ယူနိုက်တက် ကစားသမားဘဝကို ကယ်တင်ဖို့ ဘာလုပ်သင့်လဲဆိုတာ မက်ဂွားယားကို အကြံပေးလိုက်တဲ့ အိုရှေး

ယူနိုက်တက် ခံစစ်မှူးဟောင်း ဂျွန်အိုရှေး ကတော့ လက်ရှိိ အသင်းရဲ့ နောက်ခံလူ ဗဟို ဟယ်ရီ မက်ဂွားယား ဟာ ပုံစံကောင်း ပြန်လည်ပြသနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင််း ၊ သို့ပေမဲ့ ဝေဖန်မှုတွေကို တွန်းလှန်နိုင်ရေး အတွက် အလုပ််တွေ ကြိုးစားဖို့ လိုကြောင်း ပြောခဲ့လိုက်ပါတယ် ။

ဟယ်ရီ မက်ဂွားယားဟာ လွန်ခဲ့တဲ့ အချိန် 12 လ အတွင််းမှာပဲ အင်္ဂလန် လက်ရွေးစင် အသင်းကို ယူရို ပြိုင်ပွဲရဲ့ ဖိုင်နယ် အဆင့််ထိ ရောက်ရှိအောင် ကူညီပေးထားနိုင်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ မန်ချက်စတာ ယူနိုက်တက်မှာ ပုံစံကောင်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။

အထူးသဖြင့် ဒီရာသီအတွင်းမှာ သူ့ရဲ့ တစ်ကိုယ်တော် အမှားတွေ မကြာခန ကျူးလွန်မှုက လူတိုင်းအတွက် ဝေဖန််ချင်စရာ ဖြစ်ခဲ့ရပါတယ် ။ အဲ့ဒီထဲမှာတော့ သူ့ဆီက အသင်း ခေါင်းဆောင် လက်ပတ်ကိုပါ ဖြုတ်သိမ်းလိုက်ဖို့ အထိ တောင်းဆိုသူတွေ ရှိခဲ့ကြပါသေးတယ် ။

ဒါ့အပြင် အချို့ကတော့ သူ့ကို ရောင်းထုတ်လိုက်ဖို့ ၊ ပြီးရင် ရရှိတဲ့ ငွေတွေကို နောက်ရာသီမှာ အကျိုးရှိရှိ အသုံံးချလိုက်ရင်း ပြန်လည် တည်ဆောက်လိုက်ဖို့ အထိတောင် အသင်းကို တောင်းဆိုမှုတွေ ကိုယ်စီ လုပ်ဆောင်ခဲ့ကြပါသေးတယ် ။

ဒါပေမဲ့ ယူနိုက်တက် နောက်ခံလူဟောင်း တစ်ဦးဖြစ်တဲ့ ဂျွန်အိုရှေး က မက်ဂွားယား ဟာ အကောင်းဆုံး ပြန်လာနိုင်လိမ့်မယ်လို့ ထောက်ခံလိုက်ပြီး သူဟာ အင်္ဂလန် လက််ရွေးစင် ဖြစ်ကြောင်း ၊ သူ ကောင်းခဲ့တဲ့ ရက်စွဲတွေကို ပြန််လည် အမှတ််ရပေးဖို့ ပြောကြားသွားခဲ့လိုက်ပါတယ် ။

” ဒါဟာ သူ့အတွက်တော့ တကယ်ပဲ ခက်ခဲနေလိမ့်မယ်လို့ ကျွန်တော် သေချာပေါက် ပြောနိုင်ပါတယ် ။ သူ့အနေနဲ့ ဒါကို ကျော်ဖြတ်ဖို့ လိုတယ်ဆိုတာကိုတော့ အမှတ်ရနေဖို့ လိုအပ်ပါတယ် ။ သူဟာ အင်္ဂလန် လက်ရွေးစင် တစ်ဦးပါ ။ သူဟာ ကစားသမား ဘဝမှာ အရမ်းကို အောင်မြင်ခဲ့ပါတယ် ”

” သူဟာ ကစားသမားကောင်း တစ်ဦးပါ ။ သူ့ အနေနဲ့ အခုလိို ရက်စွဲတွေမှာ အလုပ်တွေ ကြိုးစားနေကြောင်း သေချာဖိို့ လိုအပ်လှပါတယ် ။ အသင်းမှာ အထိုင်ကျတဲ့ ခံစစ်မှူး 4 ယောက် မရှိဘူးဆိုတာက ယေဘုယျအားဖြင့်တော့ ပြသနာကြီး တစ်ခု မဟုတ်လှပါဘူး ”

” အသင်းမှာ အပြောင်းအလဲ အများကြီး ရှိခဲ့ပါတယ် ။ ဘယ် နောက်ခံလူ ၊ ညာ နောက်ခံလူ ၊ လင်ဒီလော့ဖ် ၊ ဗာရန်း စသဖြင့် အပြောင်းအလဲတွေ များပြားခဲ့ရပါတယ် ။ သူတို့တွေဟာ အတူတကွ ပွဲစဥ်တွေ အများကြီး ကစားရဖို့ အခွင့်အလမ်းတွေ မပိုင်ဆိုင်နိုင်ခဲ့ကြပါဘူး ”

” အကယ်လို့ ဗာရန်းသာ ကြံ့ခိုင်မှုတွေ ပြည့်ဝနေခဲ့မယ်ဆိုရင် သူနဲ့ အတူ ဘယ်သူပဲ တွဲကစားပါစေ ၊ ကောင်းကောင််း ကစားပေးနိုင်လိမ့်မယ်လို့ ကျွန်တော် တွေးမိပါတယ် ။ သူဟာ ကစားသမားကောင်း တစ်ဦးပါ ၊ ဗာရန်းသာ ရာသီကုန်အထိ ကြံ့ခိုင်နေမယ်ဆိုရင် အသင်းအတွက်် အကြီးကြီး အပေါင်းလက္ခဏာ ဆောင်ကျဥ်းနေပါလိမ့်မယ် ” လို့ အိုရှေးက ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar