ယူနိုက်တက် ကစားသမား တစ်ဦးအတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောလိုက်တဲ့ ရွိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် တစ်ဦးဖြစ်တဲ့ ရွိုင်ကိန်း က လက်ရှိ အသင်းမှ ဗဟို နောက်ခံလူ ဖြစ်တဲ့ ဟယ်ရီ မက်ဂွားယား အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ၊ အခုချိန်မှာ သူ့ဆီက ခေါင်းဆောင် ရာထူးကို မဖြုတ်သင့်သေးကြောင်း ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခံစစ်မှူး ဖြစ်တဲ့ ဟယ်ရီ မက်ဂွားယားဟာ အင်္ဂါနေ့မှာ အိုင်ဗရီကို့စ် အသင််းနဲ့ ခြေစမ်းပွဲ ကစားခဲ့ရစဥ်က ဝင်ဘာလေ ကွင်းထဲမှာ အင်္ဂလန် ပရိသတ်တွေရဲ့ လှောင်ပြောင် သရော်မှုတွေကို ခံခဲ့ရပါတယ် ။

ဒီအတွက် အင်္ဂလန် နည်းပြ ဂါးရတ် ဆောက်ဂိတ်က ပြန်လည်် တုန့်ပြန်ခဲ့သေးပြီး အခုလို လှောင်ပြောင် အော်ဟစ် နေမှုတွေကို ဟာသပဲ လို့ ခေါင်းစဥ်တပ်ခဲ့ပါသေးတယ် ။ ဒါ့အပြင် အင်္ဂလန် အသင်းဖော် အချို့ကလည်း မက်ဂွားယား ဖက်မှ ရပ်နည်ပေးခဲ့ကြပါသေးတယ် ။

အခုလို အဖြစ်အပျက်တွေက 2021 – 22 ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် မက်ဂွားယား ခြေစွမ်း မပြနိုင်ခဲ့လို့ ဖြစ်ခဲ့ရတာပါပဲ ။ ဒီအတွက် အချိို့က သူ့ရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ဖြတ်လိုက််ဖို့ အထိတောင် တောင်းဆိုခဲ့ကြပါသေးတယ် ။

အခုတော့ မက်ဂွားယားကို ဒီရာသီ အလျင်းသင့်သလို ဝေဖန်ခဲ့ဖူးတဲ့ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်း က ဂယ်ရီ နဗီးလ် ရဲ့ You Tune Channel မှာ မက်ဂွားယား အကြောင်း အမေးခံလိုက်ရချိန်မှာတော့ စိတ်မကောင်း ဖြစ်မိကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော် သူ့အတွက် စိတ်မကောင်းဖြစ်မိပါတယ် ။ ကျွန်တော်ဟာ ယူနိုက်တက် အသင်း ခေါင်းဆောင် ဖြစ်ခဲ့ပြီး ဒီရာထူးကို အကြာကြီး ရယူနိုင်ခဲ့ပါတယ်။ ကျွန်တော် အသင်းရဲ့ ယဥ်ကျေးမှု အစဥ်အလာတွေကို လေ့လာခဲ့ပါတယ် ။ ပြီးတော့ အရင် ခေါင်းဆောင်တွေ ဘယ်လို နေခဲ့လဲဆိုတာလည်း လေ့လာသင်ယူခဲ့ပါတယ် ”

” ကျွန်တော်တို့ဟာ အရာရာတိုင်းကို ပိုမို လွယ်ကူအောင် လုပ်ဆောင်နိုင်ခဲ့ကြတဲ့ အနိုင်ယူတတ်တဲ့ အသင်းမျိုး ဖြစ်နိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ မက်ဂွားယား အသင်းဆီ ရောက််လာပြီး ခေါင်းဆောင် ရာထူးကို လက်ဆင့်ကမ်း ယူခဲ့ချိန်မှာတော့ ကျွန်တော် အခြားသူတွေအတွက် စိုးရိမ်မိခဲ့ပါတယ် ”

” ဒီအသင်းထဲက ဘယ်သူကမှ အသင်း ခေါင်းဆောင် ရာထူးကို မယူနိုင်ကြဘူးလားဆိုပြီး စိုးရိမ်မိခဲ့ပါတယ် ။ အဲ့တာကို သူ့ဆီက ပြန်ယူဖို့က ခက်ခဲနေပါလိမ့်မယ် ။ အဲ့တာ အရေးမကြီးပါဘူး ။ သူ့အနေနဲ့ လက်ရှိ အနေအထားကနေ တိုးတက်လာဖို့ သင်ယူရပါ့မယ် ”

” သူ့အနေနဲ့ ကောင်းကောင်း ကစားပြနိုင်ပြီ ဆိုတာကို သေချာအောင် လုပ်သင့်ပါတယ် ။ ဘယ်သူတွေ ဘယ်လိုပဲ တောင်းဆိုနေကြပါစေ ၊ ခင်ဗျားရဲ့ ကစားပုံ ကောင်းနေဖို့က နံပါတ်တစ် ပါပဲ ။ ကျန်တာတွေက သူ့ဟာသူ ရောက််လာပါလိမ့်မယ် ။ ဟယ်ရီက ခြေစွမ်းကောင်း ပြနိုင်ဖို့ ရုန်းကန််နေရတာပါ ”

” ဒါပေမဲ့ လူတွေက သူ့ရဲ့ခေါင်းဆောင်နိုင်မှု စွမ်းရည်ကိုပဲ မေးခွန်းထုတ်နေခဲ့ကြပါတယ် ။ ခင်ဗျား အနေနဲ့ အသင််းဖော်​ကောင်း တစ်ဦးဖြစ်ဖို့ ၊ ကစားသမားကောင်း တစ်ဦး ဖြစ်ဖို့ ကြိုးစားပါ ။ ​ကောင်းကောင်း နဲ့ မှန်မှန် လေ့ကျင့်ပါ ။ အခြေခံ မှန်အောင်လုပ်ပါ ။ ကျန်တာတွေက နောက်က လိုက်လာပါလိမ့်မယ် ” လို့ ရွိုင်ကိန်း က ပြောခဲ့လိုက််ပါတယ် ။

#Sports_Myanmar