ယူနိုက်တက်ဆီ ခေါ်ယူစေလိုတဲ့ နောက်ခံလူ နှစ်ဦးအမည်ကို ထုတ်ပြောလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံလူဟောင််းဖြစ်သူ ရီယို ဖာဒီနန်က လက်ရှိအသင်းကို တိုးတက်စေဖို့ အတွက် PSG အသင်းမှ နောက်ခံလူ မာကွင်ဟိုစ် နဲ့ ဘာစီလိုနာ အသင်းရဲ့ နောက်ခံလူ ရော်နယ် အရူဂျို တို့ကို ခေါ်ယူစေလိုကြောင်း ပြောခဲ့လိုက်ပါတယ် ။

ရဲ့လ်ဖ် ရန်းဂနစ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီ အတွင်းမှာ ခံစစ်ပိုင်း ကစားပုံ သိသိသာသာ ကျဆင်းနေခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲစဥ် 29 ပွဲ ကစားပြီးချိန် ပေးဂိုး 40 အထိတောင် ရှိနေခဲ့ပြီးပါပြီ ။

ဒီရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသင်း ခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွားယား ရဲ့ ကစားပုံဟာ တည်ငြိမ်မှု ကင်းမဲ့နေခဲ့ပြီး အားထားရတဲ့ နောက်ခံလူ ရာဖေးလ် ဗာရန်း ကလည်း ဒဏ်ရာ ပြသနာတွေ ကြုံတွေ့နေခဲ့တာကြောင့် 15 ပွဲသာ ကစားပေးထားနိုင်ခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေတုန််းကတော့ ဘာစီလိုနာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံံးဖို့ နီးစပ်နေတဲ့ နောက်ခံလူ အရူဂျိုကို ခေါ်ယူဖို့ စိတ်ဝင််စားခဲ့ပါသေးတယ် ။ အခုတော့ ဖာဒီနန် က 23 နှစ် အရွယ်် နောက်ခံလူဟာ အသင်းဟောင်းရဲ့ ခံစစ်ကို ပိုကောင်းစေနိုင်လိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

” ကျွန်တော်ကတော့ မာကွင်ဟိုစ် ကို ခေါ်ယူလိုက်မှာပါ ။ ပြီးရင်တော့ ဘာစီလိုနာ အသင်းမှာ ရှိနေတဲ့ ဥရုဂွေးသား (အရူဂျို) ကိုလည်း ခေါ်ယူလိုက်မှာပါ ” လို့ ဖာဒီနန် က ဘယ််သူ့ကို ခေါ်ချင်လဲလို့ မေးတဲ့အခါ ချက်ချင်းဖြေကြားခဲ့လိုက်ပြီး ရုန်းကန်နေရတဲ့ မက်ဂွားယား နဲ့ ပတ်သက်လို့…

” သူ့ကို သေဆုံးစေနေခဲ့တဲ့ အရာက အပါတ်စဥ် အပါတ်တိုင်း ဟယ်ရီ မက်ဂွားယား နဲ့ ပတ်သက်လို့ မေးခွန်းတွေ ထုတ်နေသူ တစ်ဦးမဟုတ် တစ်ဦး ရှိနေခဲ့ကြခြင်း ပါပဲ ။ အဲ့တာကြီးက အရမ်းကို အရုပ်ဆိုးလှပါတယ် ။ ပြီးတော့ နားထောင် ၊ ကျွန်တော်တို့ အားလုံးဟာ ဒီလို အခိုက်အတန့်မျိုး ပိုင်ဆိုင်ခဲ့ဖူးတာချည်းပါပဲ ”

” ကျွန်တော့်ရဲ့ ကစားသမား ဘဝမှာလည်း ဒီလို အခိုက်အတန့်မျိုး ကြုံတွေ့ခဲ့ဖူးပါတယ် ။ ဒါပေမဲ့ အကြိမ် အများစုမှာ ကျွန်တော် ကံကောင်းသွားခဲ့တာချည်းပါပဲ ။ ဟယ်ရီ လည်း အခု အဲ့ဒီလို ခက်ခဲတဲ့ အခိုက်အတန့်မျိုးကို ကြုံနေရတာပါ ။ တစ်စုံတစ်ခုတော့ မှားယွင်းနေတာ အမှန်ပါပဲ ”

” အမှားကျူးလွန်တဲ့အခါတွေမှာလည်း သူဟာ ဒဏ်ခတ်ခံခဲ့ရပြီး အဲ့တာချည်း မကြာခန ဖော်ပြခံနေခဲ့ရပါတယ် ။ ကျွန်တော့်ရဲ့ ကစားသမား ဘဝမှာလည်း အမှား ကျူးလွန််ခဲ့ဖူးပါတယ် ။ ဒါပေမဲ့ သူတို့ ဂိုးမသွင်းနိုင်ခဲ့ကြပါဘူး ။ ကျွန်တော့်ဆီက လွတ်သွားတဲ့ အလုံးတွေကို ဂိုးသမားက ကာကွယ်လိုက်တာ ၊ ဗီဒစ် က ဖျက်ထုတ်လိုက်နိုင်တာချည််းပါပဲ ”

” အခု အသင်းမှာ အဲ့တာတွေ ဖြစ်နေခဲ့ပါတယ် ။ သူတို့တွေ နည်းနည်းလောက် ကံကောင်းဖို့လိုအပ်နေကြတာပါ ။ ဟယ်ရီ မက်ဂွားယား အနေနဲ့လည်း ဒီလို ဆိုးရွားတဲ့ ပုံစံကနေ လွတ်မြောက်ဖို့ ၊ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ ကံကောင်းခြင်း အနည်းငယ် လိုအပ်နေတာပါ ” လို့ ဖာဒီနန် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar