ယူနိုက်တက် ကစားသမား သုံးဦးကို ရောင်းထုတ်လိုက်ဖို့ တန်ဟတ်ကို ကြိုတင် အကြံပေးတိုက်တွန်းလိုက်တဲ့ နယ်သာလန် လက်ရွေးစင်ဟောင်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂန္တဝင် နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာသွားတဲ့နောက် ပုံစံမတူတဲ့ နည်းပြတွေကို တစ်ဦးပြီးတစ်ဦး ခေါ်ယူ ခန့်အပ်ခဲ့ပေမဲ့ လိုချင်တဲ့ ရလဒ် ၊ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ခဲ့ရပါတယ် ။

အဲ့ဒီထဲမှာတော့ ယူနိုက်တက် အသင်းရဲ့ သမိုင်းဝင် တိုက််စစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ အိုလီ ဂန်နား ဆိုးလ်ရှားလည်း ပါဝင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ဆိုးလ်ရှားဟာလည််း အသင်းကို လိုအပ်တဲ့ ဆုဖလား အောင်မြင်မှုတွေ ရရှိအောင် မစွမ်းဆောင်ပေးနိုင်ခဲ့ပါဘူး ။

အထူးသဖြင့် ဒီနှစ် ဘောလုံး ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆိုးလ်ရှား လက်အောက်မှာ ထိပ််သီး လေးသင်း စာရင်းဝင်နိုင်ဖို့တောင် အခက်တွေ့ခဲ့ရပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက်တို့ ဆိုးလ်ရှား နဲ့ လမ်းခွဲခဲ့လိုက်ရတာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက်တို့ဟာ ယာယီ နည်းပြ အဖြစ် ဂျာမန်သား နည်းပြ ဖြစ်တဲ့ ရဲ့လ်ဖ် ရန်းဂနစ် ကို ခေါ်ယူခဲ့ကြပါတယ် ။ ဒါပေမဲ့ ရန်းဂနစ် ဟာလည်း ပရိသတ်တွေ မျှော်လင့်ထားကြတဲ့ ရလဒ်မျိုး ရရှိအောင် မစွမ်းဆောင် ပေးနိုင်ခဲ့ပါဘူး ။

ဒါ့ကြောင့် ယူနိုက်တက် တို့ဟာ သူ့ကို နည်းပြ အဖြစ် ခန့်အပ်ဖို့ မရှိပဲ ကြိုတင် သဘောတူညီမှု ရရှိထားတဲ့ အတိုင်း အကြံပေး အဖြစ် ဆက်လက် ခန့်အပ်သွားဖို့ ရှိနေပါတယ် ။ ဒီလို အနေအထား တစ်ရပ်မှာ မေးစရာ ဖြစ်လာတဲ့ မေးခွန််း တစ်ခုက ယူနိုက်တက် နည်းပြ ဘယ်သူ ဖြစ်လာမလဲ ဆိုတာပါပဲ ။

လက်ရှိ အချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ နည်းပြသစ် ရာထူးအတွက် PSG နည်းပြ ပိုချက်တီနို ၊ အေဂျက်ဇ် နည်းပြ အဲရစ် တန်ဟတ် တို့က ရေးပန်းစား နေခဲ့ကြပါတယ် ။ ဒါ့အပြင် ချဲလ်ဆီး နည်းပြ တူချယ်လည်း ဒီစာရင်းထဲ ပါဝင်နေခဲ့ပါသေးတယ် ။

ဒါပေမဲ့ ပရိသတ် အချို့ကတော့ စူပါ စတားတွေကို ကိုင်တွယ််ခွင့် ရရှိတဲ့ PSG အသင်းကို ချန်ပီယံလိဂ် ပြိုင်ပွဲကြီးမှ စောစောစီးစီးထွက်ခွာအောင် ကိုင်တွယ်ခဲ့တဲ့ ပိုချက်တီနိုကို မခန့်အပ်စေလိုကြပါဘူး ။ ဒါ့အပြင် တူချယ်လည်း ယူနိုက်တက် နည်းပြ ဖြစ်လာဖို့ အခွင့်အလမ်း နည်းပါးလှပါတယ် ။

ဒီလို အနေအထား တစ်ရပ်မှာ အများစု အဲရစ် တန်ဟတ်ကို နည်းပြသစ် ဖြစ်လာစေဖို့ မျှော်လင့် နေခဲ့ကြပါတယ် ။ အခုတော့ နယ်သာလန် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ဗန်ဒါဂစ်ဂျ် က တန်ဟတ် အနေနဲ့ ယူနိုက်တက် နည်းပြ ဖြစ်ပါလာက အသင််းသား 3 ဦးကို ရောင်းထုတ်လိုက်သင့်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

” သူ (တန်ဟတ်) အနေနဲ့ ပြသနာ ဖန်တီးသူတွေ ဖြစ်ကြတဲ့ ခရစ္စတီယာနို ရော်နယ်ဒို ၊ ပေါလ် ပေါ့ဂ်ဘာ နဲ့ ဟယ်ရီ မက်ဂွားယား တို့ သုံးဦးကို ရောင်းထုတ်လိုက်သင့်ပါတယ် ” လို့ ဗန်ဒါဂစ်ဂျ် က တန်ဟတ် အရင်ဆုံး ဘာလုပ်သင့်လဲလို့ အမေးခံလိုက်ရတဲ့ အခါမှာ အခုလိုမျိုး လိုရင်းတိုရှင်းပဲ ပြန်လည် တုန့်ပြန်သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar