့ဖ် – ၆

 

SPORTS MYANMAR