ယူနိုက်တက် ကစားသမားကို ပွဲထွက်ကစားသမားစာရင်းမှ ဖြုတ်လိုက်ဖို့ တိုက်တွန်းလိုက်တဲ့ ဘာဘာတော့ဗ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််းဖြစ်သူ ဒီမစ်တာ ဘာဘာတော့ဗ် က ယာယီနည်းပြ ရန်းဂနစ် အနေနဲ့ ပွဲထွက် ကစားသမား စာရင်းမှ အသင်း ခေါင််းဆောင် ဟယ်ရီ မက်ဂွားယားကို ဖြုတ်လိုက်သင့်ကြောင််း တိုက်တွန်း သွားခဲ့လိုက်ပါတယ် ။

2019 ခုနှစ် နွေတုန်းက မန်ချက်စတာ ယူနိုက်တက် အသင််းဆီ ခံစစ် ကစားသမား တစ်ဦး အတွက် စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် သန်း 80 နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဟယ်ရီ မက်ဂွားယားဟာ ရောက်ခါစတုန်းက ပုံစံကောင်း ပြသနိုင်ခဲ့ပေမဲ့ ဒီရာသီမှာတော့ ရုန်းကန်နေခဲ့ရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခံစစ်ပိုင်း စိတ်တိုင််းကျ မဖြစ်ခဲ့တဲ့ အတွက် ပြီးခဲ့တဲ့ နွေတုန်းကပဲ ဟယ်ရီ မက်ဂွားယား နဲ့ တွဲဖက်ဖို့ ရာဖေးလ် ဗာရန်းကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ လက်တွေ့မှာတော့ အင်္ဂလန်သားဟာ ရုန်းကန်မြဲ ရုန်းကန်နေခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ် က မက်ဂွားယားကို ပွဲထွက် ကစားသမား စာရင်းမှ ဖြုတ်ထားလိုက်သင့်ကြောင်း ၊ မက်ဂွားယား ကိုယ််တိုင်လည်း ဒီထက်ပိုကောင်းအောင် ကစားနိုင်တယ်ဆိုတာကို သိလိမ့်မယ်လို့ ယုံကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ကျွန်တော်ဟာ ယူနိုက်တက် အသင်းမှာ နီမန်ဂျာ ဗီဒစ် ၊ ဝိန်း ရွန်းနီ တို့လို ခမ်းနားတဲ့ ခေါင််းဆောင် အချို့နဲ့ ကစားခဲ့ဖူးပါတယ် ။ အဲ့ဒီ အချိန်တုန်းက အသင်းမှာ တစ်ခုခုလွဲချော််နေပြီဆိုရင် လူတွေဟာ အသင်း ခေါင်းဆောင်ကိုပဲ ဝိုင်းပြီး လက်ညှိုးထိုးခဲ့ကြပါတယ် ”

” ဟယ်ရီ မက်ဂွားယားက ပိုကောင်းတဲ့ စွမ်းဆောင်ရည် ပြသနိုင်စွမ်း ရှိသူပါ ။ ဒါကို သူလည်း သိပါတယ် ။ အခု သူလုပ်နေတဲ့ အမှားတွေက အသင်းကို ဦးဆောင်စေနိုင်တဲ့ သူ့ရဲ့ စွမ်းရည်ကို ထိခိုက်စေပါတယ် ။ ဒါကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်လှပါတယ် ”

” ဒီလို အနေအထား တစ်ရပ်မှာ ရဲ့လ်ဖ် ရန်းဂနစ် အနေနဲ့ တစ်ဆင့်တက်သင့်ပါတယ် ။ သူ့အနေနဲ့ မက်ဂွားယား ကို အချိန် ခနလောက် အနားပေးပြီး အခြားသူ တစ်ဦး တစ်ယောက်ကို အခွင့်အရေး ပေးသင့်ပါတယ် ” လို့ ဘာဘာတော့ဗ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

ရဲ့လ်ဖ် ရန်းဂနစ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင််းဆီ ရောက်လာခဲ့တဲ့နောက် အသင်းရဲ့ ကစားသမားတွေကို ပွဲထွက် ကစားသမား စာရင်းမှ ချန်လှပ်ဖို့ သိပ်ပြီးတွေဝေတွန့်ဆုတ်ခြင်း မရှိခဲ့ပါဘူး ။ သူဟာ အက်စတွန် ဗီလာ ၊ ဝက်ဖို့ဒ် အသင်းနဲ့ ပွဲတွေမှာ မက်ဂွားယားကို အရံခုံပေါ် ထားခဲ့ဖူးပါတယ် ။

#Sports_Myanmar