” ယူနိုက်တက်က ကျွန်တော့် ဘဝပါ ” လို့ ပြောရင်း သူ့ရဲ့ ရည်မှန်းချက်ကို ဖွင့်​ဟလိုက်တဲ့ ဂျက်စတမ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဂျက်စတမ်း ကတော့ သူဟာ ယူနိုက်တက် အသင်းဆီ နည်းပြ (သို့) နည်းပြ အဖွဲ့ဝင် တစ်ဦး အဖြစ် ပြန်လာလိုကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ အချိန်မှာ ယာယီ နည်းပြ ရဲ့လ်ဖ် ရန်းဂနစ်ရဲ့ နေရာကို အစားထိုးဖို့ အတွက် နည်းပြသစ် ရှာဖွေနေပြီး ဒီနေရာအတွက်တော့ PSG နည်းပြ ပိုချက်တီနိုနဲ့ အေဂျက်ဇ် နည်းပြ အဲရစ် တန်ဟတ် တို့က သတင်းကြီးနေခဲ့ကြပါတယ် ။

အခြားတဖက်မှာတော့ ဇနက်ဒင်း ဇီဒန်း ၊ ဒီယေဂို ဆီမြွန်နီ တို့ကို နည်းပြသစ် ဖြစ်စေလိုသူတွေ ရှိကြပေမဲ့ လက်ရှိ အချိန်မှာတော့ ယူနိုက်တက် နဲ့ အင်တာဗျူးခဲ့ပြီ ဖြစ်တဲ့ အေဂျက်ဇ် နည်းပြ အဲရစ် တန်ဟတ် ကပဲ ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစား နေခဲ့ရပါတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ ယူနိုက်တက် ကစားသမားဟောင််းဖြစ်တဲ့ ဂျက်စတမ်း ကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်လာလိုကြောင်း ဒဲ့ဖွင့်ဟလိုက်ပြီး နည်းပြသစ် ဖြစ်လာသူနဲ့ အလုပ် လက်တွဲလုပ်ဖို့ အသင့်ရှိ နေကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

” အကယ်လို့ သူတို့သာ မန်နေဂျာ ၊ နည်းပြ ရာထူး အတွက်် ကမ်းလှမ်းဖြစ်ကြမယ်ဆိုရင် ကျွန်တော်ဟာ သေချာပေါက်် လက်ခံလိုက်မှာပါ ။ ဒီအတွက် သံသယ ဖြစ်စရာ အကြောင်းကို ရှိမနေပါဘူး ။ ယူနိုက်တက် က ကျွန်တော့် ဘဝပဲ ဆိုတာ ခင်ဗျားတို့ သိနှင့်ပြီးသားပဲလေ ”

” ကျွန်တော်ဟာ အဲ့ဒီမှာ ခမ်းနားတဲ့ ဘောလုံး ရာသီတွေ ပိုင်ဆိုင်ထားခဲ့သလို ဆုဖလားတွေလည်း ဆွတ်ခူးထားနိုင်ခဲ့ပါတယ် ။ ဒီအသင်းက ကျွန်တော့် အတွက် အရမ်းကို အရေးကြီးတဲ့ အသင်းပါ ။ ဘယ်လို နည်းလမ်းနဲ့ ဖြစ်ဖြစ်် ကျွန်တော့် အသင်းကို ကူညီနိုင်မယ်ဆိုရင် လုပ်ပျော်ပါပြီ ”

” သူတို့က ကျွန်တော့်ဆီ လာပြီး ခေါ်မှာ မဟုတ်ဘူး ဆိုတာတော့ သိပြီးသားပါ ။ ဒါပေမဲ့ အခြားသော role တွေကိုလည်း ရွေးချယ်လို့ ရနိုင်ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကစားပေးဖူးတဲ့ ကစားသမားတိုင်းက အသင်းကို ကူညီပေးဖို့ စိတ်အားထက်သန်နေကြလိမ့်မယ်လို့ ကျွန်တော် တွေးပါတယ် ”

” ကျွန်တော် ပြောခဲ့သလိုပါပဲ ၊ ဒါဟာ စိတ်ဝင်စားစရာ ဖြစ်နေမှာပါ ။ အသင်းပိုင်ရှင်တွေ ၊ နည်းစနစ် ဒါရိုက်တာတွေ နဲ့ ရောက်လာတဲ့ နည်းပြတွေက ဘယ်သူ့ကို လက်ထောက်် နည်းပြ အဖြစ် ခေါ်ချင်ကြမလဲဆိုတာ အဓိကကျနေပါလိမ့်မယ် ” လို့ ဂျက်စတမ်း က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar