ယူနိုက်တက်နည်းပြသစ် ဘယ်သူဖြစ်သင့်လဲဆိုတဲ့အပေါ် အမြင်တူလိုက်ကြပြီဖြစ်တဲ့ ယူနိုက်တက် ဂန္တဝင် နှစ်ဦး

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဂယ်ရီ နဗီးလ် က အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ နည်းပြ ဖြစ်သူ ဒီယေဂို ဆီမြွန်နီ ကို နည်းပြသစ် ဖြစ်စေလိုတဲ့ အသင်းဖော်ဟောင်း ရွိုင်ကိန်းရဲ့ အဆိုကို သဘောတူလိုက်ပါပြီ ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ နည်းပြ ရန်းဂနစ် ကို ရာသီကုန် အထိ ယာယီ နည်းပြ အဖြစ်နဲ့သာ ခန့်အပ်ထားတာကြောင့် ရလဒ်ကောင်းတွေ မယူဆောင်ပေးနိုင်တဲ့ နည်းပြကို ဆက်လက် ခန့်အပ်ရေးထက် နည်းပြသစ် ခေါ်ယူရေးကိုပဲ လုပ်ဆောင်သွားဖို့ ရှိနေပါတယ် ။

ဒီနေရာ အတွက်တော့ အေဂျက်ဇ် အသင်းရဲ့ နည်းပြ ဖြစ််သူ အဲရစ် တန်ဟတ် ၊ PSG အသင်းဆီမှာ ရလဒ်ကောင်းတွေ မယူဆောင်ပေးနိုင်လို့ လမ်းခွဲရနိုင်ခြေ များနေခဲ့တဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းရဲ့ နည်းပြဟောင်း မော်ရီစီယို ပိုချက်တီနို တို့က ဦးစားပေး ဖြစ်နေခဲ့ကြပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်းဟာ ပြီးခဲ့တဲ့ တစ်ပါတ်ကပဲ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကာရိုက််တာ ကောင်းတဲ့ နည်းပြမျိုးကိုသာ လိုအပ်ကြောင်း ၊ ဒီအတွက် ဆီမြွန်နီ ဟာ အသင့်တော်ဆုံး ဖြစ်ကြောင်း သူ့ရဲ့ အမြင်ကို ဖွင့်ဟပြခဲ့ပါသေးတယ် ။

အခုတော့ ယူနိုက်တက်ကို အနိုင်ယူပြီး ချန်ပီယံလိဂ် ပြိုင််ပွဲမှာ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်သွားခဲ့တဲ့နောက် ဂယ်ရီ နဗီးလ် ကလည်း အသင်းဟောင်း အနေနဲ့ ဆီမြွန်နီ ကို ခေါ်သင့်ကြောင်း ၊ ဒါပေမဲ့ သူဟာ အေတီကိုမှာပဲ မြဲနေသူ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ဒီယေဂို ဆီမြွန်နီ ဟာလည်း ဆန်ကာတင် စာရင်းထဲကို ပါဝင်သင့်ပါတယ် ။ ဒါပေမဲ့ သူ့ကို အက်သလက်တီကို မက််ဒရစ် အသင်းကနေ ဆွဲခေါ်ယူနိုင်ဖို့ ဆိုတာက ဘယ်တုန််းကမှ လက်တွေ့မဆန်ခဲ့ဖူးပါဘူး ။ သူဟာ အဲ့ဒီမှာ ထိုင်ခုံ မြဲနေခဲ့သလို ချည်နှောင်ခံနေခဲ့ပါတယ် ”

” ဒါပေမဲ့ သူ့ကို ပရီးမီးယားလိဂ်မှာ မြင်ရရင်တော့ အရမ််းကို ကောင်းမှာပါ ။ အင်္ဂါညကပဲ ဒါကို မြင်ခဲ့ပြီးပါပြီ ။ ကျွန်တော်ကတော့ အဲ့တာကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ဖူးပါတယ် ။ ကျွန်တော် ဗလန်စီယာ အသင်းကို ကိုင်ခဲ့တုန်းက သူ့ရဲ့ အလန်းစား အေတီကို အသင်းကို 2 – 0 နဲ့ ရှုံးခဲ့ဖူးတယ််လေ ”

” အဲ့ဒီတုန်းက အန်တွိုင်းနီ ဂရစ်ဇ်မန်းတောင် ဘာစီလိုနာ အသင်းဆီ မပြောင်းရွှေ့ခဲ့သေးပါဘူး ။ သူဟာ အံ့ဖွယ် နည််းပြကောင်း တစ်ဦးပါ ။ ပွဲစဥ်အပေါ် ချဥ်းကပ်ပုံလည်း အမြဲတမ်း ရက်စက်တတ်ပါတယ် ။ သူက ကြမ်းတမ်းသူ တစ်ဦးပါ ။ ယူနိုက်တက်တို့ ဒီလို နည်းပြမျိုးကို လိုအပ်နေပါတယ် ” လို့ ဂယ်ရီ နဗီးလ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar