ယူနိုက်တက် ကြယ်ပွင့်လေးကို ချီးကျူးလိုက်တဲ့ ဇလာတန် အီဗရာဟီမိုဗစ်

အေစီ မီလန် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ဇလာတန် အီဗရာဟီမိုဗစ် က ဆွီဒင် လက်ရွေးစင် အသင်းရဲ့ ဆင့်ခေါ်မှုကို ရရှိခဲ့တဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးလေး အန်သိုနီ အီလန်ဂါ ကို ချီးကျူး စကား ဆိုသွားခဲ့လိုက်ပါတယ် ။

အန်သိုနီ အီလန်ဂါဟာ ဒီရာသီ ရဲ့လ်ဖ် ရန်းဂနစ် လက်အောက််မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အပေါင််း လက္ခဏာဆောင်ကျဥ်းမှု အနည််းငယ်ထဲ ပါဝင်ခဲ့တဲ့သူ ဖြစ်နိုင်ခဲ့ပါတယ် ။ သူဟာ ရရှိခဲ့တဲ့ ပွဲကစားချိန် မိနစ်တွေကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့ပါတယ် ။

ဒါ့ကြောင့်လည်း သူဟာ ရန်းဂနစ် လက်အောက်မှာ ပွဲထွက် ကစားခွင့်တွေ ၊ လူစားဝင် ကစားခွင့်တွေ အမြဲလို ပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီလို အခိုက်အတန့်တွေမှာလည်း သူဟာ အသင်းအတွက် ဂိုး အချို့ သွင်းယူနိုင်ခဲ့ပါသေးတယ် ။

အဲ့ဒီထဲမှာတော့ အသင်းကို အမှတ် ရရှိစေတဲ့ အနိုင်ဂိုး ၊ သရေ ဂိုး တွေလည်း ပါဝင်ခဲ့ပါတယ် ။ ဒါ့ကြောင့်လည်း သူဟာ စီနီယာ ကစားသမား ဘဝမှာ ပွဲထွက် ကစားခွင့်တွေ နည်းပါးနေခဲ့သေးပေမဲ့ ဆွီဒင် လက်ရွေးစင် အသင်းရဲ့ ခေါ်ယူခြင်းကို ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ဆွီဒင် လက်ရွေးစင် အသင်းရဲ့ ပရိသတ် အချစ််တော် တိုက်စစ်မှူး ဖြစ်တဲ့ ဇလာတန် အီဗရာဟီမိုဗစ် က အသင်းဟောင်းမှာ တောက်ပနေခဲ့တဲ့ တိုက်စစ်မှူးလေးရဲ့ အကြောင်းကို အမေးခံလိုက်ရချိန်မှာ ချီးကျူးမှုတွေသာ လုပ်ဆောင်သွားခဲ့လိုက်ပါတယ် ။

” တကယ့်ကို ပါရမီထူးတဲ့ ကောင်လေး တစ်ယောက်ပါပဲ ။ ဒီလို ကစားသမားလေး ဆွီဒင် နိုင်ငံထွက် ကစားသမား ဖြစ်နေလို့ ကျွန်တော်တို့ တကယ်ပဲ ဂုဏ်ယူ ဝမ်းမြောက်မိပါတယ် ။ သူဟာ အခုတော့ ဆွီဒင် အသင်းအတွက် ပါဝင်ခွင့် ရတော့မှာဖြစ်ပြီး အခုထက်ပိုပြီး တောက်ပခွင့် ပိုင်ဆိုင််နိုင်တော့မှာပါ ”

” သူ (အီလန်ဂါ) ဟာ ရှေ့ဆက်တလျှောက်လုံး အနာဂတ်ကောင်း တစ်ခုကို တည်ဆောက်ခွင့် ရတော့မှာပါ ။ အကယ််လို့ သူ စတင်ခဲ့သလိုမျိုး ဆက်လုပ်ပြနိုင်ဦးမယ်ဆိုရင် ဒါဟာ အပေါင်းလက္ခဏာ ဆောင်ကျဥ်းခြင်း တစ်ရပ်ပဲ ဖြစ််သွားပါလိမ့်မယ် ”

” သူအနေနဲ့ အမြဲတမ်း တိုက်ပွဲဝင်နေဖို့ ၊ ရောင့်ရဲတင်းတိမ်် မနေပဲ နောက်ထပ် နောက်ထပ်တွေ လုပ်ပြနိုင်ဖို့ အာရုံစိုက််ရပါ့မယ် ။ သူ ဘယ်လောက်အထိ ဆက်လက် တိုးတက််မလဲ ဆိုတာကတော့ သူ့အပေါ်မှာပဲ မူတည်နေပါတယ် ” လို့ ဇလာတန် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar