ယူကရိန်း နဲ့ အတူ ရပ်တည်ကြောင်း ပြသမယ့် အစီအစဉ်တွေကြောင့် ဒီတစ်ပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို မပြသဖို့ စီစဉ်နေတဲ့ တရုတ်

ဒီတစ်ပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကို ယူကရိန်း ပြည်သူတွေ နဲ့ တစ်သားတည်း ရပ်တည်ကြောင်း ထုတ်ဖော်ပြသမယ့် အစီအစဉ်တွေ နဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အဲဒီ အစီအစဉ်တွေကြောင့် တရုတ် က ဒီတစ်ပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ သူ့နိုင်ငံအတွင်း ပြသဖို့ အစီအစဉ်ကို ပယ်ဖျက်ဖို့ ပြင်ဆင်လျှက် ရှိနေပါတယ်။

တရုတ်ဟာ EU နဲ့ UK တို့က ရုရှား အပေါ် စီးပွားရေး ဆိုင်ရာ ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်နေမှုကို လူသိရှင်ကြား ရှုတ်ချထားပြီး ၊ အမေရိကား နဲ့ သူ့ရဲ့ မဟာမိတ် နိုင်ငံတွေကိုလဲ ပြစ်တင် ဝေဖန်မှုတွေ ဆက်တိုက် လုပ်ဆောင်ထားပါတယ်။

လက်ရှိ အချိန်မှာတော့ သူတို့ဟာ ပူတင် ရဲ့ လုပ်ရပ်ကို ထောက်ခံတဲ့ အနေနဲ့ ဒီတစ်ပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ပြသခြင်း မရှိဖို့ ရုပ်သံ မူပိုင်ခွင့် ဝယ်ယူ ထုတ်လွှင့်သူ iQIYI က ပြင်ဆင်နေပါတယ်။

ပရီးမီးယားလိဂ် အသင်း 20 လုံး က အသင်းခေါင်းဆောင်တွေ ဟာ ယူကရိန်း အလံ ကာလာ နဲ့ အထူးပြုလုပ်ထားတဲ့ ကက်ပတိန် လက်ပတ်တွေကို ဆင်မြန်းသွားမှာ ဖြစ်ကာ ၊ ပွဲ စတင်မီ အချိန်မှာလဲ ယူကရိန်း ပြည်သူတွေ နဲ့ အတူ တစ်သားတည်း ရပ်တည်ကြောင်း ဖော်ပြတဲ့ အခိုက်အတန့်မှာ ပရိသတ်တွေ ၊ ကစားသမားတွေ ၊ မန်နေဂျာတွေ နဲ့ ဒိုင်လူကြီးတွေပါ ပါဝင် ပူးပေါင်းပေးကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ကွင်းအတွင်းမှာ ရှိတဲ့ Screen အကြီးကြီးတွေမှာလဲ အဝါရောင် နောက်ခံ ကာလပေါ်မှာ အပြာရောင် စာသားနဲ့ ရေးသားထားတဲ့ “ Football Stands Together” စာတန်း ကို ပြသထားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကွင်းဘေးက LED Perimeter boards တွေမှာလဲ အဲဒီ စာသားကို စနေနေ့ အစောပိုင်း ပွဲစဉ်က စလို့ ၊ တနင်္လာနေ့ နောက်ဆုံး ပွဲစဉ် အထိ ဆက်တိုက် ဖော်ညွှန်းသွားမှာပါ။

မကြာခင်က ထုတ်ပြန်ခဲ့တဲ့ တရားဝင် ကြေငြာချက်မှာတော့ “ ပရီးမီးယားလိဂ် နဲ့ ကလပ် အသင်းတွေ အားလုံးဟာ ကိုယ်ချင်းစာစိတ် အပြည့်နဲ့ ရုရှား ရဲ့ လုပ်ဆောင်နေမှုတွေကို ငြင်းပယ်ကြမှာပါ။ တစ်ချိန်တည်းမှာ ယူကရိန်း နဲ့ အတူတူ ရပ်တည်တဲ့ အကြောင်း ဒီတစ်ပတ်လုံးမှာ ကစားမယ့် ပွဲစဉ်တွေမှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ကျနော်တု့ိ အနေနဲ့ ငြိမ်းချမ်းရေး အမြန်ရဖို့ တိုက်တွန်းသလို ၊ ထိခိုက် ခံစားရတဲ့ သူတွေ အားလုံး နဲ့ ထပ်တူ ရပ်တည်ကြောင်းလဲ ပြောချင်ပါတယ်” လို့ ဖော်ပြသွားခဲံ ပါတယ်။

တစ်ချိန်တည်းမှာပဲ Anti-War ၊ ယူကရိန်း ကို ထောက်ခံတဲ့ စာတန်းတွေ နဲ့ ယူကရိန်း နိုင်ငံ အလံတွေကိုပါ ကွင်းအတွင်းမှာ လွှင့်ထူခွင့် ပေးသွားမှာပါ။

တရုတ် ဟာ ရုရှား နဲ့ ဆက်ဆံရေး ကောင်းတွေ ရှိတဲ့ အပြင် ၊ ယူကရိန်း နဲ့လဲ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ လ အတွင်းမှာတင် သမ္မတ ရှီကျင့်ပင် က ယူကရိန်း နဲ့ အကြား သံတမံ တည်ထောင်မှု နှစ်ပေါင်း 30 ပြည့်မြောက်တဲ့ အထိမ်းအမှတ် အဖြစ် မိန့်ခွန်းစကား ခြွေခဲ့ပါသေးတယ်။

သို့သော် ဒီတစ်ပတ် ကုလ အထွေထွေညီလာခံမှာ ကျင်းပခဲ့တဲ့ “ရုရှား တပ်တွေ ယူကရိန်း မြေပေါ်က အပြီးအပိုင် ပြန်လည် ရုပ်သိမ်းရေး အဆိုမှာတော့” တရုတ် ဟာ ကြားနေ မဲမပေးခဲ့တဲ့ 35 နိုင်ငံမှာ ပါဝင်ခဲ့ပါတယ်။

တရုတ် ကိုယ်စားလှယ်ကတော့ နိုင်ငံတစ်ခု ရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် နဲ့ အချုပ်အချာအာဏာ ကို လေးစားမှု အပြည့်ရှိရမယ်လို့ မှတ်ချက်ပေးထားပြီး ၊ မျက်နှာချင်းဆိုင် တွေ့ဆုံ အဖြေရှာတဲ့ နည်းလမ်း နဲ့ အဖြေကြဖို့ ဆက်လက် တိုက်တွန်းနေဆဲ ဖြစ်ပါတယ်။

SM