ယူနိုက်တက် ပရိသတ်တွေရဲ့ အတွေးကို သို့လောသို့လော ဖြစ်စေလိုက်ပြန်တဲ့ ပေါ့ဂ်ဘာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာဟာ အသင်းဆီ ပြန်လာခဲ့တဲ့နောက် ဆုဖလား အောင်မြင်မှုတွေ မရယူနိုင်ခြင်း ၊ ခြေစွမ်းကောင်း မပြသနိုင်ခြင်း စတဲ့ အခက်အခဲတွေကို ဆက်တိုက် ကြုံံတွေ့ခဲ့ရပါတယ်

အခြားတဖက်မှာတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်် အသင်းမှာ ခြေစွမ်းကောင်း မပြသနိုင်ခဲ့ပေမဲ့ ပြင်သစ် လက်ရွေးစင် အသင်းဆီ ရောက်တိုင်း ကမ္ဘာ့ အဆင့် ခြေစွမ််းကောင်းတွေကို အမြဲလို ပြသနိုင်ခဲ့တဲ့ အတွက် ယူနိုက်တက် ပရိသတ်တွေ ကလည်း သူ့အပေါ် အားမလို အားမရ ဖြစ်ခဲ့ကြပါသေးတယ် ။

ဒါ့အပြင် ဒီနှစ် ဘောလုံး ရာသီမှာလည်း ပေါ့ဂ်ဘာ ဟာ ဒဏ်ရာ ပြသနာတွေ အချိန် အကြာကြီး ကြုံတွေ့ခဲ့ရတဲ့အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပွဲစဥ်တွေကို ကစားခွင့် ဆုံးရှုံးထားခဲ့ရပါတယ် ။

ဒါ့အပြင် သူဟာ ပြန်လည် ကစားပေးနိုင်ခဲ့တဲ့ အခါမှာလည်း ပုံစံကောင်းတွေ ခနတာသာ ပြသနိုင်ခဲ့ပြီး ရုန်းကန်ခဲ့တာ များခဲ့တဲ့ အတွက် သူ့အပေါ် စိတ်ပျက်သူတွေ များခဲ့ကြပါသေးတယ် ။ အခုတော့ သူဟာ ရာသီကုန် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်ကုန်ဖို့ ရှိနေပါတယ် ။

ဒီလို အနေအထား တစ်ရပ်မှာ ပြင်သစ် လက်ရွေးစင် အသင််းဆီ ရောက်လာခဲ့တဲ့ ကစားသမားက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ စိတ်ကျေနပ်စရာ မကောင်းတဲ့ ရက်စွဲတွေကို ပိုင်ဆိုင်ခဲ့ရကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါသေးတယ် ။

ဒါ့အပြင် ပြင်သစ် လက်ရွေးစင် အသင်းမှာ သူဟာ တူညီိတဲ့ အသင်းဖော် နဲ့ ကစားရသလို role တစ်ခုမှာပဲ စွဲမြဲစွာ ကစားခဲ့ရကြောင်း ၊ မန်ချက်စတာ ယူနိုက်တက် အသင််းမှာတော့ ပါတနာ အပြောင်းအလဲ အမြဲတမ်း ရှိခဲ့ကြောင််း ၊ role တစ်ခု မရှိကြောင်း ပြောဆိုခဲ့ပါသေးတယ် ။

အခုတော့ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရုန်းကန််နေခဲ့ရတဲ့ ပေါဂ်ဘာ က ပြင်သစ် အသင်းဆီ လာရောက်ခွင့် ရသလိုမျိုး အားလပ်ရက်ကို လိုအပ်နေခဲ့ကြောင်း ပြောကြားခြင်းဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာတော့မယ့် သတင်းကို ပိုမို ခိုင်မာလာစေခဲ့ပါတယ် ။

” ခင်ဗျား အနေနဲ့ အမှန်တရားကို ပြောဖို့ လိုအပ်ပါတယ် ။ မန်ချက်စတာမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေကို ပိုင်ဆိုင််ခဲ့ရတဲ့ ရက်စွဲမျိုးမှာ ကျွန်တော်ဟာ ယုံကြည်မှုတွေကို ပြန််လည် ရရှိဖို့ အတွက် Blue တွေနဲ့ ပူးပေါင်းဖို့ လိုအပ်နေခဲ့တာ အမှန်ပါပဲ ” လို့ ပေါ့ဂ်ဘာ က ပြောကြားသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar